8/19/2017

♪ “Uber App မှာ Chat စွမ်းဆောင်ချက် ပါလာ” ♫

Image may contain: phone

Uber က သူ့ရဲ့ App မှာ ခရီးသည်နဲ့ ယာဉ်မောင်းတို့ စာပို့ ဆက်သွယ်နိုင် မယ့် စွမ်းဆောင်ချက်ကို ထည့်သွင်းပေး လိုက်ပါတယ်။ ခရီးသည်များက ယာဉ်မောင်းထံ စာပို့တဲ့ အခါမှာ လိုင်စင် နံပါတ်၊ ကားမော်ဒယ်နဲ့ အမည်တို့ကို Chat Box ကနေ မြင်ရမှာဖြစ်ပါတယ်။ 

ခရီးသည်က သူတို့ပို့တဲ့ စာကို ယာဉ်မောင်းက မြင်တွေ့သလားဆိုတာကိုလည်း သိရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ယာဉ်မောင်းနေစဉ် ဖုန်းအသုံးပြုခြင်းဟာ အန္တရာယ်များတဲ့အတွက် ဗြိတိန်လို နိုင်ငံများနဲ့ ပြည်နယ် အချို့မှာ တားမြစ်ထားပါတယ်။ Uber ကတော့ ကားရပ်နားထားမှသာ စာပို့ခြင်းကို ပြုလုပ်ဖို့ သတိပေးထားပါတယ်။

Uber App မှာ ယာဉ်မောင်းကို အနှောင့်အယှက် နည်းပါးစေဖို့ စာသားများကို အသံထွက်ဖတ်ပေးမှာ ဖြစ်ပြီး ယာဉ်မောင်းက အလွယ်တကူ စာပြန်နိုင်ဖို့ Facebook Messenger မှာလို Thumbs Up Emoji ကို အသုံးပြုနိုင်ပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com