8/06/2017

♪ Meizu ရဲ့နည်းပညာအသစ်တွေနဲ့ထပ်မံမိတ်ဆက်လိုက်တဲ့ - “Tiny Selfie Screen On: Meizu Pro 7 Plus” ♫

Image may contain: 1 person, text

တရုတ်နိုင်ငံတွင်းမှာပဲအခြေစိုက်ပြီးစမတ်ဖုန်းတွေထုတ်လုပ်နေတဲ့ Meizu ကုမ္ပဏီဟာ Meizu Pro 7 နှင့် Pro 7 Plus တို့ကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကမိတ်ဆက်ပေးခဲ့ပါတယ်။ဖုန်းနှစ်မျိုးစလုံးရဲ့နောက်ကျောဘက်မှာ Dual ကင်မရာနဲ့အတူဒုတိယမျက်နှာပြင်ငယ်လည်းထည့်သွင်းပေးလာပါတယ်။ ဒီလိုနည်းပညာကို LG V series ဖုန်း တွေမှာတွေ့မြင်ဘူးပါလိမ့်မယ်။ သို့ပေမယ့် သူရဲ့လုပ်ဆောင်ချက်ကတော့ always on display ပုံစံမျိုးပါ။ ယခုရက်ပိုင်းအတွင်းမိတ်ဆက်ထားတဲ့ LG Q8 မှာလည်းဒီလိုနည်းပညာ ကို ထည့်သွင်းပေးထားပါသေးတယ်။ Pro 7 နှင့် Pro 7 Plus တို့ဟာ Meizuရဲ့ယခင်ထုတ်လုပ်ခဲ့တဲ့ဒီဇိုင်းနှင့်လုံးဝကွဲပြားခြားနားတဲ့ဖုန်း ဖြစ်ပါတယ်။ အထူးသဖြင့်ကျောဘက်ကင်မရာနှစ်ခုနှင့်ကျောဘက်မှာ ရုပ်ထွက်ပါဝင်နေတာပါ။ Meizu Pro 7 Plus ကမျက်နှာပြင် ၅.၇လက်မ ဖြစ်ပြီး QHD ရုပ်ထွက်နှင့်ထောက်ပံ့ထားပါတယ်။ Pro 7 ကမျက်နှာပြင် ၅.၂လက်မဖြစ်ပါတယ်။ Super AMOLED ရုပ်ထွက်နှင့်ပဲထောက်ပံ့ထား ပါတယ်။ ဖုန်းနှစ်မျိုးလုံးရဲ့ကျောဘက်မှာ1.9-inch 240 x 536 (307 ppi)လက်မမျက်နှာပြင်ရုပ်ထွက်ပါဝင်ပြီး AMOLED ရုပ်ထွက်ပဲသုံးထားပါ တယ်။ကျောဘက်ကင်မရာ နှစ်ခု ကို 12MPနဲ့ဆိုနီရဲ့ lMX386 ဆင်ဆာနှစ်ခု သုံးထားပါတယ်။ အလင်းဝင်ပေါက် f/2.0 သုံးထားပါတယ်။ တစ်ခုက ကာလာနှင့်ရိုက်ကူးဖို့ ဖြစ်ပြီးကျန်တစ်ခုကအဖြူ/ အမည်းရိုက်ကူး ဖို့ ဖြစ်ပါတယ်။ အလင်းရောင်နည်းပါးချိန်မှာ လည်းကောင်းမွန်တဲ့ဓာတ်ပုံ များရိုက်ကူးနိုင်ပါမယ်။ ရှေ့ကင်မရာက 16MP ဖြစ်တာကြောင့်ကောင်းမွန် တဲ့ Selfie ဓာတ်ပုံများရိုက်ကူးနိုင်ပါမယ်။ Pro 7 နှင့် Pro 7 Plus ကွာခြားချက်ကတော့ Processor ဖြစ်ပါတယ်။ Plus ဗားရှင်းမှာ MediaTek ရဲ့Helio X30 သုံးထားပါတယ်။ Pro 7 မှာတော့Helio P25 ပဲအသုံးပြုထားပါတယ်။

