8/01/2017

♪ Lenovo ရဲ့အမြင့်ဖုန်း - “Lenovo ZUK Z2 Pro” Price » 399,000 Ks ♫

Image may contain: phone

၂၀၁၆ ဇွန်လလောက်က ထွက်ရှိထားခဲ့တဲ့ Lenovo ZUK Z2 Pro ဟာ အရည်အသွေးမြင့်မားတဲ့ နောက်ဆုံးပေါ် အဆင့်မြင့် စမတ်ဖုန်း အမျိုးအစားထဲမှာပါဝင်ပြီး ခုချိန်ထိလည်း ဈေးကွက်ထဲမှာ လူကြိုက်များ ဆဲပါပဲ။ ဒါကြောင့် ၎င်းဟာ နောက် ထွက်တဲ့ စမတ်ဖုန်းတွေနဲ့ ယှဉ်ပြိုင်နိုင် စွမ်းရှိသေးတဲ့တန်းဝင်စမတ်ဖုန်းတစ်လုံးပါ။ ၄င်းထွက်ရှိလာစဉ်က Lenovo ZUK Z2 နဲ့ Z2 Pro ဆိုပြီး ၂ လုံး ဆက်တိုက် ထွက်ရှိခဲ့တာဖြစ်ပါ တယ်။ Z2 Pro က Z2 ထက် RAM စွမ်းအား၊ မျက်နှာပြင်အကျယ်နဲ့ Internal memory စွမ်းအားတွေမှာ ပိုမိုမြင့်မားပြီး ဈေးနှုန်းလည်း တော်တော်လေးကွာခြားပါတယ်။ Lenovo ရဲ့ ဒီ Series က ကင်မရာ စွမ်းအားကောင်းမွန်ပြီး ဘက်ထရီစွမ်းအားလည်း မြင့်မားပါတယ်။ လေးထောင့်စပ်စပ် ဒီဇိုင်းပုံစံနဲ့ ဘေးထောင့်လေးတွေက မသိမသာ လေးခုံးသွားပြီး သေသပ်လှပတဲ့ ကိုယ်ထည်ကြောင့် ဆွဲဆောင်မှုလည်း ရှိပါတယ်။ အရှေ့မျက်နှာပြင်ဘေး bezel ကျဉ်းတာကြောင့် မျက်နှာပြင် ကျယ်ကျယ်ကို မြင်တွေ့နိုင်ပြီး လက်တစ်ဖက်တည်းနဲ့လည်း ထိန်းချုပ် အသုံးပြုနိုင်ပါတယ်။ အပြင်ပန်းကိုယ်ထည် လှပရုံတင်မကဘဲ အထဲမှာ လည်း ပေးရတဲ့ ဈေးနှုန်းနဲ့ထိုက်တန်မှုရှိတဲ့ specs တွေနဲ့ features တွေကို ထောက်ပံ့ပေးထားပြီး စက်စွမ်းဆောင်ရည်ကောင်းမွန်ခြင်း၊ ကင်မရာအရည်အသွေးပြည့်ဝခြင်း၊ မျက်နှာပြင်စွမ်းအားမြင့်မားခြင်း တွေအားလုံး ပြည့်စုံမှုရှိပါတယ်။

