2/13/2015

♪ 2G စနစ်ဖြင့် ဆင်းမ်ကတ်ထည့်သုံးနိုင်သော MP-3 Player ♫


ဂဏန်းပေါင်းစက်တစ်လုံးကဲ့သို့ ပုံစံထုတ်ထားပြီး တစ်ကိုယ်ရေ တေးဂီတဖျော်ဖြေပေးနိုင်သော Music Player MP-3 ကို ထပ်မံပြီး အဆင့်မြှင့် ထုတ်လုပ်လိုက်သည့် 2G စနစ်ဖြင့် GSM ဆင်းမ်ကတ်ထည့် သုံးနိုင်သော ဖုန်း ဖြစ်သည်။

MP3 အဓိကဖြစ်ပြီး built in memory 1GB/ 2GB/ 4GB စသည်ဖြင့် ရရှိနိုင်မည် ဖြစ်သည်။ Voice Recorder အဖြစ်သုံးနိုင်ပြီး built in mic ပါဝင်သည်။ MP3 နှင့် WMA Format ဖိုင်များကို အသုံးပြုနိုင် မည် ဖြစ်သည်။ Touch ပုံစံ Keypad Bartype ဖြစ်ပြီး Java စနစ်ဖြင့် ဖုန်း အသုံးပြုနိုင်သည်။

ဖန်စီအရောင် ၅ မျိုး ရွေးချယ်နိုင်ပြီး 2G စနစ် GSM ကတ်ကို ထည့်သုံးသည့် အဓိကရည်ရွယ်ချက်မှာ အင်တာနက်တေးသီချင်းများ Download ပြုလုပ်နိုင်ရန်ဖြစ်သည်ဟု သိရသည်။ ဖွင့်ထားသောသီချင်းခေါင်း စဉ်အပုဒ်နံပါတ် ဖော်ပြပေးသော Display နှင့် သံစဉ် ညှိနှိုင်းနိုင်သည့် 5 mode Equalizer ပါဝင်သည်။ တန်ဖိုးမှာ ကျပ် ၂၂,၀၀၀ ဝန်းကျင်ဖြစ်ပြီး Two Star ဖုန်း - ၀၉-၂၅၄၈၈၇၄၈၈ ၌ ဆက်သွယ် ဝယ်ယူနိုင်မည် ဖြစ်သည်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com