Meizu Pro 7 မှာ RAM4GB ပါဝင်ပြီးအချက်အလက်သိုလှောင်မှုအတွက် 64GB ပါဝင်ပါတယ်။ Plus ဗားရှင်းမှာ တော့ RAM6GBနဲ့အတူ အချက်အလက်သိုလှောင်ဖို့အတွက် 128GB ပါဝင်မှာပါ။ Plus ဗားရှင်းမှာ ဘက်ထရီ 3500mAhပါဝင်ပြီးအားသွင်းနိုင်စွမ်းအတွက် mCharge 4.0 ပါဝင်ပါတယ်။ နာရီဝက်အားသွင်းရုံဖြင့် ၆၇ ရာခိုင်နှုန်းအထိဘက်ထရီရရှိ ပါမယ်။ Pro 7 မှာတော့ဘက်ထရီ 3000 mAhပဲပါဝင်ပြီးmCharge 3.0 ပဲသုံးထား ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ Meizu Pro 7 Plus ရဲ့ကင်မရာစမ်းသပ်ချက်ပုံအားလုံးကို မြန်မာနိုင်ငံမှာ ပဲရိုက်ကူးသွားခဲ့ တာပါ။ လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရMeizu Pro 7 ရဲ့ဈေးနှုန်း ကဒေါ်လာ၄၃၀ ဖြစ်ပြီး Pro 7 Plus ရဲ့ဈေးနှုန်းကဒေါ်လာ၅၃၀ ဖြစ်ပါ တယ်။ ဒါကြောင့် Meizuရဲ့ Pro 7 စမတ်ဖုန်းသစ်တွေရဲ့လုပ်ဆောင်ချက် တွေ အကြောင်း မိတ်ဆက်ဖော်ပြပေးလိုက်ပါတယ် . . . . .

<Introducing new possibilities>

စမတ်ဖုန်းတစ်ခုရဲ့စွမ်းအားတွေကိုလျော့ပါးသွားနိုင်တဲ့နေရာတွေအများ အပြားရှိတဲ့အထဲမှာ Display ကလည်း တစ်ခုအပါဝင်ဖြစ်ပါတယ်။ ဒါကြောင့် 5.2 inchesနဲ့ 5.7လက်မမျက်နှာပြင်၊ Display ရဲ့အရည် အသွေး နဲ့ပါဝါစွမ်းအင်လျှော့ချနိုင်စွမ်းနှစ်ခုလုံးကိုသမမျှတ အောင်ပြုလုပ် ပေးထားပါတယ်။ Super AMOLED Display ရဲ့ Pixel တစ်ခုချင်းစီ အလိုက် ပုံရိပ်ဖော်ပြမှုအနေအထားပေါ်မူတည်ပြီး ဘက်ထရီသက်တမ်း တာရှည်ခံအောင် ပြုလုပ်ပေးထားပါတယ်။ နောက်ကျောဘက် display ငယ်လေးမှာတော့ Pro 7နဲ့ 7Plusရဲ့မျက်နှာပြင်ဟာ အလင်းအမှောင် ညီမျှအောင်ပြုလုပ်ပေးမှာဖြစ်ပြီးရှင်းလင်းပြီးမျက်စိအာရုံနဲ့လိုက်ဖက်ညီတဲ့အလင်းရောင်မျိုးကိုထုတ်လွှင့်ပေးပါလိမ့်မယ်။

