2/10/2015

♪ နောက်ဘက်ကင်မရာ နှစ်လုံးပါဝင်သည့် Huawei Honor 6 Plus ဈေးကွက်ဝင်မည် ♫


နောက်ဘက်တွင် 8MP အမျိုးအစား ကင်မရာနှစ်လုံး တပ်ဆင်ထားသည့် Huawei Honor 6 Plus ကို မကြာမီ ပြည်တွင်းဈေးကွက်၌ ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း အဆိုပါ Honor 6 Plus တွင် လုပ်ဆောင်ချက် ပိုင်း မြန်ဆန်ကောင်းမွန်သည့် Huawei ၏ကိုယ်ပိုင် Kirin 952 Chipset ကိုအသုံးပြုထားကြောင်း သိရသည်။

“ ဈေးကွက်ထဲကို ၂လပိုင်း ၁၀ရက်လောက်မှာရောက်ပါမယ်။ သူ့မှာ နဂိုထက်လုပ်ဆောင်ချက် ပိုမိုမြန် ဆန်အောင် ဖန်တီးထားတဲ့ Huawei ရဲ့ ကိုယ်ပိုင် Chipset ကိုအသုံးပြုထားပါတယ်။ နောက်ကင်မရာက 8MP နှစ်လုံးပါ။ ရှေ့ဘက်ကလည်း 8MP နဲ့ပါ။ 16GB နဲ့ 32GB ဆိုပြီး နှစ်မျိုးဝင်မှာပါ “ ဟု Huawei Myanmar မှတာဝန်ရှိသူ တစ်ဦးက ပြောသည်။

Honor 6 Plus သည် မြင်ကွင်းအကျယ် ၅.၅ လက်မရှိကာ Cortex-A15 နှင့် Cortex-A7 အမျိုးအစား Quad-Core CPU နှစ်လုံးကို အသုံးပြုထားသည့် Octa-Core အမျိုးအစားဖုန်းဖြစ်ပြီး 3GB RAM နှင့် သိုလှောင်မှုပမာဏကို 128GB အထတိုးမြှင့် အသုံးပြုနိုင်မည်ဖြစ်သည်။ Android OS 4.4.2 (KitKat) ကိုထည့်သွင်းထားပြီး 3,600mAh အမျိုးအစား ဘက်ထရီကို အသုံးပြုထားကြောင်းသိရသည်။

Internet Journal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com