8/19/2017

♪ တန်ဖိုး ၅၀၉,၀၀၀/- ကျပ် ၀န်းကျင်ရှိတဲ့ - “HTC U Play” အကြောင်းအသေးစိတ်လေ့လာနိုင်ဖို့ ♫

Image may contain: 1 person, smiling, text

ပြည်တွင်းဈေးကွက်ထဲတွင် HTC ဟာ အစောပိုင်းနှစ်များကတော့ လူသိများကျော်ကြားခဲ့ပြီး အခုအခါမှာတော့ အခြား သော အမှတ်တံဆိပ် များနဲ့ ပိုမိုယှဉ်ပြိုင်နေရပါတယ်။ ထုတ်ကုန်သစ်မိတ်ဆက်မှုဟာ အများ အပြား သိပ်မရှိခြင်းကြောင့် သုံးစွဲသူများနဲ့ ဝေးကွာမှုဖြစ်ပေါ်ခဲ့ရပါတယ်။ ဒါပေမယ့် ၂၀၁၇ ခုနှစ်မှာတော့ HTC ဟာ ထုတ်ကုန်သစ်များနဲ့ ဈေးကွက် အတွင်းစိန်ခေါ်မှု ပြုလုပ်လာခဲ့ပါတယ်။ HTC ရဲ့ ထုတ်ကုန်သစ် မိတ်ဆက်ပွဲကို ပြီးခဲ့သောလကလည်း ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့ပါတယ်။ HTC မိတ်ဆက်ပေးခဲ့သော ထုတ်ကုန်သစ်များကတော့ 10 evo နှင့် U Play တို့ဖြစ်ပါတယ်။ U Play ရဲ့ဒီဇိုင်းဟာ ထောင့်စွန်းများတွင် အ၀န်း အ၀ိုက်ပုံစံရှိပြီး အဓိက,ကင်မရာမှာ အနောက်ဘက်အလယ်တည့်တည့် တွင် အ၀ိုင်းပုံစံတည်ရှိပါတယ်။ ကင်မရာ၏ဘေး ဘက်မှာတော့ Flash Light ကို ထည့်သွင်းပေးထားပါတယ်။ U Play ထောက်ပံ့ပေးမည့် Network အမျိုးအစားကတော့ 2G,3G,4G ဖြစ်ပါတယ်။ဆင်းကတ်နှစ် ကတ် ထည့်သွင်းအသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ခြင်းကြောင့် လုပ်ငန်းကိစ္စနှင့်ကိုယ် ရေးကိုယ်တာကို ခွဲခြားအသုံးပြုနိုင်ပါလိမ့်မယ်။ ဆင်းကတ်များစွာကိုင်ဆောင်အသုံးပြုနေသူများအတွက်လည်း အဆင်ပြေစေမယ့် ဖုန်းအမျိုးအစားပါ။ ထည့်သွင်းသုံးစွဲရမယ့် ဆင်းကတ် အရွယ်အစားကတော့ Nano SIM ဖြစ်ပါတယ်။

ဖုန်းမျက်နှာပြင် အတွက် Super LCD Capacitive touchscreen ကို အသုံးပြုပေးထားပြီး ဖုန်းရဲ့မျက်နှာပြင်အကျယ် အ၀န်းဟာ 5.2 inches ရှိပါတယ်။ အဆိုပါမျက်နှာပြင်အကျယ်အ၀န်းဟာ Screen Size သင့်တင့်သော ဟန်းဆက်ကိုအသုံးပြုချင်သူများအတွက် အဆင်ပြေစေနိုင် သော်လည်း မျက်နှာပြင် ကြီးမားကျယ်ပြန့်သောဖုန်းကိုသာ သုံးစွဲလိုသူများ အတွက်တော့ ကျဉ်းမြောင်းသည့် ခံစားမှုကိုဖြစ်စေပါလိမ့်မယ်။ ပုံထွက်ကောင်းမွန်စေရန်အတွက်လည်း 1080x1920 pixels ပမာဏနှင့် ထောက်ပံ့ပေးထားပါတယ်။ တစ်လက်မမှာရှိမယ့် pixel ပမာဏ သိပ်သည်းဆကတော့ 428ppi ပါ။ U Play ကိုယ်ထည်ရဲ့အရွယ်အစား ပမာဏကတော့ 146x72.9x8 mm ဖြစ်ကာ အလေးချိန်မှာ 145g ရှိပါ တယ်။ ဖုန်းရဲ့အရှေ့အနောက်ကင်မရာနှစ်မျိုးစလုံးဟာ 16MP, f/2.0 စွမ်းရည်ရှိသောကြောင့် အနေအထားမျိုးစုံမှဓာတ်ပုံရိုက်ကူးသည့် အခါတွင် ပုံထွက်ကောင်းမှာဖြစ်ပါတယ်။ OIS, Face Detection, Panorama, Auto HDR နှင့် အခြားသော ကင်မရာဆက်စပ် ပတ်သက် စနစ်များကိုလည်း အသုံးပြုနိုင်မယ့် ဖုန်းဖြစ်ပါတယ်။ 1080p စွမ်းရည်ဖြင့် ဗီဒီယိုရိုက်ကူးပါက တစ်စက္ကန့်ကို 30frames နှုန်းရရှိပါမယ်။ HTC Sense Companion, HTC U Sonic စနစ်များလည်း ထောက်ပံ့ပေးထားပါတယ်။ ပြင်ပဆူညံသံများကို ဖယ်ရှားပေးနိုင်မယ့် Active Noise Cancellation with dedicated mic စနစ်လည်း ပါရှိပါတယ်။ အသုံးပြုနိုင်မယ့် OS အမျိုးအစားကတော့ MarshMallow ဖြစ်ပြီး၊ ထည့်သွင်းပေးထားသော Chipset မှာ MediaTek MT-6755 Helio P10 ဖြစ်ကာ CPU စွမ်းရည်မှာ Octa-core (4x2GHz Cortex A-53 & 4x1.1GHz Cortex-A53) ဖြစ်ပါတယ်။ GPU ကတော့ Mali-T860MP2 ပါ။ ထို့ကြောင့် ဖုန်းကို အသုံးပြုသည့်အခါတွင် လျင်မြန်သောတုံ့ပြန်မှုများကို ပေးစွမ်းပါလိမ့်မယ်။ HTC U Play ကို HTC Alpine လို့လည်း ခေါ်ဆိုနိုင်ပြီး မှတ်ဥာဏ်ပမာဏ မှာ ရောင်းချရာဈေးကွက်ပေါ်မူတည်၍ ကွဲပြားခြားနားမှု ရှိပါတယ်။ RAM 3GB ဖြစ်လျှင် ROM မှာ 32GB ပါ။ RAM 4GB ဆိုပါက ROM 64GB ပါရှိပါလိမ့်မယ်။ အချက်အလက်အများအပြားသိမ်းဆည်းလိုပါက Card Slot စနစ်ကိုအသုံးပြု၍ မှတ်ဥာဏ်ပမာဏကို ချဲ့ထွင်သုံးစွဲရပါမယ်။ အများဆုံးတိုးချဲ့နိုင်မယ့်မှတ်ဥာဏ်ပမာဏမှာ 256GB အထိ ဖြစ်ပါတယ်။

