8/06/2017

♪ “လူသိများထင်ရှားခဲ့ပေမယ့် မေ့ပျောက်သွားပြီဖြစ်သော Smart Phone Feature များ” ♫

Image may contain: one or more people, phone and text

Smart Phone တွေဟာ ကျွန်တော်တို့ဘဝထဲကို ဝင်လာခဲ့တာ ဆယ်စုနှစ် တစ်စုနီးပါး ကြာနေပြီဖြစ်ပေမယ့် ပြောင်းလဲ တိုးတက်မှုကတော့ မြန်ဆန် လွန်းလှပါတယ်။ Mobile ဖုန်းတွေစပေါ်ကာစကခလုတ်နဲ့သုံးရတဲ့ ဖုန်းတွေပဲရှိခဲ့ပေမယ့် Touch screen ပေါ်လာတဲ့အခါ ခလုတ်ဖုန်းတွေ ပျောက်ကွယ်သွားခဲ့ရတယ်။ Smart Phone တွေရဲ့ သက်တမ်း တစ်လျှောက် Feature တွေဟာအသစ်ထွက်လိုက် ပျောက်ကွယ် သွားလိုက်နဲ့ အမျိုးမျိုးပြောင်းလဲနေခဲ့တာမှာခုဒီဆောင်းပါးမှာတော့ တစ်ချိန်က ထင်ရှား ခဲ့ပြီး အခုပျောက်ကွယ်သွားပြီဖြစ်တဲ့၊ ပျောက်ကွယ် လုဆဲဆဲဖြစ်နေတဲ့ Feature တွေကိုစုစည်းတင်ပြပေးလိုက်ပါတယ်။

<1. Smart Phone တိုင်းမှာထင်ရှားခဲ့တဲ့ IR blaster>

Xiaomi Mi5s, Galaxy S7, Galaxy Note 5 နဲ့ HTC 10 ဖုန်းအားလုံးမှာ တူညီတဲ့အချက်တစ်ခုရှိနေတာကို သတိမထား မိကြဘူးမဟုတ်လား။ သူတို့ရဲ့ရှေ့က ဖုန်းမျိုးဆက်အားလုံးဟာ IR blaster ပါဝင်ခဲ့ပေမယ့် သူတို့မှာတော့မပါဝင်တော့ပါဘူး။မိုဘိုင်းဖုန်းတွေမှာ Infrared တွေကို ၂ဝဝဝ ခုနှစ်အစပိုင်းလောက်ကတည်းကသုံးခဲ့ကြပြီး infrared port တွေက တစ်ဆင့် contact တွေ၊ ဒေတာတွေကိုမျှဝေဖို့သုံးခဲ့ကြပါတယ်။ Bluetooth နဲ့ Wi-fi တွေ ခေတ်စားလာတဲ့အခါမှာတော့ infrared တွေဟာ ပျောက်ကွယ်သလောက်ဖြစ်သွားပြီး နောက်ပိုင်းမှာတော့ IR blaster ပုံစံနဲ့ မိုဘိုင်းလောကကို ပြန်ဝင်လာ ပါတယ်။အီလက်ထရောနစ် ပစ္စည်းတွေကိုမိုဘိုင်းဖုန်းပေါ်ကနေထိန်းချုပ်နိုင်အောင် IR blaster က လုပ်ဆောင်ပေးပါတယ်။

<2. FM Transmitter>

ဒါကတော့ Nokia ပရိသတ်အများစုကြားမှာထင်ရှားခဲ့ပြီး N-Series ဖုန်းတိုင်းမှာပါဝင်ခဲ့တဲ့ feature ပါ။ Noika N86 မှာတုန်းကဆိုရင် FM Transmitter ကိုသုံးပြီးတော့ FM receiver ပါဝင်တဲ့ဖုန်းတိုင်းဆီကို အသံလွှင့်ပေးလို့ရပါတယ်။ ရိုးရိုး ရှင်းရှင်းထုတ်လွှင့်နိုင်တဲ့အပြင် တကယ့် အသံလွှင့်ရုံကြီးကိုလည်း ကြိမ်နှုန်းအနှောင့်အယှက်မပေးပါဘူး။ အရင်က Bluetooth နဲ့ Aux-port မပါတဲ့ကားတွေမှာဆိုရင် Nokia ရဲ့ ဒီ feature က တော်တော်အသုံးတည့်ခဲ့ပါတယ်။လှိုင်းကြိမ်နှုန်းကိုမည်သူမဆို ဖမ်းယူနိုင်တာမို့လို့ လုံခြုံမှုတော့ မရှိပါဘူး။ အချို့နိုင်ငံတွေမှာတော့ FM Transmitter အသုံးပြုတာကို တားမြစ်ထားပါတယ်။ ဒါပေမယ့် စိတ်ပူစရာမလိုပါဘူး။ အခုဘယ်ဖုန်းမှာမှ မတွေ့ရတော့ပါဘူး။

