8/12/2017

♪ Keepvid ကို အသုံးပြုပြီး Android device တွေမှာ online က ဗီဒီယိုတွေကို download လုပ်ခြင်း ♫


Keepvid ဆိုတာကတော့ online video တွေကို download လုပ်ယူနိုင်ဖို့အတွက် စီစဉ်ပေးထားတဲ့ ဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ Online က ဗီဒီယိုဖိုင်တွေကို အရင်က download လုပ်ချင်တယ်ဆိုရင် keepvid ရဲ့ဝက်ဘ်ဆိုက်ပေါ်ကနေ သာ download လုပ်ယူနိုင်မှာဖြစ်ပေမယ့် အခုအခါမှာ Android သုံးစွဲသူ တွေအတွက် Keepvid app ကိုဖြန့်ချိပေးထားပါတယ်။

Keepvid app ကနေ ဝက်ဘ်ဆိုက် ၂၅ ခုမှ ဗီဒီယို ဖိုင်တွေကို download လုပ်ယူနိုင်ဖို့အတွက် စီစဉ်ပေးထား ပါတယ်။ Keepvid app ကို ဒီနေရာကနေ (http://bit.ly/2tYapjm) ကနေ download လုပ်ယူပါ။ အဆိုပါ app ကို Install မလုပ်ခင်မှာ Settings ထဲက Unkown sources ဆိုတာကို enable လုပ်ထားပေးရပါမယ်။


ပြီးရင် app ကို run ပြီး open button ကို နှိပ်ပါ။


Keepvid app ကို ဖွင့်လိုက်ရင် home screen မှာ keepvid က အထောက်အပံ့ပေးထားပြီး download လုပ်ယူနိုင်မယ့် ဝက်ဘ်ဆိုက် အမျိုးအစားတွေကို တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။


တကယ်လို့ ကိုယ် download လုပ်ချင်တဲ့ ဝက်ဘ်ဆိုက်က အဆိုပါ list ထဲမှာမတွေ့ဘူးဆိုရင် Add site ကို နှိပ်ပြီး ထပ်မံထည့်သွင်း နိုင်ပါတယ်။


ဗီဒီယို ဖိုင်တွေကို download လုပ်ယူဖို့အတွက် သက်ဆိုင်ရာ ဝက်ဘ်ဆိုက်အမျိုးအစားကိုရွေးချယ်ပြီး ကိုယ်ရှာဖွေချင်တဲ့ ဗီဒီယိုဖိုင်တွေကို ရွေးချယ်ပြီး အလွယ်တကူနဲ့ download လုပ်ယူနိုင်ပါတယ်။ ဥပမာ YouTube က ဗီဒီယို ဖိုင်တွေကို download လုပ်ချင်တယ်ဆိုရင် YouTube icon ကို နှိပ်ပါ။ ဗီဒီယို ကိုရှာဖွေပြီး ညာဘက်ထောင့်အောက်ခြေနားမှာ download button ကို နှိပ်ပါ။ (


ဗီဒီယိုဖိုင်အမျိုးအစားတွေကို ထပ်မံရွေးချယ်ပြီး download လုပ်နိုင်ပါတယ်။


Keepvid ကနေ download လုပ်ယူတဲ့ ဗီဒီယိုဖိုင်တွေကို လမ်းကြောင်းတွေ သက်မှတ်ထားနိုင်သလို ကြည့်ရှုမယ့် media player အမျိုးအစားတွေကိုလည်း သတ်မှတ်ထားနိုင်မှာဖြစ်ပါတယ်။





Credit to ==> Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com