10/04/2017

♪ Xiaomi Redmi Note 5 ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ ♫


Xiaomi က Redmi Note 5 ကို ဖန်တီးနေပြီး အခုတော့ သူ့ရဲ့ ဓါတ်ပုံများ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ ယခင်ထွက်ပေါ်ခဲ့တဲ့ သတင်းများ အတိုင်းပဲ Redmi Note 5 ရဲ့ အနောက်ဘက်မှာ ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ 16 Megapixel Main Camera နဲ့ 5 Megapixel Secondary Camera တို့ ဖြစ်ကြပြီး ထူးခြားတဲ့ Effects များကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ 13 Megapixel Selfie Camera ကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။ 

ထူးခြားချက်တစ်ခုက Redmi Note 5 ရဲ့ အထက်နဲ့အောက် ရှိ မျက်နှာပြင်ဘေးဘောင်များကို ယခင် Redmi Note ဖုန်းများမှာထက် ပါးလွှာအောင် ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ ယခုနှစ်ထုတ် Full Screen Display များကို တုပထားခြင်း ဖြစ်ပါတယ်။ မျက်နှာပြင် အရွယ်အစားကတော့ ၅.၅ လက်မ ဖြစ်ပြီး Full HD Display ဖြစ်ပါတယ်။ 

ရှောင်မီက Redmi Note 5 အတွက် မော်ဒယ်များစွာ ထုတ်လုပ်ပေးထားမယ်လို့ သိရပါတယ်။ 3GB RAM or 4GB RAM နဲ့ 32GB or 64GB Storage များ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Snapdragon 630 or 660 Chipset ထည့်သွင်းထားနိုင်ပါတယ်။ QuickCharge 3.0 ပါတဲ့ 3790mAh Battery ကို Redmi Note 5 မှာ ထည့်သွင်းထားမှာ ဖြစ်ပြီး Redmi Note 4 ရဲ့ 4100mAh Battery ထက် အားနည်းပါတယ်။ 

Redmi Note 5 မှာ သတ္တုကိုယ်ထည် တပ်ဆင်ထားပြီး လက်ဗွေရာ အာရုံခံ ကိရိယာကို အနောက်ဘက်မှာ အထိုင်ချထားပါတယ်။ USB Type-C Port တပ်ဆင်ပေးထားပါတယ်။




Credit to ==> DigitalTimes.com.mm




www.pyaephyo.com