10/03/2017

♪ " Huawei မှ Nova 2i စမတ်ဖုန်းကို စတင်ထုတ်လုပ် " ♫

Image may contain: phone and text

Huawei ဖုန်းအသစ် Nova 2i ကို မလေးရှား Vmall, official Online Store တွင် တွေ့ရှိခဲ့ရကြောင်း သိရသည်။ Nova 2i တွင် Full View Display ပါဝင်ပြီး ကင်မရာ 4 ခုပါဝင်ကာ ယခင်ကထုတ်လုပ်ထားသည့် Huawei Nova 2 နှင့် Huawei Nova 2 Plus တို့နှင့်လည်း များစွာဆင်တူခြင်းမရှိကြောင်း တွေ့ကြရသည်။

Huawei Nova 2i တွင် kirin 659 chipset ကိုသုံးစွဲထားပြီး Octa-Core CPU ဖြစ်သည်။ RAM 4GB ပါဝင်ပြီး ဖုန်းတွင်းသိုလှောင်နိုင်စွမ်းမှာ 64GB ဖြစ်သည်။ Screen မှာ 8.9 ဖြစ်ပြီး Huawei မှ Resolution ကို ကြေညာထားခြင်း မရှိချေ။ အပေါ်ပိုင်းတွင် ကင်မရာနှစ်ခုကို မြင်နိုင်ပြီး Selfie အတွက် 13MP+2MP ကင်မရာနှစ်ခုကို တွေ့ရမည်ဖြစ်သည်။ ကျောဘက်တွင်လည်း ကင်မရာနှစ်ခုပါဝင်ပြီး 16MP+2MP Sensor များဖြစ်ကြကာ Fingerprint Sensor ကိုလည်း ကျောဘက်တွင် တွေ့ရသည်။ 

LED Flash ကို အင်တာနက်နေရာတွင် ထည့်ပေးထားသည်။ 3340 mAh ဘက်ထရီပါဝင်ပြီး Nova 2i တွင် Android 7.0 Nougat အား EMUI 5.1 ဖြင့် သုံးစွဲထားသည်။ ဖုန်းသုံးစွဲရာတွင် ပိုမိုလွယ်ကူစေမည့် Gesture များကိုလည်း ထည့်သွင်းပေးထားသည်။



မိုးထက်

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








www.pyaephyo.com