8/12/2017

♪ ကျောဘက်ကင်မရာပါဝင်တဲ့ တန်ဖိုးနည်းစမတ်ဖုန်း Lenovo K8 Note ♪


တရုတ်နည်းပညာကုမ္ပဏီ Lenovo ဟာ အိန္ဒိယနိုင်ငံမှာ K8 Note စမတ်ဖုန်းကို ရူပီး ၁၂,၉၉၉ (ဒေါ်လာ ၂၀၃) နဲ့ စတင်ရောင်းချ သွားမယ်လို့ သိရပါတယ်။ အခုစမတ်ဖုန်းဟာ ပြီးခဲ့နှစ်က K6 Note နောက် ထွက်ရှိလာပြီး အဆင့်မြှင့်တင်ထားတဲ့ feature သစ်ပါဝင်လာပါတယ်။

Lenovo ဟာ RAM 3GB နဲ့ storage 32GB ပါဝင်တဲ့ဗားရှင်းကို ရူပီး ၁၂,၉၉၉ (ဒေါ်လာ ၂၀၃) အပြင် RAM 4GB နဲ့ storage 64GB ပါဝင်တဲ့ဗားရှင်းကို ရူပီး ၁၃,၉၉၉ (၂၁၉ဒေါ်လာ) နဲ့အသီးသီးရောင်းချသွားပါမယ်။ ရွှေနဲ့ အနက်ရောင် နှစ်မျိုးနဲ့ သြဂုတ်လ ၁၈ ရက် Amazon India မှာ သီးသန့်ရောင်းချပေးမယ်လို့ သိရပါတယ်။
Lenovo K8 Note မှာ Android UI အစား Vibe UI အသုံးပြုမယ်လို့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကုမ္ပဏီက အတည်ပြုသွားခဲ့ပါတယ်။

K8 Note စမတ်ဖုန်းကို သတ္တုကိုယ်ထည် အသုံးပြုထားပြီး Android 7.1.1 Nougat နဲ့ မျက်နှာပြင် ၅.၅ လက်မ အရွယ် full-HD (1080x 1920 pixels) ရုပ်ထွက်အရည်အသွေး ပါဝင်လာပါတယ်။ မျက်နှာပြင်မှာ Corning Gorilla Glass အသုံးပြုထားပါတယ်။ စမတ်ဖုန်းအတွင်း deca-core MediaTek Helio X20 (MT6797) ပရိုဆက်ဆာကို RAM 3GB/4GB နဲ့တွဲဖက်ပေးထားပြီး Mali T880 GPU အသုံးပြုထားပါတယ်။ ဒါ့အပြင် Lenovo K8 Note ဟာ ကျောဘက်ကင်မရာ ပါဝင်လာတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ထုတ်ကုန်ဖြစ်ပါတယ်။

ကင်မရာပိုင်းမှာ ကျောဘက် 13MP နဲ့ရှေ့ဘက် 5MP တို့ပါဝင်လာပြီး ‘bokeh’ portrait effect လည်း ပါဝင်လာပါတယ်။ Dual SIM ထောက်ပံ့မှုနဲ့ 128GB အထိ ထောက်ပံ့ပေးနိုင်တဲ့ microSD card slot ပေါက်လည်းပါဝင်သလို 4G LTE ထောက်ပံ့မှုအပြင် Bluetooth, Wi-Fi, GPS နဲ့ micro USB port တို့လည်း ပါဝင်ပါတယ်။ ဘက်ထရီက 4000mAh ဖြစ်ပြီး Turbo Charge fast charging နည်းပညာအသုံးပြုထားပါတယ်။
 
 
 
-စိုးထက်

Credit to ==> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com