ကောင်းမွန်တဲ့ တရုတ်စမတ်ဖုန်းကိုဝယ်ယူဖို့
ရှာဖွေနေတဲ့သူတွေအတွက် အမေရိကန် ဒေါ်လာ 500 အောက် ထိပ်တန်းစမတ်ဖုန်း 5
မျိုးကို gizchina က စာရင်းပြုစုထားပါတယ်။ ဈေးနှုန်းခန့်မှန်းချက်တွေက online စတိုးတွေရဲ့ ဈေးနှုန်းဖြစ်တာကြောင့် မူရင်းဈေးပေါ်မှာ shipping ကြေး ပိုမိုကောက်ခံတာမျိုးလည်း ရှိနိုင်ပါတယ်။
1) OnePlus 5
>>>>>
တရုတ်မှ ထိပ်တန်းစမတ်ဖုန်း 5 မျိုးထဲမှာ OnePlus 5 ပါဝင်ပြီးဒီ flagship killer မှာ Qualcomm Snapdragon 835 processor ၊ RAM 6GB နဲ့ internal storage 64 GB ပါဝင်ပါတယ်။ One Plus ရဲ့ နောက်ဆုံးထွက်ထားတဲ့ ဟန်းဆက်ဖြစ်ပြီးနောက်ဘက်မှာ
16MP Sony IMX398 with F/1.7 aperture ၊ telephoto lens နဲ့ secondary 20MP
shooter တို့ပါဝင်တဲ့ dual camera အသုံးပြုထားပါတယ်။ ရှေ့ကင်မရာကတော့ wide
aperture of F/2.0 နဲ့ 16MP ကိုအသုံးပြုထားပါတယ်။ 5.5 လက်မ Full HD AMOLED
display၊ 5V 4A support နဲ့ 3000mAh ဘက်ထရီ၊ Android 7.0 Nougat၊ 4G LTE
network တို့ပါဝင်ပြီး RAM 6GB အတွက် အမေရိကန်ဒေါ်လာ 479
(မြန်မာငွေ 6သိန်းခွဲ ဝန်းကျင်) ရှိတာဖြစ်ပါတယ်။
2) Xiaomi Mi 6
>>>>>
2017 အတွက် Xiaomi ရဲ့ flagship စမတ်ဖုန်းဖြစ်တဲ့ Xiaomi Mi 6 ကလည်း 2017 ရဲ့ တရုတ် ထိပ်တန်းစမတ်ဖုန်းစာရင်းထဲမှာပါဝင်ပါတယ်။ Qualcomm Snapdragon 835 CPU၊ RAM 6GB နဲ့ 128GB internal storage နှစ်မျိုးခွဲခြားထုတ်လုပ်ထားပြီးစမတ်ဖုန်း version နှစ်မျိုးလုံးအတွက် ကုမ္ပဏီရဲ့ သတ်မှတ်ဈေးနှုန်းကအမေရိကန်ေ ဒ်ါလာ 500 အောက်မှာပဲ ရှိတာဖြစ်ပါတယ်။ မျက်နှာပြင် 5.15 လက်မ ရှိပြီး fingerprint scanner၊ F/ 1.8 aperture ၊ OIS - 12MP ကင်မရာနဲ့ 12MP telephone camera ဆိုပြီးနောက်ကျောက်ဘက်မှာကင်မရာနှစ်မျိုးပါဝင်ပါတယ်။ Mi 6 ရဲ့ ဘက်ထရီက 3350 mAh ရှိပြီး Qualcomm ရဲ့ Quick charge 3.0 နည်းပညာလည်းထည့်သွင်းထားပါတ ယ်။ 4G LTE network ကိုလည်းထောက်ပံ့ပေးထားပါသေး တယ်။
internal storage 64GB အတွက် ရောင်းဈေးယူရို 350 (မြန်မာငွေကျပ်
၅သိန်းခွဲဝန်းကျင်) ရှိပြီး 128GB ကတော့ ယူရို 400 ကျော်( မြန်မာငွေကျပ်
၆သိန်းကျော်) ရှိတာဖြစ်ပါတယ်။
3) Nubia Z17
>>>>>
