2/18/2015

♪ Meizu က ဇန်န၀ါရီလတွင် စမတ်ဖုန်း အလုံးရေ ၁.၅ သန်းရောင်းချရ ♫

MEIZU-MX-Quad-core1

တရုတ်စမတ်ဖုန်း ထုတ်လုပ်သူ Meizu က ဇန်န၀ါရီလတွင် စမတ်ဖုန်း အလုံးရေ ၁.၅ သန်း ရောင်းချ ရပါသည်။ Meizu ၏ CEO ဖြစ်သူ Jack Wong က တရုတ်လူမှုကွန်ရက် Weibo တွင် အောင်မြင်မှု ကို ကြေညာခဲ့ခြင်း ဖြစ်ပါသည်။

Jack Wong သည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ကုမ္ပဏီသည် လစဉ် စမတ်ဖုန်း အလုံးရေ ၁ သန်း ရောင်း ချနေရသည်ဟု ကြေညာခဲ့သည့်အတွက် ယခု ရောင်းအားမှာ ယခင်ထက် ငါးဆယ် ရာခိုင်နှုန်း တိုးတက် လာခြင်း ဖြစ်ပါသည်။

Meizu သည် စွမ်းဆောင်ရည်မြင့် Meizu MX4 , MX4 Pro တို့ကို ထုတ်လုပ်ရောင်းချနေသည့်အပြင် Xiaomi ကို ယှဉ်ပြိုင်ရန် ဈေးနှုန်းသက်သာသည့် Meizu m1 , m1 note တို့ကိုလည်း ဖြန့်ချီနေပါသည်။ မကြာမီက ကြေညာခဲ့သော Meizu m1 သည် တစ်မိနစ်အတွင်း အလုံးရေ တစ်သိန်း ကြိုတင်မှာယူမှုများ ရရှိခဲ့ပါသည်။

ထို့အတွက် Meizu သည် ၂၀၁၅ ခုနှစ်တွင် ပိုမို အောင်မြင်လာနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါ သည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com