8/13/2017

♪ Android ဖုန်း Screen unlock ကို အသံအတိုးအကျယ် ခလုတ်သုံးပြီး အဖွင့်အပိတ်လုပ်မယ် ♫


ဒီတစ်ပတ်တော့ Android ဖုန်းတွေမှာ ဖုန်း Screen unlock ကို volume ခလုတ်ဖြစ်တဲ့ အသံအတိုးအကျယ် ခလုတ်ကိုသုံးပြီး အဖွင့်အပိတ် Unlock လုပ်တဲ့နည်းလေးကို ဖော်ပြပေးပါမယ်။ ဒီနည်းက ဖုန်းရဲ့ပါဝါခလုတ်ကို အဖွင့်အပိတ် လုပ်သုံးတာများလို့ ပါဝါခလုတ်ကောင်းကောင်း အလုပ်မလုပ်တော့တဲ့ ဖုန်းတွေအတွက် အသုံးဝင်လှတဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ်။ ဒီနည်းလေးက Third party app ကိုသုံးပြီး လုပ်တာဖြစ်တဲ့အတွက် ကိုယ့်ဖုန်းက Root မလုပ်ထားလဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖုန်းရဲ့ Android version ကတော့ v4.1 နဲ့ အထက်ရှိမှ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အရင်ဆုံး ဖုန်းထဲကို လိုအပ်တဲ့ App ထည့်သွင်းဖို့ အတွက် PlayStore ကိုနှိပ်ပြီး ဖွင့်လိုက်ပါ။

ပြီးရင်တော့ Search အကွက်ထဲမှာ volume unlock ဆိုပြီး ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင်တော့ အခုလိုမျိုးပေါ်လာမှာဖြစ်ပြီး ပုံမှာပြထားတဲ့အတိုင်း icon နဲ့တွဲလျက် စာသားကို ရွေးပေးလိုက်ပါ။

ဒါဆိုရင်တော့ App ကို Install လုပ်ဖို့ပေါ်လာမှာဖြစ်ပြီး INSTALL ဆိုတဲ့ ခလုတ်ကို နှိပ်ပါ။



Install လုပ်တာကို ခဏစောင့်ပေးလိုက်ပါ။ ပြီးရင်တော့ ဖုန်းမှာအခုလိုမျိုး App icon ကို ရှာပြီးထပ်ဖွင့်ပါ။

ဒါဆိုရင်တော့ ခုလိုမျိုးပေါ်လာမှာဖြစ်ပြီး အပေါ်နားက Enable/Disable Screen wake ဆိုတဲ့ စာသားဘေးနားက အကွက်ကို တစ်ချက်နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ သူ့အောက်နားက DISABLED ဆိုတဲ့ စာသားကနေ ENABLED ဆိုပြီးပြောင်းသွားပါမယ်။ ပြီးရင်တော့ Use volume key to lock ဆိုတဲ့ သားဘေးက ခလုတ်လေးကို တစ်ချက်ထပ်နှိပ်ပေးပါ။

Use volume key to lock ဆိုတဲ့စာသားဘေးက ခလုတ်လေးကို နှိပ်လိုက်ရင်တော့ Activate လုပ်ဖို့ ပေါ်လာမှာဖြစ်ပြီး ဘယ်ဘက် screen အောက်ထောင့်နားက Activate ဆိုတဲ့ စာသားကို နှိပ်ပါ။


Activate နှိပ်လိုက်ရင်တော့ ခုလိုမျိုး စာသားပေါ်လာမှာဖြစ်ပြီး ဖုန်း screen unlock ကို အသံအတိုးအကျယ် ခလုတ်နှိပ်ကာ အဖွင့်အပိတ် လုပ်နိုင်ပြီပဲဖြစ်ပါတယ်။ ဖုန်း screen unlock ကို volume ခလုတ်ကို တစ်ချက်နှိပ် ကာ unlock လုပ်နိုင်မှာဖြစ်ပြီး နှစ်ချက်နှိပ်မယ်ဆိုရင်တော့ lock ပြန်လုပ်ပေးမှာ ဖြစ်ပါတယ်။


-ရဲထွဋ်ဝင်း

Credit to ==> Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com