8/12/2017

♪ MECTel CDMA 800 MHz ဆင်းမ်ကတ်နဲ့ငွေဖြည့်ကတ်ရောင်းချလိုသူတွေတာဝန်ခံရုံးကိုဆက်သွယ်နိုင် ♫


MECTel CDMA 800 MHz ဆင်းမ်ကတ်နဲ့ ငွေဖြည့်ကတ် ရောင်းချလိုသူတွေအတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာရှိတဲ့ တာဝန်ခံရုံးတွေကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။


အဲဒီဆင်းမ်ကတ်နဲ့ ငွေဖြည့်ကတ်တွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာရှိတဲ့ ဆင်းမ်ကတ်ကိုယ်စား လှယ်ဆိုင်တွေနဲ့ အင်းဝဘဏ်ခွဲတွေမှာ အလုံအလောက် ဖြန့်ဖြူးရောင်းချနေတယ်လို့ MECTel က ပြောကြားထားပါတယ်။ 

တစ်ပိုင်တစ်နိုင် ရောင်းချလိုသူတွေနဲ့ လက်လီလက်ကားတစ်ဆင့် ပြန်လည်ရောင်းချ လိုသူတွေရှိရင် Complaint Center 3456, 0931160249 ကို ရုံးချိန်အတွင်းနဲ့ တိုင်းနဲ့ပြည်နယ် Marketing တာဝန်ခံရုံးဖုန်းတွေကို ဆက်သွယ်စုံစမ်း အကြောင်းကြားရင် အဆင်ပြေအောင်ဆောင် ရွက်ပေးမယ်လို့ ဆိုပါတယ်။


ဆက်သွယ်နိုင်မယ့် တာဝန်ခံရုံးဖုန်းတွေကို နေရာခြောက်ခုခွဲခြား သတ်မှတ်ထားတာတွေ့ရပါတယ်။ အဲဒီ နေရာတွေကတော့ (၁) နေပြည်တော် ၊ မန္တလေးတိုင်း ၊ ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ဖုန်း-၀၉၃၆၉၉၈၄၄၄ ၊ ၀၉၃၆၉၉၈၅၅၅၊ (၂) ရန်ကုန်တိုင်း ၊ မန္တလေးတိုင်း ၊ရှမ်းပြည်နယ် (မြောက်ပိုင်း) ဖုန်း-၀၉၃၆၈၁၃၆၈၁ ၊ ၀၉၃၃၉၈၈၉၈၈ (၃) ရန်ကုန်တိုင်း ၊ ပဲခူးတိုင်း(အရှေ့) ၊ ဧရာဝတီတိုင်း ၊ စစ်ကိုင်းတိုင်း ဖုန်း-၀၉၃၁၀၄၀၂၂၂ ၊ ၀၉၃၆၈၈၆၆၈၈ တို့ဖြစ်ပါတယ်။


နောက်ထပ်အုပ်စု သုံးခုကတော့ (၄) စစ်ကိုင်းတိုင်း ၊ ဧရာဝတီတိုင်း ၊ မကွေးတိုင်း ၊ ကယားပြည်နယ် ၊ ချင်း ပြည်နယ် ဖုန်း-၀၉၃၀၆၈၈၈၈၁ ၊ ၀၉၂၅၄၀၁၃၆၉၂ (၅) တနင်္သာရီတိုင်းဒေသကြီး ၊ ကရင်ပြည်နယ် ၊ မွန်ပြည်နယ် ဖုန်း-၀၉၂၆၅၉၂၈၅၂၈ ၊ ၀၉-၇၉၆၃၉၄၉၃၀ (၆) ပဲခူးတိုင်း(အနောက်) ၊ ရခိုင်ပြည်နယ် ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဖုန်း-၀၉၃၀၅၁၈၀၀၀ ၊ ၀၉၄၅၀၆၄၃၅၆၀ ၊ ၀၉၅၂၅၂၃၀၁ တို့ဖြစ်တယ်လို့ သိရပါတယ်။




Credit to ==> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com