Asus က Selfie အသားပေး ZenFone 4 Selfie နဲ့ Selfie Pro တို့ကို
ကြေညာလိုက်ပါတယ်။ ZenFone 4 Selfie မှာ ၅.၅ လက်မ Full HD Display ,
Snapdragon 430 Processor , 4GB RAM, 64GB Storage များ ထည့်သွင်းထားပါတယ်။
အနောက်ဘက်မှာ 16MP Camera တစ်လုံးသာ တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာတော့ 20MP Main Camera နဲ့ မြင်ကွင်းကျယ် 8MP Camera များ တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ LED Flash တစ်လုံးလည်း ပါပါတယ်။ Dual SIM Support , Fingerprint Scanner, 3000mAh Battery များ ပါပြီး အနက်၊ အစိမ်း၊ ပန်းနှင်းဆီနဲ့ ရွှေရောင်များ ထုတ်လုပ်ထားပါတယ်။
ZenFone 4 Selfie Pro မှာ ၅.၅ လက်မ Full HD AMOLED Display , Snapdragon 625 Processor , 3GB or 4GB RAM, 64GB Storage များ ထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှာ 24MP DuoPixel Camera နဲ့အတူ မြင်ကွင်းကျယ် ကင်မရာ တစ်လုံး ပါပါတယ်။
ကင်မရာများက 4K Video များကို ရိုက်ကူးပေးနိုင်ပါတယ်။ Dual SIM Support , Fingerprint Sensor , 3000mAh Battery များ ထည့်သွင်းထားပြီး အနက်၊ ရွှေနဲ့ အနီရောင်များ ထုတ်လုပ်ပေးထားပါ တယ်။ ဈေးနှုန်းများကိုတော့ မသိရသေးပါဘူး။