8/03/2017

♪ Facebook မှာ အမှိုက်များကို ရှင်းလင်းနည်းများ ♫


Facebook အသုံးပြုတဲ့ သက်တမ်း ၅ နှစ်၊ ၁၀ နှစ်လောက် ရှိနေပြီဖြစ်တဲ့ လူတွေ များပြားလာပါပြီ။ အချိန်တွေ ကြာလာတာနဲ့အမျှ လူတွေရဲ့ စိတ်ဝင်စားမှုများကလည်း ပြောင်းလဲသွားပါတယ်။ အဲဒီအတွက် သင် တချိန်က Facebook မှာ Like လုပ်ထားတဲ့ Pages များ၊ သင်နဲ့ အပြင်မှာ သိကျွမ်းခြင်း မရှိဘဲ သူငယ်ချင်း အဖြစ် လက်ခံထားတဲ့ လူများ၊ အဖွဲ့ဝင်ထားတဲ့ ဂရုများ စတာတွေဟာ သင့်ရဲ့ Facebook အကောင့်မှာ အမှိုက်အဖြစ် ရှိနေမှာပါ။ အဲဒီ အမှိုက်များဟာ သင့်ရဲ့ Newsfeed မှာ ပေါ်လာတတ်တဲ့အတွက် သင့်ကို စိတ်ရှုပ်စေမှာပါ။ အဲဒီအတွက် သင့် Facebook အကောင့်မှာ အမှိုက်များကို ရှင်းလင်းပေးမယ့် နည်းလမ်းများကို ဖော်ပြလိုက်ပါတယ်။ ဒီနည်းလမ်းများဟာ အဟောင်းများ ဖြစ်ပေမယ့် အသုံးပြုဖို့ မေ့နေတတ်ကြပါတယ်။

သင် မနှစ်သက်တဲ့ လူများကို Unfollow လုပ်ပါ။


သင် မနှစ်သက်တဲ့ ပို့စ်များကို တင်နေတဲ့ လူများ သင့်ရဲ့ Friend List ထဲမှာ ရှိနေတယ်ဆိုပါစို့။ သူတို့ဟာ သင်နဲ့ အပြင်မှာ သိကျွမ်းခြင်းလည်း မရှိရင် Unfriend လုပ်နိုင်ပါတယ်။ အပြင်မှာ သိကျွမ်းသူများ၊ လုပ်ဖော်ကိုင်ဖက်များဖြစ်နေပြီး အဆက်အသွယ် ပြုလုပ်ချင်သေးရင်တော့ Unfollow လုပ်ပါ။ Unfollow လုပ်ရင် သူ့ရဲ့ ပို့စ်များကို မမြင်ရတာကလွဲပြီး သင်နဲ့ သူဟာ သူငယ်ချင်း အဖြစ် ဆက်လက်ရှိနေမှာပါ။ စာပို့ ဆက်သွယ်မှုများလည်း ပြုလုပ်နိုင်ပါတယ်။ အဲဒီ လူရဲ့ ပရိုဖိုင် စာမျက်နှာကို သွားပါ။ Following Button ကို နှိပ်ပြီး Unfollow ကို နှိပ်ပါ။

သင် မနှစ်သက်တဲ့ အရာများကို ဖျောက်ပါ။
Newsfeed မှာ သင် မနှစ်သက်တဲ့ ပို့စ် အမျိုးအစားများကို ဖျောက်ထားနိုင်ပါတယ်။ သင် မနှစ်သက်တဲ့ ပို့စ် အမျိုးအစားကို တွေ့ရင် ရွေးချယ်စရာ နှစ်ခု ရှိပါတယ်။



• ပို့စ်ရဲ့ ညာဘက်မှ အောက်စိုက်နေတဲ့ မျှားကို နှိပ်ပြီး Hide Post ကို နှိပ်ရင် ဒီလို ပို့စ်အမျိုးအစားများကို သင့် Newfeeds မှာ အနည်းငယ်သာ တွေ့ရတော့မှာပါ။
• Hide all from ကို ရွေးချယ်ရင်တော့ အဲဒီလူ သို့မဟုတ် Page မှ ပို့စ်များကို လုံးဝမြင်ရမှာ မဟုတ်တော့ပါဘူး။

သင့်ရဲ့ Page နဲ့ Group များကို ပြန်လည် သုံးသပ်ပါ။
သင် Like လုပ်ထားတဲ့ Page များနဲ့ အဖွဲ့ဝင်ထားတဲ့ Group များကို ပြန်လည် ဝေဖန်သုံးသပ်ဖို့လည်း အရေးကြီးပါတယ်။ Newsfeed ရဲ့ ဘယ်ဘက်ခြမ်းမှ Pages ထဲသွားပါ။ Liked Pages ကဏ္ဍမှာ သင် Like လုပ်ထားတဲ့ Page များအားလုံးကို ပြသထားပါတယ်။ Page တစ်ခုချင်းစီကို သွားပြီး Liked Button အပေါ်ကို Mouse Cursor တင်ပါ။ Unlike this Page ကို နှိပ်ပါ။



Newsfeed ရဲ့ ဘယ်ဘက်ခြမ်းမှ Groups ထဲသွားပါ။ အပေါ်ထိပ်မှ Groups ကဏ္ဍထဲသွားပါ။ အဲဒီမှာ သင် အဖွဲ့ဝင်ထားတဲ့ ဂရုအားလုံးကို ပြသပေးထားပါတယ်။ မနှစ်သက်တော့တဲ့ ဂရုရဲ့ ညာဘက်ဘေးမှ Settings Icon ကို နှိပ်ပြီး Leave Group ကို ရွေးချယ်ပါ။

သင့်ရဲ့ Advertiser Profile ကို စီမံခန့်ခွဲပါ။


Facebook က သင် နှစ်သက်မယ်ထင်တဲ့ ကြော်ညာများကို သင့်အား ရွေးချယ်ပြသပေးပါတယ်။ သူက သင်နှစ်သက်တဲ့ အရာများကို သင့်ရဲ့ Advertiser Profile အဖြစ် သိမ်းဆည်းပေးထားပါတယ်။ သင့်ရဲ့ Advertiser Profile မှာ သင် စိတ်ဝင်စားတဲ့ အရာများကို သင်ကိုယ်တိုင် ပြင်ဆင် သတ်မှတ်နိုင်ပါတယ်။ Settings> Ads> Your Interests ထဲသွားပါ။ အဲဒီမှာ သင် နှစ်သက်တဲ့ အရာများကို ကဏ္ဍများဖြင့် ပြသထားပါတယ်။ သင် မနှစ်သက်တဲ့ အရာများကို ဖယ်ရှားနိုင်ပါတယ်။
Facebook မှာ အမှိုက်များကို ရှင်းလင်းပြီးရင်တော့ Newsfeed မှာ သင်နှစ်သက်တဲ့ ပို့စ်များ၊ ကြော်ညာများကိုသာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။




Credit to ==> DigitalTimes.com.mm
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com