8/13/2017

♪ စမတ်ဖုန်းနဲ့ Bokeh ဓာတ်ပုံတွေကို ဘယ်လိုရိုက်မလဲ ♫


ဒီတစ်ပတ်မှာတော့ စမတ်ဖုန်းတွေနဲ့ Bokeh ဓာတ်ပုံတွေကို ဘယ်လိုဖန်တီးမလဲဆိုတဲ့ အကြောင်းအရာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Bokeh စနစ်ဆိုတာကတော့ ဓာတ်ပုံတစ်ပုံကို ရိုက်လိုက်တဲ့အခါမှာ ကိုယ်ပြချင်တဲ့ လူ၊ ဒါမှမဟုတ် အရာဝတ္တုပစ္စည်း Subject တွေကိုပဲ ထင်ရှားပြတ်သားနေအောင်ပြပြီး နောက်ခံ Background တွေကို ဝါး သွားအောင်ပြုလုပ်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီလိုမျိုး Bokeh စနစ်နဲ့ ဓာတ်ပုံတွေကို ဖန်တီးမယ်ဆိုရင်တော့ ဓာတ်ပုံမှာ ကိုယ်ဖော်ပြချင်တဲ့ အရာဝတ္တု Subject တွေက ထင်ရှားပြီး ရုပ်လုံးကြွနေမှာပါ။


Bokeh Effect စနစ်ကိုတော့ နောက်ဘက်ကင်မရာ နှစ်လုံး (Dual Camera) စနစ်ပါဝင်တဲ့ ဖုန်းတွေရဲ့ Camra Feature ထဲမှာ မြင်တွေ့နိုင်ပါတယ်။ နောက်ဘက် ကင်မရာနှစ်လုံးပါဝင်တဲ့ ဖုန်းတွေမှာပဲ ဒီလိုဓာတ်ပုံတွေကို ရိုက်နိုင်တာ လားဆိုရင်တော့ မဟုတ်ပါဘူး။ နောက်ဘက်ကင်မရာ နှစ်လုံးမပါဝင်တဲ့ စမတ်ဖုန်းတွေမှာလည်း Bokeh ဓာတ်ပုံတွေကို ဖန်တီးချင်တယ်ဆိုရင် ပြုလုပ်လို့ ရနိုင်ပါတယ်။ ဒါပေမဲ့ နောက်ဘက်ကင်မရာ နှစ်လုံးမပါတဲ့ ဖုန်းတွေမှာဆိုရင်တော့ App အကူအညီကို ရယူရပါလိမ့်မယ်။ Bokeh ဓာတ်ပုံတွေ ဖန်တီးဖို့အတွက် Android ဖုန်းတွေမှာဆိုရင်တော့ AfterFocus ဆိုတဲ့ App ကို အသုံးပြုနိုင်ပါတယ်။

AfterFocus မဟုတ်ပဲ Bokeh Effect စနစ်သုံးနိုင်တဲ့ အခြား Android App တွေလည်း အများအပြားရှိပါတယ်။ ဒါပေမဲ့ဒီ App က အသုံးပြုရတာလွယ်တဲ့အတွက် ဒီ App ကို ရွေးချယ်ဖော်ပြရခြင်း ဖြစ်ပါတယ်။

AfterFocus App ကိုတော့ Google Playstore ပေါ်မှာ အလွယ်တကူပဲ အခမဲ့ရယူနိုင်ပါတယ်။ Download လုပ်ချင်တယ်ဆိုရင်တော့ goo.gl/sdq6iS မှာလည်း Download လုပ်ပြီး ရယူနိုင်ပါတယ်။

AfterFocus App ကို Download လုပ်ပြီးပြီဆိုရင်တော့ App ကိုဖွင့် ပြီး အသုံးပြုနိုင်ပါပြီ။ ဒီ App ထဲမှာပါတဲ့ ကင်မရာစနစ်ကို တိုက်ရိုက်ဖွင့်ပြီး ရိုက်တဲ့အခါမှာလည်း Bokeh စနစ်ကို ရရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ဖုန်းက ကင်မရာတစ်လုံးတည်းပဲပါတဲ့ဖုန်း ဖြစ်နေမယ်ဆိုရင် App ထဲက ကင်မရာရဲ့ Bokeh စနစ်ပြုလုပ်ပေးခြင်းဟာ သိပ်ပြီးကောင်းမွန်မှာ မဟုတ်ပါဘူး။ ဒါကြောင့် App ထဲမှာ Bokeh စနစ်ကိုပိုပြီး ပီပြင်ကောင်းမွန်အောင် ပြုလုပ်ရမှာဖြစ်ပါတယ်။


