2/18/2015

♪ Aquaris E4.5 Ubuntu စမတ်ဖုန်းကို ရောင်းချမည် ♫

1

Canonical က Aquaris E4.5 Ubuntu Edition ဟု အမည်ပေးထားသော စမတ်ဖုန်းကို ရောင်းချ မည်ဟု ကြေညာပါသည်။

စမတ်ဖုန်းတွင် ၄.၅ လက်မ 540×960 QHD Display ထည့်သွင်းထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၂၄၅ ဖြစ်ပါသည်။ 1.3GHz MediaTek Quad-Core Processor နှင့် 1GB RAM ဖြင့် မောင်းနှင်မည် ဖြစ်သည်။ Autofocus ပါရှိပြီး 1080p Video များကို ရိုက်ကူးနိုင်သော 8MP ကင်မရာကို အနောက်ဘက်တွင် တပ်ဆင်ထားပြီး မျက်နှာချင်းဆိုင်တွင် 5MP Camera ပါရှိပါသည်။ 8GB Storage , 2150mAh Battery ပါရှိပြီး Dual-SIM အသုံးပြုနိုင်ပါသည်။

Aquaris E4.5 Ubuntu Edition ၏ ထူးခြားချက်မှာ Software အပိုင်းတွင် ဖြစ်ပြီး Scopes ဟု အမည်ပေးထားသော Smartphone UI ကို မောင်းနှင်မည် ဖြစ်သည်။ Scope သည် Apps များအစား Home Screen တွင် အရင်းအမြစ်များစွာမှ သတင်းအချက်အလက်များကို ပြသပေးမည် ဖြစ်သည်။ ဥပမာ အားဖြင့် မတူညီသော Channel များစွာမှ သီချင်းများကို Screen တစ်ခုတည်းတွင် ပြသပေးနိုင်ပါသည်။ YouTube ကို အသုံးပြုမှုများလျှင် Screen တစ်ခုတွင် YouTube Video များကိုသာ ပြသပေးရန် သတ်မှတ်ထားနိုင်ပါသည်။

Ubuntu User များကို ဦးစွာ ရောင်းချပေးမည် ဖြစ်ပြီး ထို့နောက်တွင် ဥရောပရှိ စားသုံးသူများသို့ အွန်လိုင်းမှ အချိန် အကန့်အသတ်ဖြင့် ရောင်းချပေးမည် ဖြစ်သည်။ ရောင်းချမည့် နေ့ရက်နှင့် အချိန်ကို Ubuntu ၏ လူမှုကွန်ရက်များမှ ကြေညာမည် ဖြစ်သည်။ ထို့နောက်တွင်မှ တစ်ကမ္ဘာလုံးသို့ ရောင်းချပေး မည်ဟု သိရပါသည်။

Aquaris E4.5 Ubuntu Edition ကို ယူရို ၁၇၀ ( စတာလင်ပေါင် ၁၂၇) သတ်မှတ်ထားပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com