10/08/2017

♪ “သီတင်းကျွတ်မှာလူကြီးမိဘတွေကို ဘယ်လိုအိုင်တီပစ္စည်းတွေနဲ့ ကန်တော့မလဲ” ♫

Image may contain: phone

ဝါလကင်းလွတ်သီတင်းကျွတ်အခါသမယကိုရောက်ရှိလာပါပြီ။ဒီအချိန်မှာ တော့ မြန်မာတိုရဲ့ အစဉ်အလာ အရကိုယ်ရဲ့မိဘများကိုဖြစ်စေ၊သက်ကြီး ၀ါကြီးပုဂ္ဂိုလ်များကိုဖြစ်စေ၊လုပ်ငန်းခွင်ရဲ့ခေါင်းဆောင်အကြီးအကဲများ ကိုဖြစ်စေတလေးတစားကန်တော့ကြပါတယ်။ဒီလိုကန်တော့ကြတဲ့အခါ မှာလူကြီးတွေအတွက်အ၀တ်အစားအသုံးအဆောင်၊စားစရာအဖွယ်ဖွယ်အပြင်IT ပစ္စည်းလေးတွေနဲ့ပါကန်တော့လာကြတာကိုတွေ့ရပါတယ်။ ဒါကြောင့်လူကြီးမိဘတွေကိုကန်တော့ ပန်းဆင်နိုင်စေဖို့အတွက်နောက်ဆုံးပေါ်နည်းပညာအိုင်တီပစ္စည်းလေးတွေကိုလမ်းညွှန်ဖော်ပြပေးလိုက် ပါတယ် . . .

<Huawei P10>

ခရီးသွားရင်ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့လူကြီးတွေအတွက်သင့်တော်တဲ့စမတ်ဖုန်းဖြစ်ပါတယ်။ P10မှာ၅.၁လက်မFull HD Display နဲ့4GB RAM, 64GB Internal Storage, 3200mAh Battery, Android 7.0 တပ်ဆင်ထားပါတယ်။Kirin 960 Processor တပ်ဆင်ထားတဲ့အတွက် Apps များအသုံးပြုခြင်း၊ဗီဒီယိုကြည့်ခြင်းနဲ့HD Games များကစားခြင်းတို့ ပြုလုပ်ရင်စွမ်းဆောင်ရည်အလွန်ကောင်းမွန်ပါတယ်။12MP RGB Sensor နဲ့20MP Monochrome Sensor ၂လုံးကိုအနောက်ဘက်မှာ ပူးတွဲ တပ်ဆင်ထားတဲ့ဒုတိယမျိုးဆက်Leica Dual Camera ပါပါ တယ်။RGB Sensor ကအရောင်စုံရိုက်ကူးပေးနိုင်ပြီးMonochrome Sensor ကအသေးစိတ်ကျစွာဖမ်းယူပေးပါတယ်။Hybrid Zoom စွမ်းရည်ပါတဲ့အတွက်Leica အရည်အသွေးဓာတ်ပုံများကိုFocal Length ကြီးကြီးဖြင့်ရိုက်ကူးပေးပါတယ်။အရှေ့ဘက်မှာ12MP Camera ၁လုံး တပ်ဆင်ထားပါတယ်။သင့်တင့်ကောင်းမွန်တဲ့အရွယ်အစားဖြစ်သည့်3200mAh Battery နဲ့စမတ်ကျတဲ့စွမ်းအင်ချွေတာနည်းပညာကိုသုံးနိုင်မှာပါ။

<Asus Zenfone 3 Zoom>

ရိုးရှင်းတဲ့ဒီဇိုင်းပုံစံကိုကြိုက်နှစ်သက်တဲ့လူကြီးတွေအတွက်ရွေးချယ်သင့်တဲ့စမတ်ဖုန်း ပဲဖြစ်ပါတယ်။ဓာတ်ပုံတွေကိုအရည်အသွေးကောင်းကောင်းနဲ့ရိုက်ကူးနိုင်တာလည်းသူ့ရဲ့အားသာချက်ပါ။Zenfone 3 Zoom ဟာ ၅.၅လက်မFull HD Display ကိုGorilla Glass 5 ဖြင့်ကာကွယ်ထားပါ တယ်။Zenfone 3 Zoom ရဲ့အနောက်ဘက်မှာ12MP ကင်မရာ၂လုံး တပ်ဆင် ထားပြီး၂.၃ဆZoom ဆွဲနိုင်တဲ့Optical Zoom စွမ်းရည်ပါပါ တယ်။4K Video များကိုရိုက်ကူးနိုင်ပြီးဝ.၀၃စက္ကန့်အတွင်းမှာAutofocus လုပ်နိုင်ပါတယ်။ပရိုဆက်ဆာပိုင်းအတွက်Snapdragon 625 chip၊ ဘက်ထရီပိုင်းဆိုင်ရာအတွက်တော့5000mAh စွမ်းအားနဲ့ဖြစ်ပြီးAndroid 6.0 Marshmallow ထည့်သွင်းထားပါတယ်။

