8/03/2017

♪ Mate 10 က စပြီး ဈေးသက်သာတဲ့ မိုဘိုင်းဖုန်းများ ထုတ်လုပ်တော့မှာ မဟုတ်ဘု ဟွာဝေးဆို ♫


လက်ရှိတရုတ်မိုဘိုင်းဖုန်း ဈေးကွက်မှာ ဘုရင်တစ်ဆူအဖြစ် နေရာယူထားနိုင်ဆဲ ဖြစ်တဲ့ ဟွာဝေးကုမ္ပဏီ ဟာ နောက်ဆုံးထွက် Huawei Mate 10 က စပြီး ဈေးနှုန်းသက်သာတဲ့ Low-End ဖုန်းတွေကို ထုတ်လုပ်တော့မှာ မဟုတ်တော့ကြောင်း ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဟွာဝေးဟာ ကနဦး လမ်းသစ်ဖောက်တဲ့ မိုဘိုင်းဖုန်း ကုမ္ပဏီတွေထဲမှာ တစ်ခု အပါအ၀င်ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက်မှာ Apple, Samsung တို့ပြီးရင် နံပါတ် ၃ နေရာက ရပ်တည်နေဆဲ ကုမ္ပဏီလည်း ဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ Premium ဖုန်းတွေကိုသာ ထုတ်လုပ်သွားတော့မှာဖြစ်ပြီး အာရှ နဲ့ ဥရောပဈေးကွက် ကိုလည်း Premium ဖုန်းတွေကိုသာ ဆက်လက်ဖြန့်ချိသွားတော့မှာ ဖြစ်တယ်လို့ဆိုပါ တယ်။

ပြီးခဲ့တဲ့နှစ် က နိုင်ငံတကာ မိုဘိုင်းဖုန်းဈေးကွက်ကို အလုံးပေါင်း သန်း ၁၄၀ ၀န်းကျင် ရောင်းချရခဲ့ပြီး ယခုနှစ်မှာတော့ အဆင်မြင့်နည်းပညာတွေပေါင်းစပ်ထားတဲ့ ဟွာဝေးဖုန်းတွေကို အလုံးရေ သန်း ၁၅၀ အထိ ရောင်းချသွားဖို့ ရည်မှန်းထားတယ် လို့ ဆိုပါတယ်။

Huawei Counsumer Division ရဲ့ အကြီးအကဲ ဖြစ်သူ Richard Yu က ” ဘက်ထရီသက်တမ်းတွေကို ပိုပြီး ကောင်းမွန်အောင် ကြိုးစားသွားမှာ ဖြစ်ပြီး Display တစ်ခုလုံးကိုလည်း သုံးစွဲသူတွေ စိတ်ကူးယှဉ် လိုချင်နေကြတဲ့ မှန်သားပြည့် မျက်နှာပြင် ဖြစ်စေဖို့ ကြိုးစားသွားမယ် ” လို့ ကတိပေးခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် နှစ်ဝက် အစီရင်ခံစာ အရ ဟွာဝေးဟာ ပြီးခဲ့တဲ့ ၆ လ ပတ် အတွက် ၁၅ ရာခိုင်နှုန်း အမြတ်အစွန်းရရှိခဲ့ပြီး ငွေကြေးတန်ဖိုးအားဖြင့် ၂၈၄ ဘီလီယံ တန်ကြေး ရှိတယ် လို့ ဆိုပါတယ်။

ဟွာဝေး ဟာ အဆင်မြင့်နည်းပညာပိုင်းမှာလည်း နောက်ဆုံးပေါ် နည်းပညာ ဖြစ်တဲ့ 5G ကိုလည်း စမ်းသပ် လျက်ရှီပြီး ဟွာဝေး ရဲ့ အမာခံ ပရိသတ်ကတော့ Dual-Camera နည်းပညာကစတင်ပြီး တဖြည်းဖြည်း ပြသလာခဲ့တဲ့ ဟွာဝေး ထုတ်ကုန်တွေကို နှစ်ခြိုက်သဘောကျလျက်ရှိတယ် လို့ စစ်တမ်းကောက်ယူ ရရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် မှာ ဟွာဝေးသုံးစွဲသူ အရေအတွက်ဟာ ၂၅ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပေမယ့် အခု ခြောက်လပတ်အတွင်းမှာပင် ၄၂ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။





Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com