8/03/2017

♪ 1 MB ကို ၁ ကျပ် နှုန်းသာပေးရသော Facebook Plus အစီအစဉ်ကို အူရီဒူးမိတ်ဆက် ♫


လူမှုကွန်ရက်အသုံးပြုသူများ နှစ်သက်သဘောကျမယ့် Facebook, Viber နှင့် BeeTalk အားလုံး အသုံးပြုခွင့် ပါတဲ့ အမျိုးအစား ၃မျိုးစုပေါင်းထားတဲ့ Facebook Plus အစီအစဉ်ကို ပိုမိုသက်သာတဲ့ နှုန်းထားဖြစ်တဲ့ 1Mb ကို ၁ကျပ်နှုန်းနဲ့ Facebook Plus အစီအစဉ်သစ်ကို စတင် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်တယ် လို့ သိရပါတယ်။

လူမှုကွန်ရက်အသုံးပြုခြင်းကို ချစ်ခင်မြတ်နိုးသူများအတွက် “Facebook Plus” အစီအစဉ် ၃မျိုး ကမ်းလှမ်းပေး လိုက်ပြီး အဲဒီအစီအစဉ်ကို ရယူခြင်းဖြင့် Facebook, Viber နှင့် BeeTalk တို့ကို အသုံးပြုနိုင်မှာ ဖြစ်တယ် လို့ သိရပါတယ်။ တစ်ရက်စာ 200MB ကို ကျပ် 200 ဖြင့် လည်းကောင်း၊ တစ်ပတ်စာ 1GB ကို ကျပ် 1000 ဖြင့်လည်းကောင်း၊ ရက် ၃ဝ စာ 4GB ကို ၃,၉၉၉ကျပ်ဖြင့်လည်းကောင်း အသုံးပြုနိုင်မှာ ဖြစ်တယ် လို့ သိရပါတယ်။

သုံးစွဲသူတွေအနေဖြင့် အဲဒီအစီအစဉ်ကိုရယူထားခြင်းဖြင့် Facebook, Facebook Messenger (စတေးတပ်စ်များတင်ခြင်း၊ ဓာတ်ပုံနှင့် ဗွီဒီယိုတင်ခြင်း၊ (သို့) Live ဗွီဒီယို လွှင့်ခြင်း) အပြင် Viber နှင့် BeeTalk တို့ကိုပါ မက်ဆေ့ခ်ျပေးပို့ခြင်း၊ စတစ်ကာပေးပို့ခြင်း၊ အသံနှင့် ဗွီဒီယိုဖြင့်ဖုန်းခေါ်ခြင်းတို့အတွက် အသုံးပြုနိုင်မှာဖြစ်ပြီး အူရီဒူးသုံးစွဲသူများအနေဖြင့် *133*2# ကိုခေါ်ဆိုပြီး Facebook Plus အစီအစဉ်ကို ဝယ်ယူနိုင်မှာဖြစ်တယ် လို့ ဆိုပါတယ်။


Credit to ==> DigitalTimes.com.mm





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com