ဒီဖုန်းကို GSM ၊ HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Dual SIM စနစ်ပါရှိတာကြောင့် SIM card 2 card ကို တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်ပါတယ်။ ထည့်သွင်းသုံးစွဲနိုင်တဲ့ SIM card အမျိုးအစား ကတော့ Nano SIM ပါ။ ဖုန်းအရွယ် အစားက 145.4 x 70.5 x 7.5 mm ရှိပြီး အလေးချိန်က 145g လေးပါတယ်။ ဒါကြောင့် ပါးလွှာပေါ့ပါး တဲ့ ဖုန်းတစ်လုံး လို့ပြောနိုင်ပြီး ကိုင်တွယ်အသုံးပြုရတာလည်း အဆင်ပြေ ပါတယ်။ အရှေ့ဘက်မျက်နှာပြင်က အလွန်ရိုးရှင်းပြီး အပေါ်ဘက်မှာ အရှေ့ကင်မရာ Lens ၊ အောက်ခြေမှာ Physical home button ကို ဘေးတစ်ဖက်တစ်ချက်မှာ Capacitive buttons ၂ ခုကို မြင်တွေ့ရမှာပါ။ နောက်ကျောဘက်အပေါ်အလယ်တည့်တည့်မှာတော့ အနောက်ကင်မရာ Lens တည်ရှိပြီး သူ့အောက်မှာ LED Flash မီးလုံးကို တပ်ဆင်ထားပါ တယ်။ ပါဝါခလုတ်နဲ့အသံအတိုးအကျယ်ခလုတ်တွေအကုန်လုံးက ညာဘက်ဘေးဘောင်မှာရှိပြီး အောက်ဘက်ဘောင်မှာ USB ပေါက်၊ headphone ပေါက်နဲ့ စပီကာပေါက်တွေကို သူ့နေရာနဲ့သူ သေသေ သပ်သပ်ပါရှိပါတယ်။ အရှေ့မျက်နှာပြင်အကျယ်က 5.2-inch ရှိပြီး 1080 x 1920 pixels ရှိတဲ့ full HD မြင်ကွင်းတွေကို အပြည့်အ၀ ပေးစွမ်းနိုင် ပါတယ်။ ၁ လက်မအတိုင်းအတာမှာတော့ ~424 ppi pixels သိပ်သည်းဆ ပမာဏကိုပေးစွမ်းနိုင်ပါတယ်။ မျက်နှာပြင်ကို Corning Gorilla Glass 2.5D Floating Display နဲ့ထပ်မံဖုံးအုပ်ကာကွယ် ပေးထားတာကြောင့် မျက်နှာပြင်ပေါ်မှာ အစင်းရာ အခြစ်ရာတွေလည်း အလွယ်တကူမဖြစ်စေနိုင်သလို မတော်တဆ ပြုတ်ကျမှုဒဏ်တွေကိုလည်း ခံနိုင်ရည်ရှိပါတယ်။ ဒါ့အပြင် မျက်နှာပြင်ပေါ်မှာ multitouch စနစ်ကို သုံးစွဲနိုင်တာကြောင့် လုပ်ဆောင်ချက်တွေကို လျင်မြန်စွာ ထိန်းချုပ်ပြု လုပ်နိုင်ပါတယ်။ အထဲမှာ 6.0 .1 (Marshmallow) ကို run ထားပြီး 7.0 (Nougat) ကို ထပ်မံ အဆင့်မြှင့်တင်သုံးစွဲနိုင်ပါတယ်။ အသုံးပြု ရတာ အဆင်ပြေတဲ့ ZUI 2.5.3 user interface နဲ့ပြုလုပ်ပေးထားပြီး ၎င်းမှာ Body Oxygen and Heart Rate Real Time Detection စနစ် ပါရှိတာကြောင့် တစ်ချက်တည်း ထိလိုက်တာနဲ့ မျက်နှာပြင်ပေါ်မှာ တိကျတဲ့ အဖြေတွေကို တိုင်းတာဖော်ပြပေး နိုင်ပါတယ်။

ဒ့ါအပြင် ၎င်းမှာပါရှိတဲ့ Smart U-Touch 2.0 က ဖုန်းတစ်လုံးနဲ့တစ်လုံးကို iCloud ကနေ တစ်ပြိုင်နက်တည်း ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ ဖုန်းထဲ မှာ Data တွေကိုသိမ်းဆည်းဖို့အတွက် Internal memory 64GB, RAM 4 GB နဲ့ 128GB, RAM 6GB ဆိုတဲ့ version ၂ မျိုးကို ထောက်ပံ့ထား ပေမယ့် Micro SD card ကိုတော့ ထပ်စိုက်သုံးလို့မရပါဘူး။ Bluetooth 4.1, A2DP, LE စနစ်တွေကို သုံးစွဲနိုင်ပြီး Wi-Fi 802.11 a/b/g/n နဲ့ microUSB 3.1, Type-C 1.0 reversible connector တို့ကို ထောက်ပံ့ ထားပါတယ်။ ရွေးချယ်နိုင်တဲ့အရောင်တွေကတော့ ခန့်ညားလှပတဲ့ အမည်းရောင်နဲ့ သစ်လွင် တောက်ပြောင်နေတဲ့ အဖြူရောင် ဆိုတဲ့ အရောင်နှစ်မျိုးပဲဖြစ်ပါတယ်

