10/04/2017

♪ အူရီဒူးမြန်မာမှ သီတင်းကျွတ်ကာလ အထိမ်းအမှတ်အနေနဲ့ နှုန်းထားများကို ပြောင်းလဲသတ်မှတ် ♫


ဖလန်းဖလန်းဒေတာနဲ့  ရွှန်းရွှန်းဝေအစီအစဉ်ဖြင့် ဖုန်းခေါ်ဆိုခြင်းအတွက် အဓိကကျတဲ့ အသုံးပြုခ နှုန်းထားတွေကို ပိုမိုကောင်းမွန်စေဖို့အတွက် ပြုလုပ်ပေးသွားမယ်လို့ အူရီဒူးမြန်မာက သတင်းထုတ် ပြန်လိုက်ပါတယ်။


ဒေတာအသုံးပြုခ ၁ မီဂါဗိုက် ၅ ကျပ်နှင့် ဖုန်းခေါ်ဆိုခ ၁ မိနစ် ၁၀ ကျပ်ကို အောက်တိုဘာလ ၃ ရက်မှ စတင်အသုံးပြုနိုင်မယ်လို့ အူရီဒူးက သတင်းထုတ်ပြန်တာဖြစ်ပါတယ်။ “ကျွန်တော်တို့ဟာ မိုဘိုင်းဖုန်းအသုံး ပြုသူတွေ အချင်းချင်း ဆက်သွယ်ဖို့အတွက် လိုအပ်ချက်ပေါ် မူတည်ပြီး အသုံးပြုလို့ရအောင် ဖုန်းခေါ်ဆိုခရော ဒေတာအသုံးပြုခနှ စ်မျိုးစလုံးအတွက်ကို ဈေးကွက်ထဲမှာ အသက်သာဆုံး နှုန်းထားနဲ့ ဝန်ဆောင်မှု ပေးအပ်သွားမှာပါ။ အခုဆိုရင် အများပြည်သူရုံပိတ်ရက်တွေရှိတဲ့ ထူးခြားလှတဲ့ သီတင်းကျွတ်ပွဲတော် အချိန်အခါသမယမှာ မိသားစုဝင်အချင်းချင်းနီးစပ်ဖို့ ဆက်သွယ်နိုင်ဖို့ရာ အူရီဒူးအသုံးပြုသူတိုင်းဟာ ဖုန်းခေါ်ဆိုခရော ဒေတာအသုံးပြုခအတွက်ပါ ဈေးကွက်ထဲမှာ အသက်သာဆုံးဈေးနှုန်းဖြင့် အသုံးပြုနိုင်ပြီဖြစ်ပါတယ်” လို့အူရီဒူးမြန်မာရဲ့CEO ဖြစ်သူ Mr. Vikram Sinha ကပြောပါတယ်။


“အခု အသစ်မိတ်ဆက်ပေးမယ့် အစီအစဉ်ဟာဆိုရင် မြို့ပေါ်နဲ့ ကျေးလက်ဒေသနေ မြန်မာပြည်သူလူထုအား လုံးအနေနဲ့ တစ်ဦးနဲ့တစ်ဦး ပိုမိုဆက်သွယ်ပြောဆိုနိုင်မှာဖြစ်သလို မြန်မာပြည်သူလူထုကိုလည်း ဒီဂျစ်တယ် စနစ် အသုံးပြုနိုင်တဲ့ လူနေမှုဘ၀ပုံစံကို ရင်းနှီးကျွမ်းဝင်စေမှာဖြစ်ပါတယ်။ အခုလို ထူးခြားလှတဲ့ အများပြည်သူရုံးပိတ်ရက်အခါသမယမှာ အသုံးပြုနိုင်အောင် မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်”လို့ ထပ်မံ ပြောကြားခဲ့ပါတယ်။


မိုဘိုင်းဖုန်း အသုံးပြုသူတွေအနေနဲ့ *7755# ကို ဖုန်းခေါ်ဆိုပြီး ဈေးနှုန်းများရွေးချယ်နိုင်ခြင်းနဲ့ သုံးစွဲသူလိုအပ်တဲ့ အသုံးပြုလိုမှု ပုံစံပေါ်မူတည်ပြီး အစီအစဉ်ရွေးချယ်ခွင့်ကိုလည်း ရရှိနိုင်မယ်လို့ သိရပါတယ်။ ရွေးချယ်မှုကို အခမဲ့ပြုလုပ်နိုင်ပြီး သုံးစွဲသူ လိုအပ်ချက်ပေါ်မူတည်ကာ အစီအစဉ်တစ်ခုကနေ တခြားတစ်ခုသို့ တစ်နေ့လျှင်တစ်ကြိမ် ပြောင်းလဲနိုင်မယ်လို့သိရပါတယ်။




Credit to ==>Internet Journal



www.pyaephyo.com