ZTE Nubia Z17 ရဲ့ hardware လုပ်ဆောင်ချက်က စွဲမက်ဖွယ်ရှိသလို ဒီဇိုင်းကလည်းအတော်လေးကို လှပပြီးအနောက်ဘက်မှာ dual camera အသုံးပြုထားပါတယ်။ Qualcomm Snapdragon 835 ၊ RAM 6GB ၊ internal storage 64GB ပါဝင်ပါတယ်။ နောက်ကင်ရာမှာ F/1.8 aperture နဲ့ OIS (Optical Image Stabilization) နဲ့ 23MP ကင်မရာ ၊ 2X optical zoom နဲ့ 12MP ကင်မရာတို့ပါဝင်ပြီး BSI sensor နဲ့ F/2.0 wide aperture အသုံးပြုထားတဲ့ selfie ကင်မရာကတော့ 16MP ရှိတာဖြစ်ပါတယ်။ Nubia Z17 မှာ 5.5 လက်မ Full HD IPS display၊ ထောင့်စွန်းကွေး 2.5D glass၊ 3200mAh ဘက်ထရီ ၊ 4G LTE ချိတ်ဆက်မှုတို့ပါဝင်ပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ 430 ဝန်းကျင်( မြန်မာငွေကျပ် 5သိန်း 8သောင်းဝန်းကျင်) ရှိတယ်လို့ သိရပါတယ်။
4) Huawei Honor 9
>>>>>
Huawei Honor 9 မှာ 5.15 လက်မမျက်နှာပြင်ပါဝင်ပြီး Huawei HiSilicon KIRIN 960 CPU ကိုအသုံးပြုထားပါတယ်။ RAM 6GB ၊ 128GB internal storage (ထပ်မံတိုးချဲ့နိုင်) တို့ပါဝင်ပါတယ်။ Honor 9 မှာ F/2.2 aperture နဲ့ 12MP ကင်မရာ၊ အဖြူအမည်းအတွက် 20MP ကင်မရာတို့ နောက်ဘက်မှာပါဝင်ပါတယ်။ မြင်ကွင်းကျယ် F/ 2.0
aperture နဲ့ 8MP ရှေ့ကင်မရာကတော့ Selfie ရိုက်ကူးမှု အတွက်ပါ။ Huawei Honor
9 မှာ 3200mAh ဘက်ထရီ၊ 4G LTE ချိတ်ဆက်မှု ၊ Android 7.0 Nougat OTB
တို့ကိုလည်းအသုံးပြုထားပါတယ်။ ဈေးနှုန်းအားဖြင့် အမေရိကန်ဒေါ်လာ 400
(မြန်မာငွေကျပ် 5သိန်းခွဲဝန်းကျင်) ရှိတယ်လို့ သိရပါတယ်။
5) Meizu Pro 7
>>>>>
Meizu Pro 7 ရဲ့ နောက်ကျောဘက်မှာ secondary screen တစ်ခုအပိုပါပြီး 240×536 resolution ရရှိနိုင်တဲ့ Samsung ရဲ့ 1.9 လက်မ Super AMOLED ကိုအသုံးပြုထားပါတယ်။ Secondary display မှာ နိုတီတွေ၊ ရာသီဥတုနဲ့ဆိုင်တဲ့အချက်အလက်တွေ၊ သီချင်းတွေဖွင့်တာတွေကို လုပ်ဆောင်နိုင်ပြီး Selfie အတွက် viewfinder ကိုလည်းအသုံးပြုနိုင်ပါတယ်။ နောက်ကျောဘက်မှာကင်မရာနှစ်လုံးပါဝင်ပြီး နှစ်ခုလုံးမှာ F/ 2.0 aperture နဲ့ Sony IMX386 12MP ကင်မရာပါဝင်ပြီးရှေ့ကင်မရာကတော့ 
16MP ရှိတာဖြစ်ပါတယ်။ Meizu Pro 7 မှာအလယ်အလတ်တန်းစား hardware ဖြစ်တဲ့
MediaTekHelio P25 ကိုအသုံးပြုထားပြီးHelio X30 နဲ့ version ကတော့ ဒေါ်လာ
500 အထက်ရှိတာ ဖြစ်ပါတယ်။ RAM 4GB ၊ storage 64GB ပါဝင်ပြီး 5.2 လက်မ FHD
Super AMOLED display၊ 3000mAh ဘက်ထရီ၊ mChargeအားသွင်းမြန်စနစ်နဲ့
4G LTE ကိုလည်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းအမေရိကန်ဒေါ်လာ 430
