![No automatic alt text available.](https://scontent.frgn3-1.fna.fbcdn.net/v/t1.0-9/20992853_728937693951636_1012565943779904068_n.jpg?oh=ece0f183fc23b917549651bf27f680ef&oe=5A2B31E3)
EISA (European Imaging and Sound Association) က ရွေးချယ် ချီးမြှင့်တဲ့ အကောင်းဆုံးစမတ်ဖုန်းဆုကို Samsung Galaxy S8 , S8 Plus စမတ်ဖုန်းများကရရှိခဲ့ကြပါတယ်။ ဆုရွေးချယ်တဲ့ ပညာရှင်များ Samsung Galaxy S8 , S8 Plus စမတ်ဖုန်းများဟာဘက်စုံ ကောင်းမွန်ပြီးအံ့မခန်း Infinity Display ၊ အလွန်ကောင်းမွန်တဲ့ ကင်မရာ၊ Bixby Assistant များကြောင့် ရွေးချယ်ခဲ့ကြတယ်လို့ ပြောပါတယ်။
Huawei က Honor 8 Pro ရဲ့ ဒီဇိုင်း၊ VR စွမ်းရည်နဲ့ စွမ်းရည်မြင့် ဘက်ထရီများအတွက် အကောင်းဆုံး Consumer Smartphone ဆုကိုရရှိခဲ့ပါတယ်။ Huawei P10 ကတော့ Leica Camera များနဲ့ Portrait Mode များကြောင့် အကောင်းဆုံးစမတ်ဖုန်းကင်မရာဆုကို ရရှိခဲ့ပါတယ်။
Huawei Watch 2 ဟာရုံးမှာသာမကအားကစားလေ့ကျင့်ရေးခန်းမများမှာ လည်းအသုံးပြုလို့ရတဲ့ ဒီဇိုင်းကြောင့် အကောင်းဆုံး ချပ်ဝတ်တန်ဆာ ကွန်ပျူတာဆုကိုရရှိခဲ့ပါတယ်။ အကောင်းဆုံးမိုဘိုင်း Headphone ဆုကို JBL Everest Elite 750NC က ရရှိခဲ့ပါတယ်။