10/08/2017

♪ “ပိုင်ရှင်ရဲ့ အသက်ကိုကယ်တင်လိုက်တဲ့ iPhone” ♫

No automatic alt text available.

iPhone တစ်လုံးက Las Vegas သေနတ်ပစ်ခတ်မှုမှာပိုင်ရှင် အမျိုးသမီး ရဲ့ အသက်ကို ကယ်တင် လိုက်ပါတယ်။ အမျိုးသမီးဟာဖုန်းကို ဘယ်နေရာ မှာထားရှိခဲ့သလဲဆိုတာကိုတော့ မသိရပါဘူး။ သူမဟာအခင်း ဖြစ်ပွား ပြီးနောက် တက္ကစီဖြင့် အိမ်ပြန်လာစဉ်မှာယာဉ်မောင်းအားသူမရဲ့ ဖုန်းကို ပြသခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီဖုန်းကိုရိုက်ကူးထားတဲ့ ဓါတ်ပုံကိုလည်း တွေ့ရှိရပါတယ်။ ဖုန်းဟာ နှင်းဆီရွှေရောင် iPhone ဖြစ်ပြီးကျည်ဆန်ဟာ ဖုန်းရဲ့ အနောက်ဘက် အောက်ခြေကိုထိမှန်ခဲ့ခြင်း ဖြစ်ပြီးဖောက်ထွင်း မသွားတဲ့အတွက် ပိုင်ရှင်ကိုမထိမှန်ခဲ့ခြင်း ဖြစ်ပါတယ်။

သေနတ်ပစ်ခတ်မှုမှာလူပေါင်း ၅၉ ဦးသေဆုံးခဲ့ပြီး ၅၂၇ ဦးဒဏ်ရာရခဲ့ ပါတယ်။သေနတ်ပစ်သမားဟာ အသက် ၆၄ နှစ်အရွယ် Stephen Paddock ဖြစ်ပြီးသူဟာ Mandalay Bay Hotel & Casino ရဲ့ ၃၂ ထပ်ကနေဂီတပွဲကြည့်နေတဲ့ လူအုပ်ထဲကိုပစ်ခတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဂီတပွဲကြည့်နေတဲ့လူပေါင်း ၂၂၀၀၀ ခန့်ရှိတယ်လို့ သတင်းများကပြော ပါတယ်။

သူဟာ ရဲများဝင်ရောက်လာချိန်မှာ အခန်းတံခါးကိုပစ်ခတ်ခဲ့ပါသေးတယ်။ ဒါပေမယ့် SWAT အဖွဲ့ရောက်လာ ချိန်မှာတော့ သူဟာကိုယ့်ကိုကိုယ် သတ်သေသွားတယ်လို့ သိရပါတယ်။ သူဟာ အနေအေးပြီးယခင်က ပြစ်မှုတစ်စုံတစ်ရာမရှိဖူးသူ ဖြစ်ပါတယ်။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








www.pyaephyo.com