10/03/2017

♪ “ အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာ ပြဿနာများ ” ♫

Image may contain: one or more people, phone and text

မေး - အစ်ကိုရေ ဖုန်းလေးတစ်လုံးက နားကြပ်ထိုးထားပြီး နားကြပ်ပုံမပေါ်တဲ့ ပြဿနာဖြစ်နေလို့။
ဖြေ - ဟုတ်ကဲ့။ အစ်ကိုရေ အပေါင်းဗို့ (1.8V) ပျောက်နေလို့ပါ။ အဲ့ဒါ (1.8V) ရတဲ့ တစ်နေရာကနေ နားကြပ် ပေါက်ရဲ့ အပေါင်းငုတ်ကို Jumper ကျော်ပေးလိုက်ရင် အဆင်ပြေသွားလိမ့်မယ်။ အဲ့ဒါက နားကြပ်ထိုးထားပြီး ပါဝါဖွင့်ထားမှ (1.8V) ကို တိုင်းလို့ရမှာပါ။ ဒီအတိုင်းသွားတိုင်းရင်တော့ ဘာမှမသိနိုင်ပါဘူး။ အဆင်ပြေပါစေ အစ်ကိုရေ။

မေး - အစ်ကိုရေ ကျွန်တော့် Phone က Battery လဲလိုက်တာလိုင်း မတက်တော့ဘဲ Searching SIM Card ပဲ ပြတော့တယ်။ ဘာဖြစ်တာ လဲအစ်ကို။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ Phone က Time and Date မှားသွားလို့ပါ။ Time and Date ကို ပြန်ချိန်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။

မေး - ကျွန်တော့် Vivo ဖုန်းက Custom Recovery သွင်းမရဘူးဖြစ်နေတယ်။ Bootloader Lock ပါခင်ဗျာ။ Unlock လုပ်နိုင်မယ့် နည်းလမ်းလေးပြောပြပါ။
ဖြေ - Vivo တွေက နောက်ပိုင်းမှာ Bootloader Lock တွေပါလာတယ်။ Unlock လုပ်ဖို့ ADB Folder ထဲကနေ CMD ခေါ်ပါ။ ဖုန်းကို Fastboot ၀င်ပြီး PC မှာချိတ်ပါ။ ပြီးရင် Fastboot BBK Unlock - Vivo လို့ ရိုက်ပေးပါ။ (Vivo Driver ကတော့ Install လုပ်ထားရပါမယ်။ BST ရှိရင်တော့ BST မှာ Model ရွေး BL Unlock နှိပ်ရင်လည်း ရပါတယ်။ ဖုန်းကတော့ Fastboot ပါပဲခင်ဗျာ။

မေး - Apple ဖုန်းရဲ့နောက်ဆုံးထွက် iPhone X ရဲ့တန်ဖိုးနှင့် စတင်ရောင်းချမည့်ရက်စွဲလေးကို သိချင်ပါတယ် အစ်ကိုတို့ရေ ...။
ဖြေ - iPhone X ရဲ့တန်ဖိုးက 64GB အတွက် 999 ဒေါ်လာဖြစ်ပါတယ်။ 256GB အတွက်က 1,149 ဒေါ်လာ ဖြစ်ပါတယ်။ ကြိုတင်မှာယူမှုတွေကို အောက်တိုဘာလ 27 ရက်မှာ စတင်လက်ခံမှာဖြစ်ပြီး နိုဝင်ဘာလ 3 ရက် မှာ တင်ပို့ရောင်းချမယ်လို့ သိရပါတယ်။

