8/06/2017

♪ Facebook Messenger အတွက် အသုံးဝင် Tips များ ♫


Facebook Messenger ဟာ ကမ္ဘာအ၀န်းမှာ လစဉ် အသုံးပြုသူ ၁ ဘီလီယမ် ရှိပြီး ကမ္ဘာ့ လူသုံးအများဆုံး Messaging Platform တစ်ခု ဖြစ်ပါတယ်။ Facebook က Messenger မှာ စွမ်းဆောင်ချက် အသစ်များကို အစဉ်အမြဲ ထည့်သွင်းပေးနေပါတယ်။ အဲဒီအထဲမှ အသုံးအ၀င်ဆုံး စွမ်းဆောင်ချက်များကို ဖော်ပြပေးလိုက်ပါတယ်။

ဖုန်းနံပါတ်ဖြင့် သုံးပါ။

Facebook Messenger ရဲ့ အကောင်းဆုံး အချက်က Facebook အကောင့် ရှိစရာမလိုဘဲ အသုံးပြုနိုင်ခြင်း ဖြစ်ပါတယ်။ ဖုန်းနံပါတ်တစ်ခုရှိရုံဖြင့် Facebook Messenger ကို အသုံးပြုနိုင်ပါတယ်။ ဒီလို အသုံးပြုနိုင်ဖို့အတွက် Facebook က သူ့ရဲ့ ပင်မ App ကနေ Messenger ကို သီးခြား ခွဲထုတ်လိုက်ခြင်း ဖြစ်ပါတယ်။

Conversation များကို ကာကွယ်ပါ။
Facebook Messenger မှာ အခြားလူများ မသိစေချင်တဲ့ စကားများကို သူငယ်ချင်းတစ်ယောက်နဲ့ ပြောဆိုကြတယ်ဆိုရင် အဲဒီ Conversation များကို ကာကွယ်ထားနိုင်ပါတယ်။ Chat Window တစ်ခုကို ဖွင့်ပြီး ညာဘက်အပေါ်ထောင့်မှ ခလုတ်ကို နှိပ်ပါ။ Go to secret conversation ကို နှိပ်ပါ။ Secret conversation မှာ ပြောထားတဲ့ စကားများကို စက္ကန့်ပိုင်းအတွင်းမှာ အလိုအလျှောက် ဖျက်ဆီးပေးမှာပါ။

၁၅ စက္ကန့်ကြာ ဗီဒီယိုများကို မျှဝေပါ။
Facebook က Snapchat ရဲ့ စွမ်းဆောင်ချက် တစ်ခုကို သူ့ရဲ့ Messenger မှာ ထည့်သွင်းပေးလိုက်ပါတယ်။ အဲဒါကတော့ ၁၅ စက္ကန့်ကြာ ဗီဒီယိုများကို ရိုက်ကူး မျှဝေနိုင်ခြင်း ဖြစ်ပါတယ်။ ဓါတ်ပုံ ရိုက်ကူးတဲ့ ခလုတ်ကို ဖိထားခြင်းဖြင့် ဗီဒီယို ရိုက်ကူးရမှာ ဖြစ်ပါတယ်။

စာသားနောက်ခံ အရောင်ကို ပြောင်းပါ။
Facebook Messenger မှာ စာသားများရဲ့ နောက်ခံ အရောင်ကို Default အားဖြင့် အပြာရောင် သတ်မှတ်ထားပါတယ်။ အဲဒီ အရောင်ကို ပြောင်းချင်ရင် Chat Window တစ်ခုကို ဖွင့်ပါ။ ညာဘက်အပေါ်ထောင့်မှ ခလုတ်ကို နှိပ်ပြီး Color မှာ နှစ်သက်ရာကို ရွေးနိုင်ပါတယ်။

Group Chat မှာ Poll ပြုလုပ်ပါ။
သူငယ်ချင်းများပါတဲ့ Group Chat မှာ စစ်တမ်းတစ်ခု ကောက်ယူချင်တဲ့ အခါမှာ ဒီစွမ်းဆောင်ချက်က အသုံးဝင်ပါတယ်။ Group Chat တစ်ခုကို ဖွင့်ပြီး ညာဘက်အပေါ်ထိပ်မှ ခလုတ်ကို နှိပ်ပါ။ Create a Poll ကို နှိပ်ပါ။

Live Location ကို မျှဝေပါ။
Facebook Messenger မှာ မိနစ် ၆၀ ကြာ သင့်ရဲ့ တည်နေရာကို သူငယ်ချင်းများနဲ့ မျှဝေနိုင်ပါတယ်။ Chat Window တစ်ခုမှာ Plus Button ကို နှိပ်ပြီး Location ကို ရွေးချယ်ပေးပါ။ နောက်အဆင့်မှာ Share live location for 60 min ကို နှိပ်ပါ။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com