![Image may contain: phone](https://scontent.fbkk9-2.fna.fbcdn.net/v/t31.0-8/21083523_731706747008064_993824346319869073_o.jpg?oh=15d9909d0cbb7923985880313de93b85&oe=5A1B6919)
Apple ရဲ့ Device များဟာလုံခြုံရေးအပိုင်းမှာ စွမ်းရည်မြင့်မားကြပါတယ်။ ဒါပေမယ့် ဟက်ကာများရဲ့ လက်ကနေ Apple ရဲ့ Device များဟာ ရှောင်ကွင်းနိုင်ခြင်းမရှိပါဘူး။
နာမည်ကြီး YouTube Channel တစ်ခု ဖြစ်တဲ့ Everything Apple Pro က iPhone 7
နဲ့ iPhone 7 Plus စမတ်ဖုန်းများရဲ့ Passcode ကိုဟက်နိုင်တဲ့
ကိရိယာငယ်တစ်ခုရဲ့ ဗီဒီယိုကို ပြသလိုက်ပါတယ်။
အဲဒီကိရိယာဟာ iOS 10.3.3 နဲ့ 11 Beta အတွင်းမှ iOS Versions များထည့်သွင်းထားတဲ့ iPhone 7 နဲ့ iPhone 7 Plus တို့ရဲ့ Passcode များကိုတွက်ချက်ပေးနိုင်ပါတ ယ်။ Passcode ရဲ့ ရှုပ်ထွေးမှုအပေါ် မူတည်၍ ကိရိယာဟာဖုန်းတစ်လုံးကိုဟက် ဖို့ ရက်အနည်းငယ်လိုအပ် ပါတယ်။
သူက Brute-Force Attack ကိုအသုံးပြု၍ Passcode ကိုရှာဖွေခြင်း ဖြစ်ပါတယ်။ သူ့မှာ USB Port ၃ ခုတပ်ဆင်ထားတဲ့အတွက် စမတ်ဖုန်း သုံးလုံးကိုတစ်ပြိုင်နက် ဟက်နိုင်ပါတယ်။ EverythingApplePro က ကိရိယာကိုတီထွင်သူများဟာ Password များကိုအကြိမ်ပေါင်းများစွာ ခန့်မှန်းနိုင်အောင် ဖုန်းရဲ့ Data Recovery State မှ လုံခြုံရေး ဟာကွက်ကိုအသုံးချထားတယ်လို့ ပြောပါတယ်။ ကိရိယာရဲ့ တန်ကြေး ဟာဒေါ်လာ ၅၀၀ လောက်သာရှိပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
အဲဒီကိရိယာဟာ iOS 10.3.3 နဲ့ 11 Beta အတွင်းမှ iOS Versions များထည့်သွင်းထားတဲ့ iPhone 7 နဲ့ iPhone 7 Plus တို့ရဲ့ Passcode များကိုတွက်ချက်ပေးနိုင်ပါတ
သူက Brute-Force Attack ကိုအသုံးပြု၍ Passcode ကိုရှာဖွေခြင်း ဖြစ်ပါတယ်။ သူ့မှာ USB Port ၃ ခုတပ်ဆင်ထားတဲ့အတွက် စမတ်ဖုန်း သုံးလုံးကိုတစ်ပြိုင်နက် ဟက်နိုင်ပါတယ်။ EverythingApplePro က ကိရိယာကိုတီထွင်သူများဟာ Password များကိုအကြိမ်ပေါင်းများစွာ
Mobile Guide Journal (Every Monday)
https://www.facebook.com/