10/04/2017

♪ Network Security ကို စိတ်ဝင်စားသူများအတွက် Moldular of CompTIA Security+ သင်တန်းဖွင့်လှစ်မည် ♫


လုပ်ငန်းခွင်တွင် Security administrator တစ်ယောက်အဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ Network Security ကို စိတ်ဝင်စားသူများအတွက် Moldular of CompTIA Security+ သင်တန်းကို အောက်တိုဘာလ ၉ ရက်တွင် ဖွင့်လှစ်ပေးသွားမယ်လို့ သိရပါတယ်။


သင်တန်းမှာပါဝင်မယ့် သင်ခန်းစာတွေကတော့ Security Fundamentals, Security Threats and Vulnerabilities , Managing Data, Application and Host Security, Implementing Network Security, Implementing Access Control, Authentication, and Account Management, Managing Certificates, Implementing Compliance and Operational Security, Risk Management, Troubleshooting and Managing Security Incidents, Business Continuity and Disaster Recovery Planning တို့ဖြစ်ပါတယ်။


သင်တန်းပြီးဆုံးပါက Security နဲ့ သက်ဆိုင်နိင်တဲ့ အခေါ်အဝေါ်များ၊ documentation ရေးသားနည်းများ၊ cryptography အကြောင်းနှင့် အသုံးပြုပုံများ၊ Cyber Attacks နှင့် Security threats များကိုသိရှိနိုင်ခြင်း၊ Security ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများနဲ့ အားနည်းချက်များကို လေ့လာသိရှိထားသောကြောင့် မိမိရဲ့ Network ကို မည်သို့မည်ပုံ လုံခြုံအောင် ထိန်းသိမ်းကာ ကွယ်ရမည်ကို သိရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ 

Intermediate level ရှိ IT Security နှင့် ဆိုင်သောသင်ရိုးများကို သင်ကြားရမှာ ဖြစ်တဲ့အတွက်ကြောင့် Higher level subject တွေကို လွယ်ကူစွာ ထပ်မံလေ့လာ သင်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ်အချက်အလက်တွေကို Linux Lab (Myanmar) Co.,Ltd ဖုန်း – ၀၁-၆၅၂၂၄၃ ၊ ၀၉-၉၇၉၂၉၁၉၁၁ သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။




-ဝေဝေ

Credit to ==>Internet Journal




www.pyaephyo.com