စမတ်ဖုန်းရဲ့ အနောက်ဘက်မှာစကရင် အပိုတစ်ခုတပ်ဆင်ထားတဲ့ စမတ်ဖုန်းများကိုထုတ်လုပ်နေ တဲ့ Yota က မျိုးဆက်သစ် စမတ်ဖုန်း တစ်လုံးကိုမိတ်ဆက်လိုက်ပါတယ်။
YotaPhone 3 လို့ အမည်ပေး ထားပြီးအနောက်ဘက်မှာ ၅.၂ လက်မ E-Ink Display
တပ်ဆင် ထားပြီးသူ့ရဲ့ ထုံးစံအတိုင်း Capacitive Keys ၃ ခုပါပါတယ်။
YotaPhone 3 ကိုတရုတ်မှာ YOTA3 အမည်ဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။ သူ့မှာ ၅.၅ လက်မ AMOLED Full HD Display တပ်ဆင် ထားပါတယ်။ Home Button အောက်မှာလက်ဗွေရာအာရုံခံကိရိယာကို မြှုပ်နှံထားပါတယ်။ Qualcomm ရဲ့ စွမ်းဆောင်ရည်သင့် Octa-Core Snapdragon 625 CPU မောင်းနှင်မှာ ဖြစ်ပါတယ်။
YotaPhone 3 ကိုမော်ဒယ် ၂ မျိုးထုတ်လုပ်ပေးထားပြီး 4GB RAM/ 64GB Internal Storage နဲ့ 4GB RAM/128GB Internal Storage များဖြစ်ကြပါတယ်။ အနောက်ဘက် ကင်မရာဟာ 13 Megapixel ဖြစ်ပြီးDual-Tone LED Flash လည်းပါပါတယ်။ အရှေ့ဘက်မှာ 12 Megapixel Camera တစ်လုံးတပ်ဆင်ထားပါတယ်။
သူ့မှာ Android 7.1.1 Nougat အခြေပြု YotaOS 3.0 ထည့်သွင်း ထားပါတယ်။ 3300mAh Battery ပါပါတယ်။ တရုတ်မှာအွန်လိုင်းစတိုး JD.com ကနေစက်တင်ဘာလ ၅ ရက်နေ့မှာ ကြိုတင်မှာယူနိုင်မှာပါ။ 64GB ကို ၃၆၀ ဒေါ်လာ၊ 128GB ကို ၄၆၅ ဒေါ်လာသတ်မှတ် ထားပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
YotaPhone 3 ကိုတရုတ်မှာ YOTA3 အမည်ဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။ သူ့မှာ ၅.၅ လက်မ AMOLED Full HD Display တပ်ဆင် ထားပါတယ်။ Home Button အောက်မှာလက်ဗွေရာအာရုံခံကိရ
YotaPhone 3 ကိုမော်ဒယ် ၂ မျိုးထုတ်လုပ်ပေးထားပြီး 4GB RAM/ 64GB Internal Storage နဲ့ 4GB RAM/128GB Internal Storage များဖြစ်ကြပါတယ်။ အနောက်ဘက် ကင်မရာဟာ 13 Megapixel ဖြစ်ပြီးDual-Tone LED Flash လည်းပါပါတယ်။ အရှေ့ဘက်မှာ 12 Megapixel Camera တစ်လုံးတပ်ဆင်ထားပါတယ်။
သူ့မှာ Android 7.1.1 Nougat အခြေပြု YotaOS 3.0 ထည့်သွင်း ထားပါတယ်။ 3300mAh Battery ပါပါတယ်။ တရုတ်မှာအွန်လိုင်းစတိုး JD.com ကနေစက်တင်ဘာလ ၅ ရက်နေ့မှာ ကြိုတင်မှာယူနိုင်မှာပါ။ 64GB ကို ၃၆၀ ဒေါ်လာ၊ 128GB ကို ၄၆၅ ဒေါ်လာသတ်မှတ် ထားပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/