<3. Thermometer>

၂ဝဝ၂ ခုနှစ်တုန်းကထုတ်လုပ်ခဲ့ပြီးတော့ အကြမ်းခံတဲ့ဖုန်းတစ်လုံးအဖြစ်နဲ့ Nokia 5210 ကထင်ရှားခဲ့ပါတယ်။ အဲဒီမှာ လူတိုင်းကို စိတ်ဝင်တစား ရှိခဲ့တဲ့ feature ကတော့ ကိုယ့်ရဲ့ပတ်ဝန်းကျင်က အပူချိန်ကို ဖုန်းမှာ ကြည့်နိုင်တဲ့ Thermometer ပါ။ ကြားကာလမှာတော့ သိပ်ပြီး နာမည် မကြီးတော့ပေမယ့် ဆယ်စုတစ်ခုအကြာ Samsumg က Galaxy S4 ကိုဖြန့်ချိလိုက်တဲ့အချိန် မှာတော့ ဒီ feature ကအရမ်းထင်ရှားသွားပါ တယ်။ Samsumg ရဲ့ S-Health Application နဲ့အတူ ပတ်ဝန်းကျင် အပူချိန်ကို ဖော်ပြပေးပါတယ်။ အခုတော့တော်တော်မေးယူရမယ့် Feature တစ်ခုဖြစ်သွားပါပြီ။Weather app တွေတော်တော်များများ ရှိပေမယ့် ဒါကသင့်ရဲ့ပတ်ဝန်းကျင်ကအပူချိန်ကိုတကယ်ဖော်ပြပေးတာ မဟုတ် ပါဘူး။ ခန့်မှန်းခြေလေးပါ။ ဒါပေမယ့်စိတ်မပူပါနဲ့။ ကိုယ့်ရဲ့ Headphone အပေါက်မှာ Thermodo ခေါ်တဲ့ပစ္စည်းကိုထည့်ပြီး ပတ်ဝန်းကျင် အပူချိန်ကိုတိုင်းတာလို့ ရပါတယ်။

<4. Xenon Flash>

ဒါကတော့ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုလုံးမှာ ကင်မရာအရမ်းကောင်းတယ် လို့ ကြွေးကြော်ခဲ့ကြတဲ့ဖုန်းတိုင်းမှာပါဝင်ခဲ့တဲ့ Feature တစ်ခုပါ။ အထူးသဖြင့် Sony Ericsson K800 နဲ့ Nokia N82 တို့မှာပေါ့။ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ကင်မရာ အကောင်းဆုံးလို့ပြောရမယ့် Lumia 1020 အထိလည်းပါခဲ့ပါသေးတယ်။ဒါပေမယ့် နောက်ပိုင်းဖုန်း တွေမှာတော့ Xenon Flash ဆိုတာ ဦးစားပေးအဆင့်မှာမရှိတော့ပါဘူး။ Xenon Flash ဆိုတာက ပုံမှန်သုံးနေတဲ့ LED Flash တွေထက်စာရင် Sensor နဲ့အရမ်းမနီးကပ်နေရင်တောင်မှ အမှောင်ထဲရိုက်တဲ့အခါ ရုပ်ထွက်ပိုကောင်းပါတယ်။ လျင်လျင်မြန်မြန်ရိုက်လို့မရတာရယ်၊ တပ်ရတာဈေးနည်းနည်းကြီးတာရယ်နဲ့ ဘက်ထရီပိုစားတာ တွေကြောင့် နောက်ပိုင်းမှာ LED Flash တွေကို မယှဉ်နိုင်တော့ပါဘူး။ယခု နောက်ပိုင်းစမတ်ဖုန်းတွေမှာတော့ အလင်းနည်းတဲ့နေရာမှာ ရိုက်ကူးနိုင်အောင် Big Aperture နဲ့ optical Image Stabilization လို Features တွင်ပါဝင်လာတာကြောင့် Xenon Flash တွေ နေရာပျောက် သွားပါပြီ။

<5. 3.5mm Headphone Jack>

iPhone 7 နဲ့ iPhone 7 Plus ကို Launch လုပ်တဲ့အချိန်မှာ လူပြောအများဆုံးကိစ္စဖြစ်ခဲ့ပါတယ်။ 3.5mm Headphone Jack အပေါက်တွေမပါလာတော့ပါဘူး။ LeEco Le 2 နဲ့ Moto Z တို့လို နောက်ပိုင်းထုတ်တဲ့ ဖုန်းတွေကလည်းမထည့်ကြတော့ ပါဘူး။ နောက်ပိုင်း ကြားရတဲ့သတင်းတွေအရလည်း HTC Bolt နဲ့ Samsumg Galaxy S8 တို့မှာလည်း Headphone Jack ပါဝင်လာဖွယ်မရှိပါဘူး။ 3.5mm Jack မပါတာက ဆေးခါးကြီးတစ်ခွက်ဖြစ်ပေမယ့် iPhone ကတော့ နေရာပို ရအောင်နဲ့ ဘက်ထရီသိုလှောင်နိုင်စွမ်းမြှင့်နိုင်အောင် ဖြုတ်ထားခဲ့ရပါ တယ်လို့ ပြောကြားထားပါတယ်။ သိပ်မကြာမီအချိန်အတွင်းမှာလည်း 3.5mm Headphone Jack တွေကို မြင်နိုင်တော့မှာ မဟုတ်ပါဘူး။



မင်းသုခ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com