1/05/2015

♪ KEN XIN DA အမှတ်တံဆိပ် မိုဘိုင်းဖုန်းများ ဈေးကွက်ဝင် ♫


KEN XIN DA အမှတ်တံဆိပ်  မိုဘိုင်းဖုန်း မော်ဒယ် ၈ မျိုး ပြည်တွင်း ဈေးကွက်သို့ ဝင်ရောက်လာပြီး အဆိုပါ KEN XIN DA  တံဆိပ်ဖုန်းများအား ရန်ကုန်နှင့် အမြို့မြို့ အနယ်နယ်ရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

"ဒီKEN XIN DA ဖုန်းကို ရှန်ကျန်း (Shenzhen) ကနေ တင်သွင်းဖြန့်ချိတာပါ။ ဒီဖုန်းတွေက အရည်အသွေး မြင့်မားမှုရှိပြီး တန်ဖိုး သင့်တင့်မှုရှိတဲ့ GSM အမျိုးအစား ဖုန်းတွေပါ။ 2G/ 3G နှစ်မျိုးလုံး သုံးနိုင်ပါတယ်။ ဆင်းမ်ကတ် နှစ်ကတ်သုံးတွေပါ။ မြန်မာစာ စနစ်လည်း တစ်ပါတည်း ပါဝင်ပါတယ်။ ဒီဖုန်းတွေကို အာမခံ ၁ နှစ် ပေးထားပါတယ်" ဟု KEN XIN DA မိုဘိုင်းမှ Mr Francis က ပြောသည်။

KEN XIN DA မိုဘိုင်းမှ ၎င်းတို့၏ မိုဘိုင်းဖုန်းများအတွက် ဆားဗစ်စင်တာများကို ရန်ကုန်၌ ၅ ခု၊ မန္တလေး ၃ ခု၊ နေပြည်တော် ၃ ခု နှင့် မော်လမြိုင် ၂ ခု၊ စုစုပေါင်း ၁၃ ခု ဖွင့်လှစ်ထားကြောင်း သိရသည်။ တရုတ်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် KEN XIN DA မိုဘိုင်းအနေဖြင့် Features ဖုန်း၊ စမတ်ဖုန်းများအပြင် နာရီဖုန်းနှင့် OEM solution များကို ထုတ်လုပ်ဖြန့်ချိလျက်ရှိပြီး အင်ဒိုချိုင်းနား၊ အာဖရိက၊ အရှေ့အလယ်ပိုင်း၊ တောင်အမေရိက၊ ရုရှားစသည့် နိုင်ငံပေါင်း ၆၁ နိုင်ငံသို့တင်ပို့ ရောင်းချ လျက် ရှိကြောင်းသိရသည်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com