<Outstanding Meizu-customized 10-core processor>

Processor အသစ်ဟာ CPU ရဲ့ဖန်တီးနိုင်စွမ်းကိုတစ်မျိုးတစ်ဖုံပြောင်းလဲ သွားစေလိမ့်မယ်။ သူ့ရဲ့ဆင့်ကဲတိုးတက်မှုဟာ 10-core Processor ဖြစ်စေဖို့အတွက် Quad-Core Processor နှစ်ခု၊ Dual-Core Processor တစ်ခုကိုစနစ်တကျဖွဲ့စည်းပေးထားပါတယ်။ သူ့ရဲ့ Graphic အပိုင်းကိုတော့လက်ရှိနည်းပညာ ပိုင်းတိုးတက်မှု တွေအရ PowerVR 7XTPကိုသုံးထားပါတယ်။ ပရိုဆက်ဆာပိုင်းအတွက် Pro 7 မှာ ဆိုရင် တော့ပုံမှန်ဗားရှင်း အတွက် သုံးထားတာကMediatek MT6757T Helio P25 ဖြစ်သွားပြီး၊ဂရပ်ဖစ်မှာဆိုရင်လည်းMali-T880MP2 ဖြစ်သွားပါ တယ်။ Hiht edition ကိုဝယ်ယူမှသာ Mediatek MT6799 Helio X30နဲ့ရနိုင်ပါလိမ့်မယ်။ ပိုမိုကြီး မားတဲ့ 4GB RAM နဲ့အတူ Flesh Storage ပိုင်းမှာeMMC 5.1 ကိုထောက်ပံ့ပေးထားပါတယ်။ Pro 7/ 7plusအနေနဲ့ App တွေကိုလွယ်လင့်တကူ ထိန်းချုပ်နိုင်ဖို့ Firmware အတွက်အဆင့်မြှင့်တင်နိုင်စွမ်းတွေလည်း သူ့ရဲ့ Processor ဟာ လိုက်လျော ညီထွေစွာရှိမှာဖြစ်ပြီး Chip တွေရဲ့အပူစွန့်ထုတ်နိုင်စွမ်းကို လည်း အခက်အခဲ မရှိအောင်ပြုလုပ်ပေးထားပါတယ်။

<mTouch Turn Your Finger into a Key>

မိုဘိုင်းဖုန်းကနေငွေပေးချေတဲ့စနစ်တွေခေတ်စားလာတဲ့နောက်မှာတော့ဖုန်းရဲ့လုံခြုံရေးပိုင်းဟာအရေးကြီးတဲ့အပိုင်းမှာပါဝင်လာခဲ့ပါတယ်။ Meizu မှာတော့ mTouch ရဲ့လုပ်ဆောင်ချက်ဟာ နောက်ဆုံးပေါ်မျိုးဆက်ဖြစ်တာ ကြောင့်လက်ဗွေတွေမှတ်မိသိရှိနိုင်စွမ်းနဲ့လုံခြုံရေးဆိုင် ရာအချက်အလက် အပိုင်းမှာအဆင့်အတန်းမြင့်လာပါပြီ။ဒါ့အပြင် Home Button အပေါ်ကို လက်ဗွေတင်လိုက်တာနဲ့ဖုန်းကို ဖွင့်လှစ်နိုင်စွမ်းရှိလာမှာဖြစ်ပြီး ကိုယ်ထည် ဟာ သတ္ထု ၉၈ ရာခိုင်နှုန်းပါဝင်လာခဲ့ပါပြီ။

<Thin and Sharp, Small but Universal>

ကင်မရာဟာအခုနောက်ပိုင်းထွက်စမတ်ဖုန်းတွေမှာထည့်သွင်းလာသလိုမျိုးကိုယ်ထည်နဲ့တစ်သားတည်း ဖြစ်နေပါလိမ့်မယ်။ ဒီထက်ပိုသွားတာ ကတော့ နောက်ကျောဘက် display နဲ့တစ်သားတည်းဖြစ်နေတာပါ။ Meizu အနေနဲ့ကင်မရာရဲ့အထားအသိုပိုင်းကိုဂရုစိုက်လာခဲ့ပြီး လုပ်ဆောင်ချက်တွေကိုအဆင့်မြှင့် တင်ထားပါတယ်။ ကင်မရာရဲ့ စွမ်းဆောင်ရည်ဟာ အလင်းအားနည်းနေတဲ့အချိန်မှာတောင်မှ ရုပ်ထွက်ကောင်းကောင်းကိုရစေ တယ်လို့ဆိုပါတယ်။ ဒီလိုဖြစ်စေဖို့ အတွက် Dual 12 MPကင်မရာကိုသုံးထားပြီးLaser Focus ရဲ့ အကွာ အဝေး ကလည်း (၄)ဆအထိချဲ့ယူနိုင်စွမ်းရှိမှာပါ။ Phase Focus ရဲ့ကြာချိန်ကတော့ 0.07sသာရှိတော့မှာဖြစ်ပြီး Annual Flash ကတော့ (၁၀)ဆပိုမိုမြန်ဆန်လာပါလိမ့် မယ်။

