8/03/2017

♪ Angry Birds Evolution v 1.9.2 APK (Android Game) ♫

Image may contain: text

Angry Birds Evolution ဟာ အလှည့်နဲ့ ကစားရတဲ့ 3D puzzle RPG ဗီဒီယိုဂိမ်းဖြစ်ပြီး Angry Birds Action ဂိမ်းနဲ့ ဂိမ်းပုံစံချင်း ဆင်တူပါတယ်။ သင့်ရဲ့မြေကို ဝင်ရောက်ကျူးကျော်လာတဲ့ အစိမ်းရောင်ဝက်တွေကို မောင်းထုတ်ဖို့အတွက် ငှက်တွေကို ရန်သူတွေဆီပစ်လွှတ်ကာ တိုက်ခိုက်ရမယ့်ပုံစံကို ကစားရမှာပါ။

ကစားသူအနေနဲ့ ရွေးချယ်ထားတဲ့ငှက်ကိုဆွဲပြီး ရန်သူဝက်ကို ထိအောင်ချိန်ပစ်ရမှာ ဖြစ်ပါတယ်။ ပေးထားတဲ့ ဝက်ကောင်ရေကိုကြည့်ပြီး ကစားသူတွေ တိုက်ခိုက်ရမယ့်အလှည့် ဘယ်လောက်ဆိုတာကို သိနိုင်သလို ငှက်တွေရဲ့အပေါ်မှာ ပြထားတဲ့ ဂဏန်းအရေအတွက်က special attack ကိုအသုံးပြုဖို့ အလှည့်ဘယ်လောက် ကျန်သေးတယ်ဆိုတာကို ပြသပါတယ်။ အခန်း 18 ခန်းကို ကစားရမှာဖြစ်ပြီး angry bird 5 မျိုးကို အသုံးပြု ရမှာပါ။ ငှက်တွေနဲ့ ရန်သူဝက်အကောင် 300 ကျော်ကို unlock လုပ်ယူနိုင်ပါတယ်။ 

ဒီဂိမ်းဟာ Angry Birds Movie က ဒီဇိုင်းတွေကို အသုံးပြုထားတဲ့ စတုတ္ထမြောက် Angry Bird ဂိမ်းဖြစ်ပြီး ဒီဂိမ်းကိုကစားဖို့အတွက် အင်တာနက်လိုအပ်ပါတယ်။ မူရင်း Angry Bird ဂိမ်းတွေမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေ မပါဝင်တဲ့ တစ်ခုတည်းသော Angry Bird ဂိမ်းလည်း ဖြစ်ပါတယ်။ ဒီဂိမ်းကိုကစားဖို့အတွက် Android 5.0 နဲ့အထက် လိုအပ်ပါတယ်။






NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com