ပတ်ဝန်းကျင်ကို ပကတိအတိုင်းခံစားနိုင်အောင် မြင်နိုင်တဲ့
360ဓာတ်ပုံတွေကို ရိုက်ကူးဖို့ အရင်က 360 ကင်မရာတွေနဲ့ ရိုက်ကူးကြရပေမယ့်
အခုအချိန်မှာ Gyroscope ပါဝင်တဲ့ ဘယ်စမတ်ဖုန်းမဆို ရိုက်ကူးနိုင်အောင်
Application တွေနဲ့ ဖန်တီးနိုင်ပြီး Facebook ကလည်း ရိုက်ကူးထားသမျှ
ဓာတ်ပုံတွေကို တင်လိုက်တဲ့အခါ အထောက်အပံ့ပေးနိုင်အောင် ဖန်တီးပေးထားပြီး
ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်လက်ထဲမှာရှိတဲ့ စမတ်ဖုန်းတစ်လုံးနဲ့ 360
ဓာတ်ပုံတွေကို ရိုက်ကူးနိင်မယ့် နည်းလမ်းအချို့ကို သိရှိနိုင်အောင်
ဖော်ပြပေးလိုက်ပါတယ်။
Street View App နဲ့ 360 ဓာတ်ပုံတွေ ရိုက်ကူးခြင်း
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_tLoAV8LQJiHGjx-1wpim5Ae5ZY6XSwwvAmx2lzwW1Hd4o--qeGAyBVsXfIA4MUCb4_AieT5Li3GePR6X02yuvEWbcqNuX8lLCQoNBTFPz6EpAF2zWiHVy2AvSoaEVtpJtxRG1-69s=s0-d)
Google ကနေ ထုတ်ထားတဲ့ Street View ဆိုတဲ့ App ဖြစ်ပြီး သူနဲ့ရိုက်ကူးထားသမျှ ဓာတ်ပုံတွေဟာ သူ့App အတွင်းမှာလည်း 360 ဓာတ်ပုံအနေနဲ့ ကြည့်ရှုနိုင်ပြီး Facebook ပေါ်ကို ပြန်တင်မယ်ဆိုရင်လည်း 360 ဓာတ်ပုံပုံစံနဲ့ အများကို ကြွားနိုင်မှာပဲဖြစ်ပါတယ်။ Street View App ကို ဖွင့်လိုက်ရင် မြင်ရမှာက အခြားသူတွေ ရိုက်ထားပြီး Share ထားတာတွေကိုမြင်ရမှာပါ။ တစ်ကမ္ဘာလုံးက တင်ထားတဲ့ 360 ဓာတ်ပုံတွေကိုလည်း ကြည့်ရှုလေ့လာနေလို့လည်း ရပါတယ်။ ကိုယ်တိုင်ရိုက်ကူးမယ် ဆိုရင်တော့ အောက်ဘက်မှာ ကင်မရာ + sign ပုံလေးနဲ့ မြင်တွေ့ရပါလိမ့်မယ်။ အဲဒါကို နှိပ်လိုက်မယ် ဆိုရင် App က ညွှန်ကြားတဲ့ အတိုင်းလိုက်ပြီး ရိုက်လိုက်ပါ။ တစ်နေရာတည်း အသေချိန်ထားတာမျိုး မဟုတ်ဘဲနဲ့ ဟိုဟိုဒီဒီ ကင်မရာကို လိုက်ရွှေ့ကြည့်ဖို့လည်း လိုအပ်ပါ တယ်။
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_tPA6YK59blZpiN45cdzAXGh-Z6qUArvoWe1riiynSUwPKXR5JF4mPquUJEqZSqG0HeK_FaodliRKthqLbXh0X2bUuXqGMlBwo7JIy6VN-poY6zVjG9UuXbIgRYNVwusRnpoVkTiA=s0-d)
ကင်မရာနဲ့ လိုက်ရွှေ့ကြည့်နေတဲ့ အချိန်မှာပဲ လိမ္မော်ရောင် အစက်လေးတစ်ခု ပေါ်လာတာ ကို တွေ့ရပါလိမ့်မယ်။ အဲလိုအချိန်မှာ ကင်မရာမှာပေါ်နေတဲ့ Shutter အဝိုင်းလေးနဲ့ လိမ္မော်ရောင် အစက်ကို တည့်တည့်ကျအောင် ဖမ်းယူပေးလိုက်မယ်ဆိုရင် အလိုအလျောက် ဓာတ်ပုံရိုက်ကူးမှု ကို ပြုလုပ်ပေးပါလိမ့်မယ်။ ကင်မရာထဲမှာ လှည့်ပတ်ပြီး လိမ္မော်ရောင် အမှတ်လေးတွေကို ရှာဖွေ ဖမ်းယူပေးမယ်ဆိုရင် သူကပတ်ဝန်းကျင်မှာရှိနေတဲ့ ပုံရိပ်တွေကို အလိုအလျောက် ဖမ်းယူပေးနေ မှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်ရိုက်တဲ့ ဓာတ်ပုံမှာ အမှားတစ်ခု ပါဝင်သွားမယ်ဆိုရင်လည်း undo ပြန်လုပ်နိုင်ပါတယ်။
