8/12/2017

♪ HTC က U11 မှာ ဗီဒီယို FPT ၆၀ နှုန်းထားအထိ ရရှိမယ့် ဗားရှင်း update ထုတ်ပေးမည် ♫


HTC U11 ရဲ့ Update Feature က အများပြောချက်အ၇ဆို Bluetooth 5 က Hardware ပြောင်းလဲခြင်းတွေမပါပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ U11 HTC ရဲ့ မှတ်တမ်းအသစ်အရ ပုံနဲ့ ဗီဒီယို တွေရဲ့ လုပ်နိုင်စွမ်းတွေက ပထမပိုင်းတင် 90 FPS ရှိတယ်လို့ ပြောထားပါတယ်။
FPS – frame per second ဆိုတာဟာ တစ်စက္ကန့်မှာ ပါဝင်တဲ့ Frame တွေ ရဲ့ နှုန်းကို ပြောဆိုတာ ဖြစ်ပါတယ်။ များသောအားဖြင့် Standard ဟာ 24 FPS နဲ့ 30 FPS ဖြစ်ပါတယ်။  တစ်စက္ကန့်ကို ပုံရိပ်ဘယ်နှစ်ခုထွက်လည်း ဆိုတာကို တိုင်းတာပါတယ်။  ဖလင်တစ်ကွက်ဟာ ရုပ်သေတစ်ရုပ်ဖြစ်ပြီး အဲဒါကို တစ်ဖရိမ်လို့ ယူဆပါတယ်။ ရုပ်ရှင်ရုံမှာ ရုပ်ရှင်ပြတဲ့အခါ ဒီဖလင်လိပ်ကို တစ်စက္ကန့်ကို ၂၄ပုံနှုန်းနဲ့ ရစ်ပြီးပြလိုက်တဲ့အခါ လှုပ်ရှားနေတဲ့ ရုပ်ရှင် ဖြစ်လာပါတယ်။
ထိုင်ဝမ်ကုမ္မဏီတွေရဲ့ ပထမဆုံးခြေလှမ်းအရ 30 FPS ကနေ 120 FPS အထိ ကမ်းလှမ်းမှုတွေက အသင့်ရှိနေပြီး Hardware နဲ့ Audio ပိုင်းကို မျှတအောင် ပေါင်းစပ်ထားလို့ ပထဆုံး ကင်မရာအကောင်းဆုံး ဖုန်းတစ်လုံးအနေနဲ့ သဘောထားခံခဲ့ရပါတယ်။

HTC ရဲ့ အဆိုရ ပစ္စည်းတော်တော်များများကို အကောင်းဆုံးတွေသာ အသုံးပြုထားပြီး 60 FPS မှတ်တမ်းတင်မှုက အကောင်းဆုံးပံ့ပိုးပေးမှာဖြစ်တယ်လိုက ပြောပါတယ်။ပြီးတော့ U 11ရဲ့ device ကို နောက်လအနည်းငယ်အတွင်းမှာ တကမ္ဘာလုံးအရောက် ပို့ဆောင်ပေးမှာ ဖြစ်တယ်လို့ HTC ကုမ္မဏီက Twitter မှာ ကြေငြာထားပါတယ်။ ။

HTC U11 က မေလမှာ သူ့ရဲ့ လျှို့ဝှက်မျက်နှာဖုံးကို လှစ်ဟပြခဲ့ပြီး 5.5 လက်မ display နဲ့ 12 Dual-Pixel ကင်မရာတို့ ပါပြီး ဘက်ထရီက 3000 mAh ဖြစ်ပါတယ်။Device တွေရဲ့ လုပ်ဆောင်ချက်က မထင်ရှားပေမယ့် ဖြစ်နိုင်တာကတော့ squeezable frame ကို က လုပ်တာဖြစ်ပြီး app shortcut တွေက နှစ်ဆဖြစ်ပြီး AI လက်ထောက်ဝန်ထမ်းတွေကို Google နဲ့ Amazon Alexa က ဝန်ထမ်းတွေ ဆင့်ခေါ်ထားခြင်းဖြစ်ပါတယ်။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com