10/03/2017

♪ iOS 11 ကို Update လုပ်ပြီးနောက် Apps များ နှေးကွေးမှုများ ဖြစ်ပေါ်နေ ♫


iOS 11 ကို အဆင့်မြှင့်ပြီးနောက်မှာ iPhones များမှာ ပြဿနာများ ဖြစ်ပွားနေတယ်လို့ Users များက သတင်းပို့ထားကြပါတယ်။ iPhone Users အချို့က ဖုန်း စွမ်းဆောင်ရည် ကျဆင်းသွားတယ်လို့ ပြောပါတယ်။
အချို့ကလည်း ဘက်ထရီ သက်တမ်း လျော့နည်းသွားတယ်လို့ ပြောပါတယ်။ App များ အသုံးပြုရတာလည်း လေးလံလာတယ်လို့ Reddit မှာ ရေးသားထားကြပါတယ်။ အများစုကတော့ App များဖွင့်ရင် အချိန်ကြာမြင့်နေပြီး Crash ဖြစ်သွားတယ်လို့ ပြောကြပါတယ်။ 

“ iOS 11 ကို အဆင့်မြှင့်ပြီးနောက်မှာ Apps များကို ဖွင့်ရတာ ခက်ခဲလာပါတယ်။ Safari, Reddit, ESPN, Yahoo, Texts အပါအ၀င် အားလုံးကို ဖွင့်ရင် ပြဿနာ ဖြစ်နေပါတယ်။ Crash ဖြစ်ပြီး Home Screen ကို ပြန်ရောက်သွားခြင်း၊ Freeze ဖြစ်ခြင်းနဲ့ App ကိုတောင် ပိတ်ရခြင်းများ ဖြစ်နေပါတယ်။ တစ်ခါတစ်လေ App ပွင့်လာဖို့အတွက် ၁ မိနစ်လောက် စောင့်လိုက်ရပါတယ်။ iOS 11 မတင်ခင်မှာ ကျွန်တော့် iPhone 7 Plus မှာ ဘာပြဿနာမှ မရှိပါဘူး။ “ လို့ iPhone User တစ်ယောက်က ပြောပါတယ်။ 

အခြားတစ်ယောက်က “ Apps တွေဟာ အလုပ်လုပ်တာ နှေးကွေးသွားပါတယ်။ Snapchat ကလည်း Notifications ကနေ ဖွင့်ရင် ကောင်းကောင်း အလုပ်မလုပ်တော့ပါဘူး။ Music App ကလည်း Crash ဖြစ်နေပြီး တစ်ပတ်မှာ အကြိမ်အနည်းငယ် ဖုန်းကို Reboot လုပ်နေရပါတယ်။ ဘက်ထရီ သက်တမ်းကလည်း ကျဆင်းသွားပါတယ်။ “ လို့ ရေးသားထားပါတယ်။ 

ဒါပေမယ့် iOS 11 ကို အဆင့်မြှင့်ပြီးနောက်မှာ ပြဿနာများ မဖြစ်တဲ့ Users များလည်း ရှိပါတယ်။ အဲဒီအတွက် iOS 11 ကို အဆင့်မမျြင့်ခင်မှာ Apps များကို အရင်ဆုံး အဆင့်မြှင့်ထားခြင်း၊ Compatible မဖြစ်တဲ့ Apps များကို စစ်ဆေးခြင်းများ ပြုလုပ်ထားသင့်ပါတယ်။ iOS 11 ကို အဆင့်မြှင့်ပြီးလို့ ပြဿနာ ဖြစ်နေတဲ့ လူများအတွက် Apple ရဲ့ ပြဿနာဖြေရှင်းပေးတဲ့ Update ကို စောင့်ဆိုင်းရမှာပါ။



Credit to ==> DigitalTimes.com.mm




www.pyaephyo.com