8/20/2017

♪ Xiaomi က သြဂုတ်လ ၂၁ ရက်မှာ Redmi Note 5A ကို မိတ်ဆက်မယ်လို့ အတည်ပြု ♫


မကြာခင်က ထွက်ပေါ်ခဲ့တဲ့ သတင်းများအတိုင်းပဲ Xiaomi Redmi Note 5A ကို လာမယ့် တစ်ပတ်မှာ မိတ်ဆက်မှာ ဖြစ်ပါတယ်။ Xiaomi က သြဂုတ်လ ၂၁ ရက်နေ့မှာ မိတ်ဆက်မယ့် ပွဲအတွက် ဖိတ်စာများကို ဝေငှပြီး ပါပြီ။ ရှောင်မီရဲ့ စီအီးအိုဖြစ်သူက အဲဒီ စမတ်ဖုန်းရဲ့ ဓါတ်ပုံကို အွန်လိုင်းမှာ မိတ်ဆက်ခဲ့ပြီးပါပြီ။

Xiaomi Redmi Note 5A ကို တရုတ်ဆက်သွယ်ရေး ကော်မရှင်ထံမှာ မှတ်ပုံတင်ထားပြီးပါပြီ။ ကော်မရှင်ကနေ ပေါက်ကြားထွက်ပေါ်လာတဲ့ စာရွက်စာတမ်းများအရ Xiaomi Redmi Note 5A အတွက် မော်ဒယ် ၂ မျိုး ထုတ်လုပ်ပေးထားမှာ ဖြစ်ပါတယ်။

Xiaomi Redmi Note 5A မှာ Qualcomm Snapdragon 425 or Snapdragon 430 နဲ့ 2GB RAM/16GB Internal Storage or 3GB RAM/32GB Internal Storage များကို ရွေးချယ်နိုင်မှာ ဖြစ်တယ်လို့ သတင်းများ ပေါက်ကြားထွက်ပေါ်လာပါတယ်။ Model ၂ မျိုးစလုံးမှာ ၅.၅ လက်မ HD LCD Display , 3000mAh Battery များ တပ်ဆင်ထားနိုင်ပါတယ်။

Xiaom Redmi Note 5A ရဲ့ စွမ်းရည်မြင့် မော်ဒယ်မှာ 16 Megapixel Rear Camera နဲ့ 13 Megapixel Front Camera များ တပ်ဆင်ထားနိုင်ပါတယ်။ တန်ဖိုးနည်း မော်ဒယ်မှာတော့ 13 Megapixel Rear Camera နဲ့ 5 Megapixel Front Camera ပါရှိမယ်လို့ သတင်းထွက်နေပါတယ်။ တရုတ်ယွမ် ၁၀၀၀ ( ၁၅၀ ဒေါ်လာ ၀န်းကျင်) ဖြင့် ရောင်းချပေးနိုင်ပြီး မြန်မာငွေ အားဖြင့် ၂၀၀ ၀၀၀ ၀န်းကျင်သာ ကျသင့်နိုင်ပါတယ်။



Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com