8/20/2017

♪ သြဂုတ်လအတွက် အကောင်းဆုံး Android App (၃) ခု ♫


Google Play Store မှာ လစဉ်လတိုင်း Android Apps အသစ်များ ထွက်ပေါ်နေတဲ့အတွက် အကောင်းဆုံး Apps များကို ရှာဖွေရတာ မလွယ်ကူပါဘူး။ အဲဒီအတွက် Digital Times စာဖတ် ပရိတ်သတ်များအတွက် သြဂုတ်လ ထွက် အကောင်းဆုံး Android Apps များကို ဖော်ပြပေးလိုက်ပါတယ်။

Laugh Out Loud by Kevin Hart

ဟောလီးဝုဒ်ရဲ့ နာမည်ကျော် ဟာသမင်းသား Kevin Hart က သြဂုတ်လမှာ App တစ်ခုကို ဖြန့်ချီလိုက်ပါတယ်။ Laugh Out Loud လို့ အမည်ပေးထားပြီး ဟာသ ဗီဒီယိုများကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Series များနဲ့ တိုက်ရိုက် ထုတ်လွှင့်မှုများလည်း ပါဝင်ပါတယ်။ ဟာသ စာပေများကိုလည်း ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ သူ့ကို အခမဲ့ အသုံးပြုနိုင်ပေမယ့် တစ်လလျှင် ၂.၉၉ ဒေါ်လာဖြင့် အခပေး ကြည့်ရှုရင် အပို Content များကို ကြည့်နိုင်မယ့် အပြင် ကြော်ညာများကို ဖျောက်ပေးထားမှာ ဖြစ်ပါတယ်။
• Version tested: 1.0.1
• Compatibility: Android 4.4 and up
• Price: free with in-app purchases
Download

Ava
Ava ရဲ့ ရည်ရွယ်ချက်က နားမကြားသူများ ၊ အကြားအာရုံ နည်းပါးသူများကို ကူညီပေးဖို့ ဖြစ်ပါတယ်။ သူက လူတစ်ယောက် ပြောလိုက်တဲ့ စကားများကို နားမကြားသူအတွက် ဖုန်းစကရင်မှာ စာသားများ အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ သူ့မှာ အဆင့်မြင့် Speech-to-text စွမ်းရည် ထည့်သွင်းပေးထားပါတယ်။ သူ့ကို အခမဲ့ အသုံးပြုနိုင်ပေမယ့် စွမ်းဆောင်ချက် အပိုများကို အသုံးပြုချင်ရင် တစ်လလျှင် ၃၀ ဒေါ်လာဖြင့် ၀ယ်ယူ အသုံးပြုနိုင်ပါတယ်။
• Version tested: 1.0.3
• Compatibility: Android 4.1 and up
• Price: free with in-app purchases
Download

Radiate


Radiate ဟာ လူများကို ဆက်သွယ်ပေးတဲ့ App ဖြစ်ပါတယ်။ ဒါပေမယ့် သူက Tinder လို ဘ၀ကြင်ဖော်ကို ရှာပေးမှာ မဟုတ်ပါဘူး။ သူက ကမ္ဘာအ၀န်းမှ ပွဲတော်များကို ပြသပေးပြီး ပွဲတော်များကို တက်ရောက်မယ့် သူငယ်ချင်းများကို ရှာဖွေပေးမှာ ဖြစ်ပါတယ်။ သူ့ကို Facebook အကောင့်ဖြင့် အသုံးပြုနိုင်ပါတယ်။ သူ့မှာ ပရိုဖိုင် ဓါတ်ပုံများ ထည့်သွင်းခြင်း၊ သူငယ်ချင်းများနဲ့ ပွဲအကြောင်းကို ဆွေးနွေးခြင်းများကို ပြုလုပ်နိုင်ပါတယ်။
• Version tested: 1.51
• Compatibility: Android 4.1 and up
• Price: completely free
Download





Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com