စမတ်ဖုန်း ၊ တက်ဘလက်၊ Connectors များ အားလုံးအတွက် ဒေတာ ကူးပြောင်းမှု
အမြန်နှုန်းကို ၂ ဆ မြှင့်တင်ပေးမယ့် USB စံနှုန်း အသစ်တစ်ခု ပေါ်လာပါပြီ။ USB
3.0 Promoter Group က USB-C Specifications အသစ်ဖြစ်တဲ့ USB 3.2 ကို
ကြေညာလိုက်ပါတယ်။
USB 3.2 ရဲ့ အဓိက စွမ်းရည်ဟာ Multi-Lane Operation ကို ထောက်ပံ့တဲ့အတွက် ဒေတာ ကူးပြောင်းမှုကို ၂ ဆ မြှင့်တင်ပေးပါတယ်။ အဲဒီအတွက် Hosts နဲ့ Devices များအကြားမှာ ဒေတာ ကူးပြောင်းမှု ပိုမို လျှင်မြန်စေပါတယ်။ တစ်စက္ကန့်လျှင် 10Gb အမြန်နှုန်းအထိ သူက ထောက်ပံ့ပေးနိုင်ပါတယ်။
USB 3.2 ကို USB 3.0 Devices များနဲ့ သူ့အရှေ့ပိုင်းထုတ် ကိရိယာများနဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။ Two-Lane Operation ကတော့ လက်ရှိ USB Type-C Cables များနဲ့ တွဲဖက် အလုပ်လုပ်ပါတယ်။ အဲဒီအတွက် USB 3.2 ကို အသုံးပြုဖို့ လက်ရှိကြိုးများကို အဆင့်မြှင့်ဖို့ မလိုအပ်ပါဘူး။
USB 3.2 စံနှုန်းရဲ့ စွမ်းရည် အပြည့်ကို ရရှိချင်ရင်တော့ USB 3.2 Host, USB 3.2 Device နဲ့ အသိအမှတ်ပြု USB-C Cable များကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အဲဒီ စံနှုန်းကို စက်တင်ဘာလမှာ ကျင်းပမယ့် USB Developers Day North America ပွဲမှာ မိတ်ဆက်ဖို့ စီစဉ်ထားပါတယ်။