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_ux1pnyhLM64Lq1eN4UA0NaCi8Lfvku5JoljDt0LIXLL6DYgI_o8sXcCjVkF411pqC0XTZLZJvDf62fuF0Btaij37IYreUr9iVTXi7VMQ5g-3kmhnhcKPAFXrJMftrgzjn6NLcPF10=s0-d)
ပြီးရင် ပြန်ရိုက်ပြီး သူခိုင်းသလို ပြည့်စုံတဲ့ပတ်ဝန်းကျင် ဓာတ်ပုံတွေ အားလုံးရပြီဆိုရင် Processing ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ သတိထား စရာတစ်ခုက တကယ်လို့ ကိုယ်က သူရိုက်ခိုင်းတာ တစ်ခုခုကျန်သွားမယ် ဆိုရင်တော့ 360 ဓာတ်ပုံပြန်ကြည့်တဲ့အချိန်မှာ ကိုယ်မရိုက်မိလိုက်တဲ့ ဓာတ်ပုံနေရာမှာ အကွက်ကြီး ထင်ကျန်ခဲ့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ နောက်ပြီး လူတွေလှုပ်ရှားနေတဲ့ အချိန်ရိုက်ကူးမယ်ဆိုရင်လည်း လူတွေရဲ့ အချိုးမကျတဲ့ ပုံစံတွေ ဓာတ်ပုံထဲပါလာမှာကို သတိထားရမှာ ဖြစ်ပါတယ်။
360 ဓာတ်ပုံကို Photo Sphere App ရိုက်ကူးခြင်း
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_v56kR3pI0f-OQNHChzCqV4g3eh0u_83kQbYtry0XJW_DeIkRAmQoHIJY8IEmADq3sSCF0zjed9fYbkq7fd905s6XokGhwZgjBxJ1ketr0arQBE2u6WEKk3esDodVe7B79ffh6a-A=s0-d)
တကယ်လို့ သင့်ရဲ့ ဖုန်း Camera ထဲမှာ Photo Sphere စနစ်ပါဝင်တာကို တွေ့ပြီဆိုရင် ရိုက်ကူးရမယ့် ပုံစံက Street View ပုံစံပဲရိုက်ကူးရမှာ ဖြစ်ပါတယ်။ Dot လေးတစ်ခုကို ကင်မရာထဲမှာ လိုက်ရှာပါ။ ပြီးရင် ဖမ်း။ ဖမ်းလိုက်ရင် အလိုအလျောက် ရိုက်ကူးပေးမယ်။ ရိုက်ကူးထားသမျှ ပုံတွေပြည့်စုံသွားရင် 360 ပုံဖြစ်အောင် processing လုပ်ပေးမယ်။ အားလုံးဟာ Street view နဲ့ ပုံစံအတူတူပဲ ဖြစ်ပါတယ်။
360 ဓာတ်ပုံကို Cardboard Camera ရိုက်ကူးခြင်း
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_tYM6kkr8gIOOm8nGOcnwI-rXIVQDCtNWE0ibibYV5OnEavL0b1qIwgplx2AFP5drgnuDiNQTb5FP5rLKtJ6CvvQ0bCA6NRFbMUhfOydl_Nvz52B_WdP4PXOfm04JiCFfTfjTkGI50=s0-d)