<Design & Display>

၎င်းကို Streamlined design ပုံစံအသစ်နဲ့ ထုတ်လုပ်ပေးထားပြီး ပြောင်လက်တောက်ပနေတဲ့ သတ္တုဘောင်ကြောင့် အကြမ်းလည်း ခံပါ တယ်။ 5.2-inch အကျယ်ရှိတဲ့ မျက်နှာပြင်ကို Super AMOLED capacitive touchscreen display (16M Colors) နဲ့ပြုလုပ်ထားပြီး full HD မြင်ကွင်းစွမ်းအားတွေကိုပေးစွမ်းနိုင်လို့ ကြည်လင်ပြတ်သား ရုပ်ထွက် မျိုးကို ရရှိနိုင်မှာပါ။

<Camera>

၎င်းရဲ့အနောက်ကင်မရာက 13MP, f/1.8 aperture စွမ်းအားရှိပြီး OIS, phase detection auto focus, dual-LED (dual tone) flash စတဲ့ အဆင့်မြင့် features တွေပါရှိလို့ အလင်းရောင်အားနည်းတဲ့နေရာတွေ မှာလည်း အရှေ့ကင်မရာ ကတော့ 8MP, f/2.0 aperture နဲ့ စွမ်းအား ပါရှိပြီး ကြည်လင်ပြတ်သားသော ဓာတ်ပုံတွေနဲ့ဗီဒီယိုတွေကို ရိုက်ကူးနိုင် ပါတယ်။

<Processor>

ပြောင်လက်တောက်ပနေတဲ့ကိုယ်ထည်အတွင်းထဲမှာ ထည့်သွင်းထားတဲ့ Qualcomm MSM8996 Snapdragon 820 Chipset နဲ့ Quad-core (2x2.15 GHz Kryo & 2x1.6 GHz Kryo) processor တို့ကို Adreno 530 GPU ပံ့ပိုးပေးထားပါတယ်။ ဒါကြောင့် စက်စွမ်းဆောင်ရည်ကောင်း သလို ရုပ်ထွက်ပိုင်းလည်း ကောင်းမွန်ပါတယ်။

<Performance>

မြင့်မားတဲ့ဖုန်းစွမ်းဆောင်ရည်တွေကို ပေးစွမ်းနိုင်တဲ့အတွက် အဆင့်မြင့် ဂိမ်းတွေ၊ app တွေတော်တော်များများကို အဆင်ပြေပြေထည့်သွင်း အသုံးပြုနိုင်သလို ဖုန်းလိုင်းဆွဲအားကောင်းတဲ့အပြင် အင်တာနက်သုံးရ တာလည်း လျင်မြန်ပါတယ်။ ဒါ့အပြင် multitasking တွေကိုလည်း တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။

<Battery Life>

ထည့်သွင်းထားတဲ့ Non-Removable Li-Ion 3100 mAh battery က လုပ်ဆောင်ချက်တွေအကုန်လုံးကို အချိန်ကြာကြာ ပြုလုပ်နိုင်ဖို့အတွက် ပြည့်စုံလုံလောက်ပြီး Quick Charge 3.0 စနစ်ပါရှိလို့ ဖုန်းအားသွင်းရ တာလည်း မြန်ဆန်ပါတယ်။

<Technical Specs>

» Network............... GSM/CDMA/HSPA/LTE
» Dimensions......... 145.4 x 70.5 x 7.5 mm
» Weight.................. 145g
» Display................. 5.2-inch
» Resolution........... 1080 x 1920 pixels
» Type...................... Super AMOLED capacitive
» OS......................... Android 6.0.1 (Marshmallow)
» CPU...................... Quad-core processor
» Memory................. 64GB, 128GB
» Camera................ Back : 13 MP, Front : 8MP
» Connectivity.......... GSM, WLAN, Bluetooth 4.0, USB 3.1
» Sensors................ Fingerprint, Accelerometer, Gyro,
Proximity, Compass, Heart Rate,
Altimeter
» Battery.................... Non-removable Li-Ion 3000 mAh

Price » 399,000 Ks
Contact » 01-382868
(T-Land IT, Digital & Mobile)



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com