<Hi-Fi>

Pro 7မှာတပ်ဆင်ထားတဲ့CS34L36 Chip အစွမ်းကြောင့်အသံစွမ်းရည်နဲ့ ပတ်သက်ပြီးတော့၊ ပိုမိုပြီးတော့စွမ်း ရည်ပြည့်ဝတဲ့Audio ပိုင်းကိုပေးစွမ်း မှာဖြစ်ပါတယ်။ အသံတွေဟာကြည်လင်ပြတ်သားမှုဖြစ်တဲ့အပြင်ဖုန်း ကနေ တစ်ဆင့်ထုတ်လွှင့်လိုက်တဲ့အသံတွေရဲ့ လှိုင်းနှုန်းကလည်းပိုမို ကျယ်ပြန့်လာမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် သီချင်းတွေ နားထောင်နေတဲ့အချိန်မှာပါဝါစားသောက်မှုအပိုင်းမှာ အရမ်းကြီးမသုံးစွဲတော့ဘဲနဲ့ သင့်တော်တဲ့ပါဝါစွမ်းအားကိုသာစွဲယူသုံးစွဲ မှာဖြစ်ပါတယ်။ Hi-Fi လှိုင်းနှုန်းတွေကလည်း ၇၅ရာခိုင်နှုန်းသာ ပိုမို တိုးတက်လာပါလိမ့်မယ်။

<mCharge 3.0/ 4.0>

မြန်ဆန်ပြီးစမတ်ကျတဲ့ အားသွင်းနိုင်စွမ်းနဲ့ Pro7 ဟာ အားသွင်းမယ် ဆိုရင် ၂၆ရာခိုင်နှုန်းကို၁၀မိနစ်သာကြာ မှာဖြစ်ပြီး ၁၀၀ ရာခိုင်နှုန်း အပြည့်သွင်းမယ်ဆိုရင်တော့ တစ်နာရီကြာမြင့်မှာဖြစ်ပါတယ်။ MTK နဲ့Texas Instruments တို့ပေါင်းစပ်မှုဟာဘက်ထရီသက်တမ်းတာရှည် ခံနိုင်စွမ်းအပြင် ပါဝါစားသုံးမှုကိုလည်းလျှော့ချပေး ပါလိမ့်မယ်။ mCharge 3.0 နည်းပညာကိုသုံးစွဲထားတာဖြစ်ပြီး၊ ဒါဟာ အခြားအားသွင်းမြန်ဆန် တဲ့နည်းပညာ တွေနဲ့ပြိုင်ဆိုင်ခဲ့မယ်ဆိုရင် ၂၀ ရာခိုင်နှုန်းပိုမိုကောင်းမွန် နေတာပါ။ အပူချိန်ကလည်း 5°C သာရှိမှာဖြစ်ပါတယ်။ Pro 7Plus မှာတော့ mCharge 4.0ကိုအဆင့်မြှင့်တင်သုံးထားပါတယ်။ 30မိနစ် အားသွင်းတာနဲ့ 67% အထိရရှိ နိုင်ပါလိမ့်မယ်။

