♪ ဘက်ထရီစွမ်းအားကောင်းမွန်တဲ့ အဆင့်မြင့် စမတ်ဖုန်း “Asus Zenfone 4 Max Plus” ♫
ခုနောက်ပိုင်းမှာ Asus က ဘက်ထရီစွမ်းအားကောင်းမွန်တဲ့
အဆင့်မြင့် စမတ်ဖုန်းတွေကို ဦးစားပေး ထုတ်လုပ် လာတာကိုတွေ့ရပြီး ယခုအခါမှာ
Asus Zenfone 4 Max Plus ZC554KL ဆိုတဲ့ ဘက်ထရီစွမ်းအား အထူး
ကောင်းမွန်တဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးဟာ မကြာမီထွက်ရှိလာတော့ မှာဖြစ်ပါတယ်။ ၎င်းက ဘက်ထရီစွမ်းအားကောင်းမွန်သလို အနောက် ကင်မရာက dual ကင်မရာ စနစ်ဖြစ်တဲ့အတွက် အရည်အသွေးလည်း မြင့်မားမှုရှိပါတယ်။
<Design>
ရိုးရှင်းတဲ့ ဒီဇိုင်းပုံစံနဲ့ ထုတ်လုပ်ပေးထားပါတယ်။ အရှေ့ဘက်မျက်နှာပြင်
အောက်ခြေမှာ Home Button နဲ့ ဘေး တစ်ဖက်စီမှာ Capacitive buttons
နှစ်ခုကိုမြင်တွေ့နိုင်ပါတယ်။ နောက်ကျောဘက်ဒီဇိုင်းကလည်း ဘာမှသိပ်မဆန်းပြားဘဲ အပေါ်ဘက်ထောင့်မှာ dual camera နှစ်ခုကို တပ်ဆင်ပေးထားပါတယ်။
<Display>
5.5-inchအကျယ်ရှိတဲ့ Super AMOLED capacitive touchscreen
နဲ့ပြုလုပ်ထားပြီး 720 x 1280 pixels စွမ်းအားရှိတဲ့ မြင်ကွင်းတွေကိုပြသ
ပေးနိုင်ပါတယ်။ 1” အတိုင်းအတာမှာတော့ 261 ppi pixels သိပ်သည်းဆ
ပမာဏရှိပါတယ်။
<Processor>
တိကျတဲ့စွမ်းဆောင်ရည်တွေကိုပေးစွမ်းနိုင်အောင်
ကိုယ်ထည်ထဲမှာ Qualcomm MSM8917 Snap dragon 425 Chipset နဲ့ Quad-core
1.4 GHz Cortex-A53 processor ကို ထည့်သွင်းထားပါတယ်။ ဒါ့အပြင် Adreno 308
GPU ကလည်း ရုပ်ထွက်ပိုင်းကို အကောင်းဆုံးပံ့ပိုးပေးနိုင် ပါသေးတယ်။
<Performance>
၎င်းကို GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Nano SIM နဲ့
Dual SIM ကိုတစ်ပြိုင်နက်တည်း ထည့်သုံးနိုင်ပါတယ်။ Non-removable Li-Po
5000 mAh ကပံ့ပိုးထားတာကြောင့် ဘက်ထရီ စွမ်းအားအမြင့်မားဆုံးဖုန်း အမျိုးအစားထဲမှာပါဝင်ပါတယ်။ ကင်မရာ စွမ်းအားပိုင်းအနေနဲ့တော့ အနောက်မှာ Dual 13MP + 5 MP စွမ်းအား ရှိပြီး အရှေ့ကင်မရာကတော့ 8MP ရှိပါတယ်။
<Specification>
Display : 5.5-inch, IPS LCD Capactive Touchscreen Memory :
32GB, 3GB RAM micro SD, up to 256GB Camera : 13MP+5MP,
autofocus, LED Flash OS : Android 7.0 (Nougat)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
www.pyaephyo.com