နယူးဒေလီမှာ Lenovo ရဲ့ K series က နောက်ထွက် စမတ်ဖုန်းတစ်လုံးဖြစ်တဲ့
Lenovo K8 Note ကို ကြေငြာလိုက်ပါတယ်။ K8 Note ဟာ ကုမ္မဏီရဲ့ ပထမဆုံး Dual
Camera ပါတဲ့ ဖုန်းဖြစ်ပါတယ်။
၅.၅ လက်မ Full HD မျက်နှာပြင် ဟာ 1080×1920 ရှိမှာ ဖြစ်ပြီး မှန်သားကွေးကွေးတွေ ပေါင်းစုကာ ချောမွေ့နေအောင် ပြုလုပ်ပေးထားပါတယ်။ Processor: 2.3 GHz deca-core MediaTek Helio-X20 (MT6797) တွေကို ထည့်သွင်းပြီး Atmos နဲ့ TheaterMax ရဲ့ multimedia device တွေကို အချိုးညီညီ ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။
K8 Note ကို ၂ မျိုးရနိုင်မှာ ဖြစ်ပြီး RAM 3 GB, internal Memory 32 GB နဲ့ RAM 4 GB နဲ့ internal storage 64 GB တို့ ဖြစ်ပါတယ်။ Operating System ကတော့ Android Nougat 7.1.1 ကို သုံးစွဲထားတာ တွေ့ရပါတယ်။ ကင်မရာအရည်အသွေးကတော့ အနောက် ကင်မရာ 13MP ရှိပါတယ်။ အရှေ့ဘက်ကတော့ 13 MP ရှိပြီး ဆဲလ်ဖီးတွေ အတွက် အကောင်းဆုံး ပုံဖော်ပေးနိုင်တဲ့ Selfie Flash ကို ပေါင်းစပ်ထားပါတယ်။ ဘက်ထရီကတော့ တနေကုန် သုံးစွဲနိုင်သလို ၄ နာရီလောက် Non-Stop ဂိမ်းဆော့နိုင်စေမယ့် ပါဝါအား အနေနဲပ 4000 mAh ထည့်သွင်းထားပါတယ်။
အရောင်အနေနဲ့ နှစ်မျိုးထုတ်လုပ်ထားပြီး အနက်ရောင်နဲ့ ရွှေရောင်တို့ဖြစ်ပါတယ်။ RAM3GB(32 GB) က ဈေးနှုန်းက ဒေါ်လာ နဲ့ဆို 204 ဒေါ်လာလောက်ရှိပြီး မြန်မာပြည်ကို ရောက်လာခဲ့ရင် မြန်မာငွေနဲ့ဆို ၂ သိန်း ၇ သောင်းခွဲကနေ 275000 ကျပ်ကနေ ၂ သိန်း ၈ သောင်း နီးပါးထိရှိမှာပါ။ RAM4GB(64 GB) ဆိုကတော့ 220 ဒေါ်လာရှိပြီး မြန်မာငွေနဲ့ဆို ၃ သိန်းကျော် လောက် ရှိမယ် လို့ သိရပါတယ်။