<Type-C 1.0>

မျိုးဆက်သစ်စမတ်ဖုန်းဖြစ်တာနဲ့အညီ USB ဟာ Type-C အမျိုးအစား ကိုသုံးစွဲလာပါတယ်။ Pro Series တွေမှာသုံးစွဲလာတဲ့အဆင့်အတန်းလို့ သတ်မှတ်နိုင်ပြီးMeizuဟာ Data လွှဲပြောင်းတာတွေ မြန်ဆန်စေဖို့ အတွက်လည်း ပြင်ဆင်လာခဲ့ပါတယ်။အချက်အလက်တွေကိုလွှဲပြောင်း မယ်ဆိုရင် 1GB File ကို 10s အတွင်းမှာ အပြီး ပေးပို့နိုင်မှာဖြစ်ပါတယ်။

<Infinite horizons>

PRO 6 Plus မှာတုန်းကMeizuသုံးထားခဲ့တဲ့ Sony ရဲ့ IMX386 ကကောင်းမွန်တဲ့လုပ်ဆောင်ချက်နဲ့ မှန်ဘီလူး က လူအလွန်အံ့သြစေ ရန်လုံလောက်ပါလိမ့်မယ်။ ဒါပေမယ့် PRO 7 မှာတော့ပိုမိုမြင့်မားတဲ့ လုပ်ဆောင်ချက် ကိုထည့်သွင်းထားပါတယ်။ dual-12-megapixel ကင်မရာကိုသင်နည်းနည်းအားထုတ်လိုက်ရုံနဲ့ အလှဆုံးမှတ်တမ်း ပုံတွေကိုကိုရရှိနိုင်ပါလိမ့်မယ်။ ပြည့်စုံကောင်းမွန်တဲ့ algorithms နှင့်အဆင့်မြှင့်ရုပ်ပုံတွေရရှိလာဖို့ picture processing chip ကို အဆင့်မြှင့်တင်ထားပါတယ်။

<Shoot selfies with ease>

dual-ကင်မရာနှင့်နောက်ဘက် display ရဲ့ပေါင်းစပ်မှုကြောင့် ပြီးပြည့်စုံပြီးလှပတဲ့ selfieပုံရိပ်တွေကိုဖန်တီး ပေးပါတယ်။ beautification algorithms များကိုဂရုစိုက်လုပ်ဆောင်ပြီးသင့်ရဲ့ selfiesပုံရိပ်တွေကိုအံ့သြဖွယ်ပြန် လည်ကြည့်ရှုနိုင်ပါလိမ့်မယ်။ သင့်ရဲ့ selfiesပုံရိပ်တွေကိုရှင်းလင်းပီသတဲ့ရုပ်ပုံအရည်အသေးနဲ့ အတူနောက် ကျောဘက်မြင်ကွင်းမှာ ပြသပေးနေမှာဖြစ်ပါတယ်။

<Four-in-one algorithm>

အံ့သြဖွယ်ကောင်းတဲ့ 16-megapixel အရှေ့ကင်မရာဟာသင့်ရဲ့ အပြုံးတွေကို အသေးစိတ်ဖော်ပြပေးမှာပါ။ four-in-one algorithm လုပ်ဆောင်ချက်ပါဝင်တာကြောင့် မှောင်နေတဲ့အချိန်မှာselfieရိုက်ရင် တောင် အလို အလျောက်အလင်းရောင်ထုတ်ပေးပါတယ်။ ဓာတ်ပုံ ပေါ်အလိုအလျောက်သိနိုင်စွမ်းကို 2ဆထပ်တိုးထားတာကြောင့် ဘယ်လိုနေရာမျိုးမှာရိုက်ရိုက်ရှင်းလင်းတဲ့ ပုံရိပ်ကိုရမှာပါ။

