8/01/2017

♪ ဖုန်းငွေဖြည့်လိုက်တိုင်း ၅၀ ရာခိုင်နှုန်းအထိ လက်ဆောင်ရရှိနိုင်မယ့် အော်ရီဒူးရဲ့ အစီအစဉ်အသစ်များ ရရှိနိုင်ပြီ ♫

Image may contain: 1 person, smiling, text

အူရီဒူးအသုံးပြုသူများအတွက်ကိုဖုန်းငွေဖြည့်လိုက်တိုင်း ငွေဖြည့်အပိုလက်ဆောင်ရရှိမည့်ငွေဖြည့် လက်ဆောင်အစီအစဉ်ကို စတင်လိုက်တယ်လို့ သိရပါတယ်။

အဲဒီ အစီအစဉ်နဲ့ အတူ တခြား စိတ်လှုပ်ရှားဖွယ်ရာကောင်းတဲ့ အစီအစဉ်တွေကိုပါ တပါတည်း ရရှိနိုင်ပြီး ဖုန်းအေပိုငွေဖြည့်လက်ဆောင်အစီအစဉ်၊ ၂ရက်စာ ဒေတာအစီအစဉ်၊ ပေါင်းကူးဒေတာ အစီအစဉ်သစ် စတာတွေပါဝင်တယ် လို့ ဆိုပါတယ်။

အစီအစဉ်အရ ငွေဖြည့်ကတ်ဖြင့် ငွေဖြည့်မှုအတွက် ၃ဝ% အထိ အပိုငွေဖြည့်လက်ဆောင်ရရှိမည်ဖြစ်ပြီး၊ Easy Top Up ဖြင့် ငွေဖြည့်ပါက ၅ဝ%အထိ အပိုငွေဖြည့်လက်ဆောင်ရရှိနိုင်မယ့် အခွင့်ထူးများရရှိနိုင်မှာ ဖြစ်ပါတယ်။ အူရီဒူးသုံးစွဲသူတွေအနေဖြင့် သြဂုတ်လ ၁ ရက်မှ ၇ ရက်အတွင်း ဖုန်းငွေဖြည့်ပါက ရရှိတဲ့ ငွေဖြည့်အပိုလက်ဆောင်ကို အူရီဒူးအချင်းချင်းဖုန်းခေါ်ဆိုခြင်း၊ အူရီဒူးအချင်းချင်း SMS ပေးပို့ခြင်းနဲ့ သုံးသလောက်ပေး အင်တာနက်တို့အား အသုံးပြုနိုင်မှာ ဖြစ်တယ် လို့ သိရပါတယ်။

အူရီဒူးအနေနဲ့ သုံးစွဲသူတွေအတွက် ၂ရက်ကြာအသုံးပြုနိုင်တဲ့ ဒေတာအစီအစဉ်သစ်ကိုလည်း ၀န်ဆောင်မှုပေးအပ်ထားတယ်လို့ ဆိုပါတယ် ။ သင့်တင့်လျောက်ပတ်တဲ့ နှုန်းထားဖြင့် ဒေတာပမာဏအနည်းငယ် ဝယ်ယူအသုံးပြုလိုပြီး တစ်ရက်ထဲဖြင့် သက်တမ်းကုန်သွားခြင်းကို မနှစ်သက်တဲ့ သုံးစွဲသူတွေအတွက်လည်း ၂ ရက်ကြာအသုံးပြုနိုင်မည့် ဒေတာအစီအစဉ်ကို ၁ဝဝMB ကို ၂၉၉ နှုန်းသာ ကျသင့်မယ် လို့ သိရပါတယ်။

အစီအစဉ်အရ သုံးစွဲသူတွေ အကြိုက်တွေ့ကြတဲ့ ပေါင်းကူးအစီအစဉ်တွေကို ဆက်လက်ရရှိနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှာ ဈေးနှုန်းအသက်သာဆုံး နဲ့ အထိုက်တန်ဆုံး လစဉ်သုံးအစီအစဉ်တွေ ဖြစ်တယ် လို့ အူရီဒူးမြန်မာမှ သိရပါတယ်။ ပေါင်းကူးအစီအစဉ်သစ်တွေကို 350 MB အတွက် ၆၉၉ကျပ်မှ စတင်ဝယ်ယူနိုင်မည်ဖြစ်ပြီး တစ်လတာအသုံးပြုနိုင်တဲ့ သက်တမ်းရှိပါတယ်။ 2GB နှင့် 3.5GB ပေါင်းကူး အစီအစဉ်တွေအတွက် ၅ဝ% ငွေဖြည့်လက်ဆောင် ထည့်ပေးမည့် အထူးအစီအစဉ်ကို လက်ခံရရှိမှာ ဖြစ်ပါတယ်။

အဲဒီ ငွေဖြည့်လက်ဆောင်ကို အူရီဒူးအချင်းချင်း ဖုန်းခေါ်ဆိုရန်၊ စာတိုပေးပို့ရန်နှင့် သုံးသလောက်ပေး အင်တာနက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ ငွေဖြည့်လက်ဆောင်ကို ၃ ရက်ကြာအသုံးပြုနိုင်မှာ ဖြစ်ပြီး ပေါင်းကူးဒေတာအစီအစဉ်ရဲ့ သက်တမ်းမှာ ၃ဝ ရက်ဖြစ်ပြီး အသုံးမပြုရသေးသည့် ဒေတာများကို သုံးစွဲသူအနေဖြင့် နောက်ထပ် ပေါင်းကူးဒေတာအစီအစဉ်များအား ဆက်လက်ဝယ်ယူနေသ၍ သယ်ဆောင် အသုံးပြုနိုင်မှာ ဖြစ်တယ် လို့ ဆိုပါတယ်။

အူရီဒူးသုံးစွဲသူများအနေဖြင့် *140# ကိုခေါ်ဆိုကာ ပေါင်းကူးဒေတာအစီအစဉ် ဒါမှမဟုတ် ၂ရက်စာ ဒေတာအစီအစဉ်ကို ဝယ်ယူနိုင်မှာ ဖြစ်တယ် လို့ သတင်းရရှိပါတယ်။



Ref : OoredooMyanmar
https://digitaltimes.com.mm/23372/ooredoo-13/




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com