ဝန်းကျင်( မြန်မာငွေကျပ် 5သိန်း8 သောင်းဝန်းကျင်) ရှိတယ်လို့ သိရပါတယ်။
Ref :gizchina.com
သံစဉ်ချို
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
1) OnePlus 5
>>>>>
တရုတ်မှ ထိပ်တန်းစမတ်ဖုန်း 5 မျိုးထဲမှာ OnePlus 5 ပါဝင်ပြီးဒီ flagship killer မှာ Qualcomm Snapdragon 835 processor ၊ RAM 6GB နဲ့ internal storage 64 GB ပါဝင်ပါတယ်။ One Plus ရဲ့ နောက်ဆုံးထွက်ထားတဲ့ ဟန်းဆက်ဖြစ်ပြီးနောက်ဘက်မှာ
(မြန်မာငွေ 6သိန်းခွဲ ဝန်းကျင်) ရှိတာဖြစ်ပါတယ်။
2) Xiaomi Mi 6
>>>>>
2017 အတွက် Xiaomi ရဲ့ flagship စမတ်ဖုန်းဖြစ်တဲ့ Xiaomi Mi 6 ကလည်း 2017 ရဲ့ တရုတ် ထိပ်တန်းစမတ်ဖုန်းစာရင်းထဲမ
3) Nubia Z17
>>>>>
ZTE Nubia Z17 ရဲ့ hardware လုပ်ဆောင်ချက်က စွဲမက်ဖွယ်ရှိသလို ဒီဇိုင်းကလည်းအတော်လေးကို လှပပြီးအနောက်ဘက်မှာ dual camera အသုံးပြုထားပါတယ်။ Qualcomm Snapdragon 835 ၊ RAM 6GB ၊ internal storage 64GB ပါဝင်ပါတယ်။ နောက်ကင်ရာမှာ F/1.8 aperture နဲ့ OIS (Optical Image Stabilization) နဲ့ 23MP ကင်မရာ ၊ 2X optical zoom နဲ့ 12MP ကင်မရာတို့ပါဝင်ပြီး BSI sensor နဲ့ F/2.0 wide aperture အသုံးပြုထားတဲ့ selfie ကင်မရာကတော့ 16MP ရှိတာဖြစ်ပါတယ်။ Nubia Z17 မှာ 5.5 လက်မ Full HD IPS display၊ ထောင့်စွန်းကွေး 2.5D glass၊ 3200mAh ဘက်ထရီ ၊ 4G LTE ချိတ်ဆက်မှုတို့ပါဝင်ပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ 430 ဝန်းကျင်( မြန်မာငွေကျပ် 5သိန်း 8သောင်းဝန်းကျင်) ရှိတယ်လို့ သိရပါတယ်။
4) Huawei Honor 9
>>>>>
Huawei Honor 9 မှာ 5.15 လက်မမျက်နှာပြင်ပါဝင်ပြီး Huawei HiSilicon KIRIN 960 CPU ကိုအသုံးပြုထားပါတယ်။ RAM 6GB ၊ 128GB internal storage (ထပ်မံတိုးချဲ့နိုင်) တို့ပါဝင်ပါတယ်။ Honor 9 မှာ F/2.2 aperture နဲ့ 12MP ကင်မရာ၊ အဖြူအမည်းအတွက် 20MP ကင်မရာတို့ နောက်ဘက်မှာပါဝင်ပါတယ်။ မြင်ကွင်းကျယ် F/
5) Meizu Pro 7
>>>>>
Meizu Pro 7 ရဲ့ နောက်ကျောဘက်မှာ secondary screen တစ်ခုအပိုပါပြီး 240×536 resolution ရရှိနိုင်တဲ့ Samsung ရဲ့ 1.9 လက်မ Super AMOLED ကိုအသုံးပြုထားပါတယ်။ Secondary display မှာ နိုတီတွေ၊ ရာသီဥတုနဲ့ဆိုင်တဲ့အချက်အလက
Ref :gizchina.com
သံစဉ်ချို
NetGuide Journal (Every Wednesday)
https://www.facebook.com/