<Blurring mode>

ဒီလုပ်ဆောင်ချက်ဟာနောက်ခံနဲ့ ဓာတ်ပုံရိုက်တဲ့သူကိုခွဲခြားပေးလိုက် တာပါ။ လက်ရှိနောက်ဆုံးပေါ်စမတ်ဖုန်း အများစုမှာထည့်သွင်းပေး လာပြီးကုမ္ပဏီအလိုက် feature ကိုနာမည်ပေးတာကွာခြားပါတယ်။ သင်အနေနဲ့စိတ် ကြိုက်ဓာတ်ပုံတွေကိုရွေးချယ်နိုင်ပါလိမ့်မယ်။ သင့်ရဲ့ လက်ချောင်းတွေကနေတစ်ဆင့် Pro 7ကို သုံးပြီး အကောင်းဆုံးပုံရိပ်တွေ ရိုက်ကူးလိုက်ပါ။

<Realistic colors>

PRO 7 မှာထည့်သွင်းထားတဲ့အရောင်နှင့်မိုနိုခရုမ်ပေါင်းစပ်ထားတဲ့ Dual-ကင်မရာဟာရင်သပ်ရှုမောဖွယ် ညဥ့် ပုံရိပ်တွေကိုရရှိဖို့ခွင့်ပြု ပါတယ်။ အသေးစိတ်ဖမ်းယူနေစဉ်အတွင်းမှာမိုနိုခရုမ်မှန်ဘီလူး အရောင်မှန်ဘီလူးများက သိသိသာသာအရည်အသွေးကိုတိုးမြှင့်လိုက် တာကြောင့် ပုံရိပ်တွေရှင်းလင်းစွာဖမ်းယူနိုင်တာဖြစ်ပါတယ်။Multi-frame ရဲ့ဆူညံသံလျှော့ချရေး algorithms နှင့်အတူမှောင်မိုက်တဲ့ပတ်ဝန်းကျင် ပုံရိပ်ဖမ်းယူမှုများ အတွက်စံဖြစ်လာပါလိမ့်မယ်။ မှောင်မိုက်တဲ့ ညဓာတ်ပုံတွေရိုက်ကူးနိုင်စွမ်းဟာပြဿနာတစ်ခုမဟုတ်တော့ပါဘူး။

<Rear display notifications>

နောက်ဘက် displayမှာအကြောင်းကြားစာများအားလုံးနဲ့အတူသင့်ရဲ့ အသိပေးချက်များစီမံခန့်ခွဲခြင်းကို သုံးနိုင်မှာပါ။ အလုပ်လုပ်နေစဉ်အချိန် အတွင်းမလိုချင်တဲ့သတိပေးချက်များကိုလျစ်လျူရှုနိုင်မှာပါ။ သင်အားနေတဲ့ အချိန် အတွက်အရေးကြီးသောမက်ဆေ့ခ်ျများအ၀င်အထွက်တွေကို လွတ်သွားတော့မှာ မဟုတ်ပါဘူး။ နောက် ဘက် display ကိုသင်နှင့် အခြားလူများအကြားဆက်သွယ်ရေးပုံစံအဖြစ်သုံးနိုင်ပါလိမ့်မယ်။ ဖုန်းခေါ်ဆိုမှု၊ ဘက်ထရီအခြေအနေ၊ မက်ဆေ့အ၀င်အထွက်၊ ခြေလှမ်း အရေအတွက်၊ အချိန်သတိပေးချက်တွေကို စီမံခန့်ခွဲနိုင်ပါလိမ့်မယ်

<Tributes to MP3 mode>

သင့်အနားယူတဲ့အချိန်တွေ၊ခရီးသွားတဲ့အချိန်တွေအတွက် အဖော်မွန် ကောင်းအနေနဲ့ရှိနေမှာပါ။ Music Player လုပ်ဆောင်ချက်ဟာ နောက်ကျောဘက်မျက်နှာပြင်မှာလာရောက်ပြသပေးနေမှာပါ။ သင်အကြိုက်နှစ်သက်ဆုံး သီချင်းတွေကိုရွေးချယ်ပြီးတော့စိတ်ကြိုက် နားဆင်နိုင်ပါလိမ့်မယ်။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com