8/19/2017

♪ ၀င်းဒိုးမှာ သင့် USB Flash Drive ရဲ့ အမြန်နှုန်းကို စစ်ဆေးပေးမယ့် အခမဲ့ Software (၅) ခု ♫


USB Stick , USB Flash Drive များရဲ့ အမြန်နှုန်းဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး။ သင့် USB Flash Drive ရဲ့ အမြန်နှုန်းဟာ 3-4Mb/s လောက်သာ ရှိရင် ရုပ်ရှင်၊ ဗီဒီယိုလို အရွယ်အစားကြီးမားတဲ့ ဖိုင်များကို ကူးပြောင်းရာမှာ အလွန် နှေးမှာ ဖြစ်ပါတယ်။ USB 3 Flash Drive ဆိုရင်တော့ ဒေတာ ကူးပြောင်းမှုဟာ အလွန် မြန်ဆန်မှာ ဖြစ်ပါတယ်။ သင့် USB Flash Drive ရဲ့ ဒေတာ ကူးပြောင်းမှု အမြန်နှုန်းကို သိချင်ရင်အောက်ပါ အခမဲ့ ဆော့ဖ်ဝဲများကို အသုံးပြုနိုင်ပါတယ်။

၁။ USBDeview
USBDeview ဟာ သေးငယ်ပေါ့ပါးတဲ့ ဆော့ဖ်ဝဲ ဖြစ်ပြီး သူက သင့်ရဲ့ ကွန်ပြူတာမှာ တပ်ဆင်ထားတဲ့ USB Devices များအားလုံးရဲ့ စာရင်းကို ပြသပေးထားပါတယ်။ သူက Flash Drive ရဲ့ အမြန်နှုန်းကို စစ်ဆေးပေးနိုင်ပါတယ်။ စစ်ဆေးထားတဲ့ ရလဒ်များကို Speed Tests ၀က်ဆိုက်မှာ နှိုင်းယှဉ်ပေးနိုင်ပါတယ်။ သင့် ကွန်ပြူတာမှာ တပ်ဆင်ခဲ့ဖူးသမျှ USB Drive များရဲ့ Driver များကိုလည်း Uninstall လုပ်ပေးနိုင်ပါတယ်။
Download

၂။ USB Flash Speed
USB Flash Speed ဟာ သေးငယ်ပေါ့ပါးပေမယ့် စွမ်းရည်မြင့်မားပါတယ်။ သူက အခြေအနေအမျိုးမျိုးမှာ သင့် USB Drive များရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးပေးနိုင်ဖို့ စမ်းသပ်မှု ၁၅ ခုကို အသုံးပြုထားပါတယ်။ သင့် USB Flash Drive ရဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်ဖို့ အကောင်းဆုံး ဆော့ဖ်ဝဲ တစ်ခု ဖြစ်ပါတယ်။
Download
 
၃။ ParkDale
ParkDale ဟာ သင့် USB Flash Drive များ သာမက Harddisks, CDRom Devices, Network Servers များရဲ့ Read/Write Speed ကို စမ်းသပ်ပေးနိုင်တဲ့ ဆော့ဖ်ဝဲ ဖြစ်ပါတယ်။ သူ့မှာ သင့် USB Flash Drive ရဲ့ အမြန်နှုန်းကို လျှင်မြန်စွာ တိုင်းတာတွက်ချက်ပေးတဲ့ QuickAccess Option ပါပါတယ်။
Download

၎။ Check Flash
Check Flash ကလည်း သင့် USB Flash Drive များရဲ့ Read/Write Speed ကို တိုင်းတာတွက်ချက်ပေးနိုင်တဲ့ အဆင့်မြင့် ဆော့ဖ်ဝဲ တစ်ခု ဖြစ်ပါတယ်။ သူက USB Flash Drive များရဲ့ Partition သတင်းအချက်အလက်များကိုလည်း Edit ပြုလုပ်ပေးနိုင်ပါတယ်။ Partition Image များကို Restore လုပ်ပေးနိုင်ပါတယ်။
Download

၅။ Speedout
Speedout ဟာ USB Drive , Stick, External HDD များရဲ့ ဒေတာ ကူးပြောင်းမှု အမြန်နှုန်းကို တိုင်းတာပေးပါတယ်။ ဖိုင်စနစ်ကြောင့် နှေးကွေးမှု မရှိဘဲ Drive များရဲ့ အမြန်နှုန်း အမှန်ကို သိစေဖို့အတွက် သူက Low-Level နည်းပညာကို အသုံးပြုထားပါတယ်။
Download





Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com