8/20/2017

♪ Android အတွက် မရှိမဖြစ် App (၅) ခု ♫


Google Play Store မှာ စွမ်းရည်တူညီတဲ့ App များစွာ ရှိပြီး အခမဲ့ အသုံးပြုနိုင်ကြပါတယ်။ အဲဒီ App များစွာထဲကမှ သင့် Android အတွက် မရှိမဖြစ် အကောင်းဆုံး Apps များကို ရွေးချယ်ဖော်ပြပေး လိုက်ပါတယ်။

၁။ Nova Launcher

သင့် Android ရဲ့ User Interface များ၊ Lock Screen Layout များကို သင့် စိတ်ကြိုက် ပြောင်းလဲ အသုံးပြုချင်ရင်တော့ Launcher များကို အသုံးပြုနိုင်ပါတယ်။ အဲဒီ Launcher များထဲမှာတော့ Nova Launcher က အကောင်းဆုံး ဖြစ်ပါတယ်။ သူက သင့် စမတ်ဖုန်းရဲ့ Layout, Animations, Themes, Docks, Widgets နဲ့ အခြားအရာများစွာကို ပြောင်းလဲပေးနိုင်ပါတယ်။ သူ့ကို အခမဲ့ အသုံးပြုနိုင်ပေမယ့် အခပေး ဗားရှင်းမှာတော့ စွမ်းဆောင်ချက်များ ပိုမို ပါဝင်ပါတယ်။
Download

၂။ AirDroid


AirDroid က သင့် ဖုန်းနဲ့ ကွန်ပြူတာကို ချိတ်ဆက်ပေးနိုင်ပါတယ်။ သူက သင့် ဖုန်းနဲ့ ကွန်ပြူတာ အကြားမှာ ဖိုင်များကို ကြိုးမဲ့ ပေးပို့ပေးနိုင်ပါတယ်။ သင့် ဖုန်းမှ Notifications များကို ကွန်ပြူတာကနေ ကြည့်နိုင်၊ စီမံခန့်ခွဲနိုင်ပါတယ်။ သူက Windows, Macs များနဲ့ အလုပ်လုပ်ပါတယ်။ သင့် ဖုန်း ပျောက်သွားရင်တောင် သူက ရှာပေးနိုင်ပါတယ်။ ဖုန်း ကင်မရာကို ကွန်ပြူတာကနေ အဝေးမှ ထိန်းချုပ်နိုင်ပါတယ်။
Download

၃။ LastPass Password Manager


LastPass က သင့် အကောင့်များရဲ့ Username, Password များကို သိမ်းဆည်းပေးနိုင်ပါတယ်။ ဒါ့အပြင် သူက မှန်းဆရ ခက်ခဲတဲ့ Password များကို ဖန်တီးပေးနိုင်ပါတယ်။ ၀က်ဆိုက်များကို Login ၀င်တဲ့ အခါမှာ Username, Password များကို အလိုအလျှောက် ဖြည့်ပေးနိုင်ပါတယ်။ သူ့ရဲ့ Master Password တစ်ခုကိုသာ မှတ်ထားရမှာ ဖြစ်ပြီး အခြား Password အားလုံးကို မေ့ထားနိုင်ပါတယ်။ သူ့မှာ Secure Notes , Credit Card Information များနဲ့ အခြား အရေးကြီး သတင်းအချက်အလက်များကိုလည်း သိမ်းထားနိုင်ပါတယ်။
Download

၎။ Google Keep


မှတ်စုများ၊ ဈေးဝယ်စာရင်းများ၊ ပြုလုပ်ရမယ့် အလုပ်များ၊ အစည်းအဝေး အချိန်များ စတာတွေကို မှတ်သားထားဖို့အတွက် Google Keep က အကောင်းဆုံး တစ်ခု ဖြစ်ပါတယ်။ မှတ်စုများကို အရောင်များဖြင့် မှတ်သားထားနိုင်တဲ့အတွက် အရေးကြီး မှတ်စုများကို ရှာဖွေရတာ လွယ်ကူပါတယ်။ မှတ်စုများမှာ ဓါတ်ပုံများ၊ Drawings များကို ထည့်သွင်းနိုင်တာက အလွန် အသုံးဝင်ပါတယ်။
Download

၅။ ASUS File Manager


သင့်ဖုန်းမှာ ဖိုင်မန်နေဂျာကောင်း တစ်ခု ရှိမှသာ ဖုန်းမှ ဖိုင်များကို စီမံခန့်ခွဲရတာ လွယ်ကူမှာ ဖြစ်ပါတယ်။ ASUS File Manager က ပေါ့ပါးသွက်လက်ပြီး ဖိုင်များကို စီမံခန့်ခွဲနိုင်တဲ့ စွမ်းဆောင်ချက်များက ကောင်းမွန်ပါတယ်။ သင့် စမတ်ဖုန်းမှ သာမက Dropbox, OneDrive အပါအ၀င် Cloud Storage မှ ဖိုင်များကိုပါ သူကနေ စီမံခန့်ခွဲနိုင်ပါတယ်။ သင့် ဖုန်းမှာ Storage နေရာလွတ်များ ရရှိအောင် သူက ဖိုင်များကို ချုံ့ပေးနိုင်ပါတယ်။ သူကနေပဲ သီချင်း၊ ဗီဒီယိုများကို ကြည့်နိုင်ပါတယ်။
Download




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com