<Xiaomi Mi A1>

နောက်ဆုံးပေါ်စမတ်ဖုန်းလည်း ဖြစ်ရမယ်ဈေးလည်းသက်သာရမယ် ဆိုရင်တော့Mi A1ဟာ လက်ဆောင်ပေးသင့်တဲ့ဖုန်းတစ်လုံး အဖြစ်ညွှန်းဆို ချင်ပါတယ်။မျက်နှာပြင်အပိုင်း မှာတော့ ၅.၅လက်မ ရှိမှာဖြစ်ပြီးLTPS IPS နည်းပညာကိုသုံးထားပါတယ်။ပရိုဆက်ဆာကတော့Snapdragon 625 ဖြစ်ကာOcta-Core CPU ရဲ့အမြန်နှုန်းကတော့2.0GHzရှိမှာဖြစ်ပါ တယ်။ကင်မရာပိုင်းမှာတော့Dual-Camera စွမ်းဆောင်ချက်နဲ့ဖြစ်ပြီး တယ်လီပိုတိုLens ဟာ2x zoom အထိလုပ်ဆောင်နိုင်ပါလိမ့်မယ်။ ဒါ့အပြင်Portraits mode နဲ့ပါရိုက်ကူးနိုင်ပါလိမ့်မယ်။ကင်မရာရဲ့ လုပ်ဆောင်ချက်တွေအနေနဲ့Dual 12MP(26mm, f/2.2;50mm, f/2.6) နဲ့ဖြစ်ပါတယ်။အရှေ့ဘက်ကင်မရာကိုတော့လက်ရှိနောက်ဆုံးပေါ် စမတ်ဖုန်းတွေလိုအရမ်းကောင်းတာကြီးမသုံးထားဘဲ5MP သာသုံးထားပါ တယ်။ဘက်ထရီစွမ်းအား ကတော့ Li-ion 3080mAh ဖြစ်ပြီးUSB Type-C အမျိုးအစားနဲ့ပါ။အချက်အလက်သိုလှောင်နိုင်စွမ်း အတွက်ကတော့64GB ကို4GB RAM နဲ့မြင့်တင်ထားပါတယ်။

<Nokia 3310 (2017)>

တချို့သောလူကြီးတွေဟာထိတွေ့မျက်နှာပြင်နဲ့စမတ်ဖုန်းသုံးတာထက် စာရင်ဖုန်းခေါ်ဆိုမှုအတွက်keypad ဖုန်းလေးတွေကိုပိုမိုခင်တွယ်လေ့ရှိပါ တယ်။Nokia 3310 ဟာ2G Network အမျိုးအစားဖြစ်ပါတယ်။Nokia 3310 မှာ၂.၄လက်မQVGA Display တပ်ဆင်ထားပါတယ်။2MP Camera နဲ့microSD Card Slot ပါပါတယ်။Keypad Phone ဖြစ်ပြီး ဘက်ထရီသက်တမ်းမှာဖုန်းပြောရင်၂၂နာရီနဲ့Standby အသုံးပြုရင် တစ်လ အသုံးခံပါတယ်။ဖုန်းထဲမှာContact ပေါင်း၂၀၀၀ထိမှတ်နိုင်ပြီး မှတ်ဥာဏ်သိမ်းဆည်းနိုင်တဲ့ပမာဏကတော့16MB ဖြစ်ပြီးMicro SD ကိုလည်3း2GB ထိတိုးမြှင့်သုံးစွဲနိုင်ပါတယ်။ဟိုးအချိန်တုန်း ကနိုကီယာ ဖုန်းတွေကိုနှစ်သက်တဲ့လူကြီးတွေအတွက်သင့်တော်တဲ့ဖုန်းလေးတစ်ခုလို့ဆိုနိုင်ပါတယ်။

<Gionee M5>

လူကြီးတချို့ကတော့ဘက်ထရီသက်တမ်းတာရှည်ခံတဲ့ဖုန်းတွေ ကိုနှစ်သက်ကြပါတယ်။ခရီးသွားလာရင်းဖြစ်စေ၊ရုံးလုပ်ငန်းတွေလုပ်နေ ရင်ဖြစ်စေဖုန်းကိုခဏခဏအားသွင်းရတာစိတ်ကုန်စရာပါ။Marathon M5 ရဲ့Display ကတော့AMOLED ဖြစ်ပြီး၅.၅လက်မှာBlack Screen အပြည့် သုံးစွဲတာဖြစ်ပြီး၆လက်မအပြည့်ကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။Privacy Protection လုပ်ဆောင်ချက်၅ခုကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။အသံပိုင်း ဆိုင်ရာ အတွက်ဆိုရင်ကြည်လင်ပြတ်သားတဲ့အသံစွမ်းဆောင်ရည်ကို ရရှိနိုင်စေဖို့အတွက်HiFi, smart PA, DTS အသံစနစ်တွေကိုရရှိနိုင် မှာဖြစ်ပါတယ်။အဓိကကင်မရာဟာ13MP ဖြစ်ပြီး၊HDR mode သုံးပြီး ရိုက်မယ်ဆိုရင်တော့စိုပြည်ပြီးအရောင်စိုတဲ့ပုံတွေကိုရပါလိမ့်မယ်။ Gionee M5 မှာQuad-Core 1.3 GHz ပရိုဆက်ဆာကိုသုံးစွဲနိုင်မှာဖြစ် ပါတယ်။RAM ကတော့3GB ထောက်ပံ့ပေးထားပါတယ်။ဘက်ထရီ ကိုပြန်လည် အားဖြည့်သွင်းတဲ့အခါမှာ မြန်ဆန်စွာအားပြည့် သွားစေမယ့် Fast Charge နည်းပညာသုံးနိုင်ပါတယ်။အချက်အလက်များကို သိမ်းဆည်းနိုင်ဖို့အတွက်32GB ပါရှိပါတယ်။



သက်ပိုင်

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








www.pyaephyo.com