မေး - iPhone X မှာ Home ခလုတ်ဖယ်ရှားလိုက်ပြီဆိုတာ ဟုတ်ပါသလား အစ်ကိုတို့ရေ ...။
ဖြေ - iPhne X မှာ Home ခလုတ်ဖယ်ရှားလိုက်ပြီဆိုတာဟုတ်ပါတယ်။ Apple က ပထမဆုံးအကြိမ်အဖြစ် Home ခလုတ်ကိုဖယ်ရှားခဲ့ပြီး ဖုန်းရဲ့အောက်ခြေကနေ အပေါ်ဘက်ကို Swipe လုပ်တာနဲ့ အစားထိုးခဲ့ပါတယ်။ ဒါ့အပြင် ခလုတ်နဲ့အတူ Touch ID Fingerprint Sensor ကိုလည်း Apple က ဖယ်ရှားခဲ့ပြီး Face ID လို့ခေါ်တဲ့ နည်းလမ်းသစ်ကို အသုံးပြုခဲ့ပါတယ်။ အဲ့ဒီနည်းလမ်းဟာ ဖုန်းကိုကြည့်လိုက်ရုံနဲ့ Unlock လုပ်ပေးမှာဖြစ်ပါတယ်။ Face ID ဟာ ဖုန်းရဲ့ထိပ်ဘက်ပိုင်းမှာတပ်ဆင် ထားတဲ့ နည်းပညာကို အခြေခံထားတာဖြစ်ပါတယ်။ အရှေ့ဘက်ကင်မရာမှာ IR စနစ်တစ်ခုကို ပေါင်းစပ်ထည့်သွင်းထားပြီး Flood Illuminutor က အလင်းထုတ် လွှတ်ပေးမှာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

မေး - Xiaomi Mi3 ကို Root ဘယ်လိုဖောက်ရမလဲ။
ဖြေ - Xiaomi ဖုန်းတွေမှာ Root ဖောက်ဖို့အတွက်ဆိုရင် နည်းတွေက ၃ ၊ ၄ မျိုးလောက်ရှိပါတယ်။ ဒီအထဲက လွယ်ကူတဲ့နည်းတွေကို ပြောရမယ်ဆိုရင် Application နဲ့ Root နည်းနဲ့ Zip နဲ့ Root နည်းပါ။ Model အနိမ့် တွေအတွက် Cara apk ကို Install လုပ်ပြီး One Click နဲ့ Root ရုံပါပဲ။ ဒါပေမဲ့ Mi3 လိုဖုန်းမျိုးအတွက် Cara Root က အဆင်မပြေတော့ပါဘူး။ ဒါကြောင့် Google မှာ Xiaomi Common Root ကို Download ယူပြီး ဖုန်းရဲ့ Internal Memory ထဲထည့် Zip ရဲ့နာမည်ကို Update.zip လို့နာမည်ပေးပြီး Updater > or More > Install Zip ကိုရွေးပြီး Root လိုက်ရင် အဆင်ပြေပါပြီ။

မေး - Redmi Note တွေရဲ့အတွေ့အကြုံလေးပါ။ Software လိုလို Hardware လိုလို ဖြစ်နေတဲ့ နည်းလမ်း ပြဿနာလေးပါ။ အတွေ့အကြုံရအောင်ပါ။
ဖြေ - Redmi Note ဖြစ်တဲ့ပုံစံကတော့ ခရီးသွားရင်း ဘက်ထရီအားကုန်သွားတော့ Power Supply အသေး လေးနဲ့ချိတ်လိုက်တော့ ဖုန်းကပါဝါဖွင့်လိုက်၊ ပိတ်လိုက်ဖြစ်သွားသည်။ Firmware ပြန်တင်ရင် Fastboot File Download ဆွဲပြီးတင်ပါ။ (www.en.miui.com)

မေး - Zapya က ချိတ်လို့ရပြီး ဘယ်ကိုမှပို့လို့မရတာ ဘယ်လိုဖြေရှင်းလို့ရပါသလဲ။
ဖြေ - ဖြေရှင်းဖို့နည်းလမ်းရှိပါတယ်။ Security Application ကိုရှာပါ။ Data Usage ထဲက Restric Data Usage ထဲက Zapya ကို Data ကော WLAN မှာပါ အမှန်ခြစ်ပေးလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








www.pyaephyo.com