8/03/2017

♪ သိပ္ပံပညာရှင်များက အားမကုန်တဲ့ ဖုန်း ဘက်ထရီကို တီထွင်နေ ♫


Drexel University’s College of Engineering မှ သိပ္ပံပညာရှင်များက အားမကုန်တဲ့ ဘက်ထရီကို ဖန်တီးနိုင်မယ့် အထူး ဒြပ်ထုတစ်ခုကို ပြုလုပ်နေပါတယ်။ ဒြပ်ထုရဲ့ အမည်မှာ MXene ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော်က Alessandro Volta တီထွင်ခဲ့တဲ့ ပထမဆုံး ဘက်ထရီကနေ စပြီး ဒီနေ့အချိန်ထိ ပိုမို စွမ်းရည်မြင့်မားတဲ့ ဘက်ထရီများကို လိုအပ်ခဲ့ပါတယ်။

Drexel မှ သိပ္ပံပညာရှင် အဖွဲ့ကို ဦးဆောင်သူ Dr Yuri Gogotsi က “ ကျွန်တော်တို့ ပါးလွှာတဲ့ MXene Electrodes များကို Milliseconds ရဲ့ ဆယ်ပုံပုံတစ်ပုံအတွင်းမှာ အားဖြည့်နိုင်တာကို သရုပ်ပြခဲ့ပါတယ်။ ဒါဟာ MXene ရဲ့ လျှပ်ကူးမှု စွမ်းရည်ဟာ အလွန် မြင့်မားလို့ ဖြစ်ပါတယ်။ စက္ကန့်ပိုင်းအတွင်းမှာ အလွန် လျှင်မြန်စွာ အားသွင်းပေးနိုင်ပါတယ်။ သမားရိုးကျ ဘက်ထရီများထက်လည်း ပမာဏ ပိုမိုများပြားစွာ သိုလှောင်နိုင်ပါတယ်။ “ လို့ ပြောပါတယ်။

ဒါပေမယ့် ဒီနည်းပညာကို ဈေးကွက်ထဲပို့ဆောင်ဖို့တော့ နှစ်အနည်းငယ်ကြာမြင့်ဦးမှာ ဖြစ်ပါတယ်။ ဒီနည်းပညာက ဘက်ထရီဖြင့် မောင်းနှင်တဲ့ ကားများအတွက်လည်း အသုံးဝင်လာမှာ ဖြစ်ပါတယ်။ အလွန်ပါးလွှာတဲ့ အီလက်ထရောနစ် ကိရိယာများကို တီထွင်ဖို့လည်း ဒီ ဘက်ထရီက ကူညီပေးမှာ ဖြစ်ပါတယ်။

သူတို့ရဲ့ ဘက်ထရီဟာ စက္ကန့်ပိုင်းအတွင်းမှာ အားဖြည့်ပေးနိုင်တဲ့အတွက် တစ်နည်းအားဖြင့် အားမကုန်တဲ့ ဘက်ထရီ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်လောက်မှာ အဲဒီ ဘက်ထရီ ပါတဲ့ စမတ်ဖုန်းများကို အသုံးပြုနိုင်မယ်လို့ မျှော်လင့်ရပါတယ်။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com