2/10/2015

♪ Xiaomi က Redmi 2 ကို 2GB RAM, 16GB Storage ဖြင့် အဆင့်မြှင့် ရောင်းချ ♫


တရုတ်စမတ်ဖုန်း ထုတ်လုပ်သူ ရှောင်မီက ယခုလအစောပိုင်းတွင် ကြေညာခဲ့သော 1GB RAM , 8GB Storage ပါရှိသည့် Redmi 2 ကို 2GB RAM, 16GB Storage ဖြင့် အဆင့်မြှင့် ရောင်းချပေးလိုက်ပါသည်။

ရှောင်မီ၏ စီအီးအို ဖြစ်သူက တရုတ် လူမှုကွန်ရက် Weibo တွင် အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။ အခြား Specification များမှာ ပြောင်းလဲခြင်း မရှိဘဲ Redmi 2 အသစ်တွင် ၄.၇ လက်မ HD Display တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၃၁၂ ဖြစ်ပါသည်။ Android 4.4 KitKat နှင့် MIUI 6 ကို တွဲဖက် အသုံးပြုထားပါသည်။

64-bit 1.2GHz Qualcomm Snapdragon 410 Processor ထည့်သွင်းထားပါသည်။ အနောက်ဘက်တွင် 8MP Camera နှင့် အရှေ့ဘက်တွင် 2MP Camera တပ်ဆင်ထားပါသည်။ 32GB အထိ ၀င်ဆန့်သော microSD Card ကို ထည့်သွင်းနိုင်ပါသည်။

4G LTE ကို အထောက်အပံ့ပေးပြီး အ၀ါ၊ ပန်း၊ အစိမ်း၊ အဖြူနှင့် အနက်ရောင်များ ထုတ်လုပ်ပေးထားပါသည်။ 2200mAh Battery ပါရှိပါသည်။ ရှောင်မီက အဆင့်မြှင့်ထားသော Redmi 2 ၏ ဈေးနှုန်းကို ကြေညာခြင်းမရှိသေးသော်လည်း မူလအမျိုးအစား၏ ဈေးနှုန်း ဖြစ်သည့် တရုတ်ယွမ် ၆၉၉ ( ဒေါ်လာ ၁၁၀) ထက် ကြီးမြင့်မည် ဖြစ်သည်။

Credit: Search Myanmar 
Ref: Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com