Cardboard Camera နဲ့ ရိုက်ကူးမယ်ဆိုရင်တော့ နည်းနည်းလေး ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ အဲဒါတွေက ကင်မရာထဲမှာ အပြည့်ပေါ်နေတဲ့ပုံကိုပဲ Shutter buttom ကိုနှိပ်လိုက်ပြီး ညာဘက်ကို ဖြည်းဖြည်းလေးဆွဲပြီး လှည့်ပတ်ရိုက်ကူးရမှာ ဖြစ်ပါတယ်။ အပေါ်နဲ့ အောက်တွေ ကိုတော့ မြင်ရမှာမဟုတ်ပေမယ့် သူ့မှာထူးခြားတာက အသံတွေပါ ထည့်သွင်းရိုက်ကူးလို့ ရတာကို တွေ့ရပါတယ်။ တကယ်လို့ ရိုက်ကူးပြီးစီးသွားပြီဆိုရင် VR Viewer ထဲမှာ ကြည့်ရှုလို့ရပါတယ်။
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_tMazN_6WIbZNPmRHLtdItcLlFcneVmJYdWyN8P91t3SHzXNtJx_WWKxlocnMu2fFWxp656fCIcrRbXx7IoVs_4H0BjeD73wQp87UNt8JaIoBW5Ab57A-W4wABov9qBuYxNURb0Dww=s0-d)
Panorama mode နဲ့ 360 ဓာတ်ပုံဖြစ်အောင် ရိုက်ကူးခြင်း
Facebook က iPhone ရဲ့ Panorama mode နဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုလည်း 360 ဓာတ်ပုံတွေအဖြစ် ဖော်ပြပေးပါတယ်။ Android ဖန်းတွေအတွက်ကတော့ နည်းနည်းကွဲပြား ခြားနားမှုတွေရှိတဲ့အတွက် Android ဖန်းမှာ Panorama နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေက Facebook ပေါ်ကိုတင်ရင် 360 Effect ပုံစံရမှာမဟုတ်ပါဘူး။ Panorama ရိုက်တဲ့ပုံစံကတော့ အားလုံးသိပြီးသားဖြစ်တဲ့ ဖန်းကင်မရာက Panorama ရိုက်တဲ့အခါမှာ ညွှန်ကြားတဲ့ ပုံစံအတိုင်း ရိုက်ကူးပြီး ရတဲ့ပုံကို Facebook ပေါ် Upload တင်ရုံပဲဖြစ်ပါတယ်။
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_sAxQUVR_qYGzOTPZJ4LNLhsTRs_icwVZ0ISEqu3izNhFgwwaWXsYbvWwX649RW454ufT4i5lHrTaEmjP7AlVONarp1ABcF4TU7fwn-9MUG_3JxOAo_zSt6nBiMNubmJWK8rUm4DAA=s0-d)
360 ကင်မရာတွေသုံးပြီး ရိုက်ကူးခြင်း
360 ဓာတ်ပုံတွေ ရိုက်ကူးဖို့ သီးသန့်ထုတ်ထားတဲ့ 360 ကင်မရာတွေကတော့ မိုဘိုင်းဖုန်းနဲ့ ရိုက်ကူးတာထက် အရည်အသွေးကလည်း ပိုမိုကောင်းမွန်ပြီး လွယ်ကူတာကို တွေ့ရပါတယ်။ ဈေးကွက်ထဲမှာ Brand မျိုးစုံနဲ့ ရောင်းချနေတဲ့ 360 ဓာတ်ပုံ ကင်မရာတွေများစွာရှိပြီး မိုဘိုင်းဖုန်းနဲ့ ချိတ်ဆက်ရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် အားလုံးသော ကင်မရာတွေကရလာတဲ့ ဓာတ်ပုံတွေ အကုန်လုံးကလည်း Facebook ရဲ့ 360 Formet ကို အထောက်အပံ့ ပေးပြီးသားပဲ ဖြစ်ပါတယ်။ 360 ကင်မရာတွေက ဓာတ်ပံကိုသာမကပဲ ဗီဒီယိုကိုပါ ရိုက်ကူးနိုင်တဲ့အတွက် ပိုပြီး အဆင်ပြေတာကို တွေ့ရပါတယ်။
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_vGKTc1AxJ9P7MYwrc3Mv-JkW0EPpcgWOB2rhn8aKiYscFG-AP3KoU7u5NbMKOWVK2SUH9G4Q19-RtI9B9CrYzAI4s1Ir9XlhYC-ozFmFxc380uGNp0DBgcdyzsW6W4bujmvGz243g=s0-d)
-စည်သူ