ဆက်သွယ်ရေးပိုင်းအတွက် WiFi နှင့် bluetooth version 4.2 တို့ပါရှိပြီး GPS နဲ့ NFC အထောက်အပံ့လည်း ရရှိမယ့်ဖုန်းဖြစ်ပါတယ်။ USB မှာ 2.0, Type-C 1.0 Reversible Connector အမျိုးအစားဖြစ်ပါတယ်။ ဖုန်းများအသုံးပြုသည့်အခါတွင် ကိုယ်ရေးလုံခြုံမှုအပိုင်းကိုလည်း ဂရုစိုက် ရန်လိုအပ်ပါတယ်။ HTC U Play တွင် လက်ဗွေရာစနစ်အသုံးပြုနိုင် အောင် ဆောင်ရွက်ပေးထားခြင်းကြောင့် လုံခြုံရေး စနစ်အပိုင်းအတွက် များစွာအဆင်ပြေစေပါတယ်။ Accelerometer, Gyro, Proximity, Compass paom sensor စနစ်များစွာ လည်း ထောက်ပံ့ပေးထားပါ တယ်။ အဆိုပါ HTC ရဲ့ ဖုန်းဟာ ပါဝါစားသက်သာပြီး ရေရှည်အသုံးပြုနိုင် သော ဘက်ထရီကို အသုံးပြုပေးထားပါတယ်။ U Play ရဲ့ ဘက်ထရီ အမျိုးအစားကတော့ Li-Ion 2500mAh ဖြစ်ပြီး၊ 3G Network တွင် အသင့် အနေအထား၌ နာရီ ၄၀၀ ကျော်နီးပါး ခံနိုင်စွမ်းရှိအောင် စွမ်းဆောင် ပေးနိုင်ပြီး စကားပြောဆိုသည့်အခါတွင် ၁၅ နာရီနီးပါး ခံနိုင်ရည်ရှိအောင် ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းအားသွင်းသည့်အခါတွင်လည်း အချိန်တို အတွင်း ဖုန်းအားပြည့်စေရန် Fast Battery Charging စနစ်ပါရှိပါတယ်။ HTC ရဲ့ ယခုဖုန်းကိုဝယ်ယူပါက အာမခံသက်တမ်းတစ်နှစ်ရရှိမှာဖြစ်ပါ တယ်။ ဖုန်းများ ၀ယ်ယူသည့်အခါတွင် အရောင်ရွေးချယ်ခြင်းဟာလည်း အရေးပါလှပါတယ်။ ထို့ကြောင့် သက်ဆိုင်ရာဖုန်းကုမ္ပဏီများဟာ ဖုန်း အသစ်များကို လှပသောအရောင်များစွာဖြင့် ထုတ်လုပ်ရောင်းချကြပါ တယ်။ U Play တွင် လှပသောအရောင် ၄ မျိုးရှိတာကြောင့် သုံးစွဲသူများ အနေဖြင့် ကြိုက်နှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်ပါမယ်။ HTC U Play ရဲ့ တန်ဖိုးကတော့ ၅၀၉,၀၀၀/- ကျပ် ၀န်းကျင်ဖြစ်ပါတယ်။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com