Bokeh စနစ်ကို ပိုပြီးကောင်းမွန်လာစေဖို့အတွက် App ထဲက Edit ထဲမှာ အလွယ်တကူပဲ ပြုပြင်နိုင်ပါတယ်။ App ထဲက ကင်မရာစနစ်နဲ့ရိုက်ထားတဲ့ ဓာတ်ပုံကိုပဲ ပြင်မယ်ဆိုရင်တော့ အလွယ်တကူပဲ တစ်ခါတည်း ပြင်နိုင်ပါတယ်။ ဖုန်းထဲမှာရှိနေတဲ့ ဓာတ်ပုံတွေထဲက ရွေးချယ်ပြီးပြုပြင်မယ် ဆိုရင်တော့ App ကိုဖွင့်ပြီး Album ကိုနှိပ်ပါ။ Album ထဲမှာကိုယ် ပြုပြင်ချင်တဲ့ပုံကို ရွေးချယ်လိုက်ပါ။


ပြီးရင်တော့ Focus လုပ်ဖို့ မလိုအပ်တဲ့ ဘေးသားတွေကို ဖယ်ထုတ်ဖို့အတွက် နောက်ထပ် Tool တစ်ခုကိုပြောင်းလဲ ရွေးချယ်ရပါမယ်။ ပြီး ရင်တော့ မလိုအပ်တဲ့ ဘေးသားနေရာတွေကို ဒီ Tool နဲ့ တစ်ချက်စီပွတ် ဆွဲလိုက်တာနဲ့ အားလုံးပျက်သွားမှာပါ။ Focus နေရာကို မှတ်သားတာကောင်းရင် တစ်ချက်တည်းနဲ့ ဘေးသားတွေကို အလွယ်တကူ ဖယ်နိုင်ပါလိမ့်မယ်။


ပြီးရင်တော့ Focus လုပ်ဖို့ မလိုအပ်တဲ့ ဘေးသားတွေကို ဖယ်ထုတ် ဖို့အတွက် နောက်ထပ် Tool တစ်ခုကိုပြောင်းလဲ ရွေးချယ်ရပါမယ်။ ပြီး ရင်တော့ မလိုအပ်တဲ့ ဘေးသားနေရာတွေကို ဒီ Tool နဲ့ တစ်ချက်စီပွတ် ဆွဲလိုက်တာနဲ့ အားလုံး ပျက်သွားမှာပါ။ Focus နေရာကို မှတ်သားတာ ကောင်းရင် တစ်ချက်တည်းနဲ့ ဘေးသားတွေကို အလွယ်တကူ ဖယ်နိုင်ပါလိမ့်မယ်။


ဘေးသားတွေအားလုံး ဖျက်လိုက်ပြီးရင်တော့ Focus လုပ်ထားတဲ့ အစိတ်အပိုင်းနေရာလေးပဲ ကွက်ပြီးကျန်ခဲ့မှာပါ။ ပြီးရင်တော့ အပေါ်ထိပ် နားမှာရှိနေတဲ့ Next ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ နောက်ခံ Background ကိုဝါးထားတဲ့ Bokeh ဓာတ်ပုံကို ရရှိပြီဖြစ်ပါတယ်။


အောက်ဘက်ဘားတန်းထဲမှာရှိနေတဲ့ Blur ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် နောက်ခံ Background ကိုလိုအပ်သလောက်အတိုင်းအတာအထိ ဝါး အောင်လုပ်ချိန်နိုင်တဲ့ Blur စနစ်နဲ့ Focus ရဲ့ဘေးသားတွေကို ပိုပြီးတိ ကျကောင်းမွန်အောင် လုပ်နိုင်တဲ့ Feather စနစ်တွေကိုပါ ထပ်ပြီးချိန် ညှိနိုင်ပါတယ်။
လုပ်ဆောင်ချက်တွေအားလုံး ပြီးပြီဆိုရင်တော့ Save ကိုနှိပ်ပြီးပုံကို Save လုပ်လို့ ရပါပြီ။

iOS စနစ်သုံး ဖုန်းတွေမှာဆိုရင်တော့ နောက်ဘက်ကင်မရာနှစ်လုံးပါ တဲ့ iPhone 7 Plus မှာပဲ Bokeh စနစ်ကို အသုံးပြုနိုင်တာ တွေ့ရမှာပါ။ iPhone 7 Plus မဟုတ်တဲ့ အခြား iPhone မော်ဒယ်တွေအတွက်ဆိုရင်တော့ TADAA ဆိုတဲ့ App ကိုအသုံးပြုပြီး Bokeh ဓာတ်ပုံတွေကိုဖန်တီး နိုင်ပါတယ်။ TADAA အပြင် Bokeh စနစ်သုံးနိုင်တဲ့ အခြား App တွေ လည်းရှိပါတယ်။ TADAA ကတော့ အခမဲ့ရနိုင်တဲ့အပြင် သုံးရတာလွယ်တဲ့အတွက် ဒီ App ကိုဖော်ပြရခြင်း ဖြစ်ပါတယ်။




-ကိုသက်

Credit to ==> Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com