8/13/2017

♪ ကိုယ့်ရဲ့အိတ်ကပ်ထဲမှာ သွားလေရာဆောင်ထားသင့်တဲ့ Windows အတွက် Portable app ၇ မျိုး ♫


ယနေ့ခေတ်မှာ လူတိုင်း USB stick ကို သုံးစွဲနေကြပြီဖြစ်ရာ ကိုယ်သွားလေရာတိုင်း ထည့်သွင်းသယ်ဆောင် သွားသင့်တဲ့ portable app ၇ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဆော့ဖ်ဝဲတွေဟာ Windows operating system တွေမှာ သုံးစွဲမှာဖြစ်တဲ့အတွက် အပြင်က ကွန်ပျူတာတွေ သုံးစွဲတဲ့အခါမှာ ကိုယ်သုံးနေကျ ဆော့ဖ်ဝဲတွေ မရှိဘူးဆိုရင် USB stick ပေါ်ကနေ အလွယ်တကူနဲ့ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

1 – Google Chrome
Google Chrome browser ကို USB drive ထဲ ထည့်သွင်းပြီး portable အဖြစ် သုံးစွဲချင်တယ်ဆိုရင် ဒီနေရာကနေ download လုပ်ယူနိုင်ပါတယ်။ ပြင်ပ တစ်နေရာရာမှာ ကွန်ပျူတာကနေ အင်တာနက် သုံးစွဲမယ်ဆိုရင် portable browser ကို သုံးစွဲခြင်းအားဖြင့် ကိုယ့်ရဲ့အချက်အလက်တွေကျန်နေခဲ့မှာ စိုးရိမ်စရာမလိုသလို Google account နဲ့ ချိတ်ဆက်ပြီး သုံးစွဲမယ်ဆိုရင်လည်း Google နဲ့ ချိတ်ဆက်ထားတဲ့ ဝန်ဆောင်မှုတွေနဲ့ ကိုယ့်ရဲ့ အချက်အလက်တွေကို ရောက်လေရာနေရာကနေ သုံးစွဲနိုင်မှာဖြစ်ပါတယ်။


2 – 7-Zip
File compress tool အမျိုးအစားတစ်ခုဖြစ်တဲ့ 7-Zip ဆော့ဖ်ဝဲဟာ အခမဲ့ open source ဆော့ဖ်ဝဲတစ်ခု လည်းဖြစ်ပါတယ်။ 7-Zip ဆော့ဖ်ဝဲကို ဒီနေရာကနေ download လုပ်ယူနိုင်မှာဖြစ်ပါတယ်။


3 – GIMP
GIMP ဆိုတာကတော့ photo editing software တစ်ခုဖြစ်ပါတယ်။ Open source အမျိုးအစားတစ်ခု ဖြစ်ပြီး ဓာတ်ပုံတွေကို ပြင်ဆင်နိုင်မယ့် tool တွေကို ထည့်သွင်းပေးထားတဲ့အတွက် ပြင်ပ တစ်နေရာ ကိုရောက်နေချိန်မှာ ဓာတ်ပုံ ပြင်ဆင်စရာတစ်ခုခု ရှိခဲ့တယ်ဆိုရင် ဒီဆော့ဖ်ဝဲကို USB stick ကနေ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ GIMP portable software ကို ဒီနေရာကနေ ရယူနိုင်မှာဖြစ်ပါတယ်။


4 – VLC Media Player
Media format အများအပြားကို အထောက်အပံ့ပေးနိုင်တဲ့ VLC media player ဟာ လူကြိုက်များတဲ့ media player တစ်ခုဖြစ်ပါတယ်။ VLC player ဟာ media format အများအပြားကို အထောက်အပံ့ပေးတဲ့အပြင် streaming video တွေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Portable software ကို ဒီနေရာကနေ ရယူနိုင်မှာဖြစ်ပါတယ်။


5 – LastPass
LastPass ဆိုတဲ့ ဆော့ဖ်ဝဲဟာ password manager ဆော့ဖ်ဝဲအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ကိုယ့်အတွက်အရေးကြီးတဲ့ password တွေကို လုံခြုံစိတ်စေရန်အတွက် Encrypt လုပ်ပြီး သိမ်းဆည်းပေးထား နိုင်မယ့် ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။ LastPass portable software ကို ဒီနေရာကနေ ရယူနိုင်မှာဖြစ်ပါတယ်။


6 – CCleaner
CCleaner ဆော့ဖ်ဝဲဆိုတာကတော့ လူအများ သုံးစွဲနေကြတဲ့ clean up utility တစ်ခုပဲဖြစ်ပါတယ်။ Browser အတွင်းရှိ cache တွေကို ဖယ်ရှားခြင်း registry error တွေကို ဖယ်ရှားခြင်း Windows အတွင်းရှိ ထည့်သွင်းထားတဲ့ ဆော့ဖ်ဝဲတွေကို uninstall လုပ်ခြင်း အစရှိတာတွေကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ CCleaner ကို ဒီနေရာကနေ ရယူနိုင်ပါတယ်။


7 – LibreOffice
Open source software အမျိုးအစားတစ်ခုဖြစ်တဲ့ LibreOffice ဟာ Office suite အမျိုးအစားတစ်ခုဖြစ်ပါတယ်။ Word, Excel, PowerPoint အစရှိတာတွေကို ထည့်သွင်းသုံးစွဲလိုတဲ့ အခါမျိုးမှာ stick ပေါ်ကနေ အလွယ်တကူနဲ့ portable ကို အသုံးပြုပြီး သုံးစွဲနိုင်ပါတယ်။ LibreOffice ကို ဒီနေရာကနေ ရယူနိုင်ပါတယ်။






Credit to ==> Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com