8/17/2017

♪ “နည်းပညာ၊ ငွေကြေးနှင့် ပျော်ရွှင်မှုတို့အချိုးကျပေါင်းစပ်မှု” ♫

No automatic alt text available.

အချိန်ဆိုသည့်အရာဟာ အရေးပါအရာရောက်လှတာကြောင့် နေ့တစ်နေ့ ၏ လှုပ်ရှားမှုများတွင် တိတိကျကျလုပ်ဆောင်နိုင်ရန် လိုအပ်ပါတယ်။ အချိန်ကိုမဖြုန်းတီးခြင်းဟာ ကောင်းကျိုးများစွာကို ပိုမိုရရှိစေနိုင်ပါလိမ့် မယ်။ နည်းပညာခေတ်ကိုရောက်ရှိ လာခြင်းကြောင့် အချိန်တိကျမှု များဟာ ပိုမိုမှန်ကန်အရေးပါလာပြီး၊ တစ်မိနစ် နောက်ကျမှုဖြင့်ပင် ရထား၊ ကားများကို စီးနင်းခွင့် ရရှိမှာမဟုတ်ပါဘူး။ ဘ၀မှာပျော်ရွှင်စွာနေထိုင်နိုင် ဖို့ အတွက် အချိန်ကိုအကျိုးရှိစွာအသုံးပြုရန် လိုအပ်ကြောင်း Apple ကုမ္ပဏီ မှအင်ဂျင်နီယာတစ်ဦးက မှတ်ချက်ပြုထားပါတယ်။ အချိန်များ စွာကို မကုန်ဆုံးစေဘဲ နေ့စဉ်အလုပ်များကို သက်သာစွာဖြင့် ဆောင်ရွက်နိုင်ရန် နည်းပညာနှင့်ထောက်ပံ့ပေးမှုများ ပိုမိုရှိလာခဲ့ပါပြီ။ ကားများဖြင့် လမ်းကြောရှုပ်ထွေးကြပ်တည်းနေသော အချိန်တွင် မြန်နှုန်းမြင့် မြေပေါ်မြေအောက်ရထားများ စီးနင်းနိုင်အောင် လုပ်ဆောင် ပေးထားပြီး အဆိုပါရထားဘူတာရုံများတွင် အခမဲ့အင်တာနက်ကွန်ရက် များကိုရရှိနိုင်အောင် ဆောင်ရွက်ပေးထားခြင်းကြောင့်လည်း အလုပ်ကိစ္စများကို အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်နိုင်ပါလိမ့်မယ်။ အချိန်ကုန် သက်သာစေလိုပါက နည်းပညာစနစ်များရဲ့အထောက်အပံ့ကို မလွဲမသွေ ရယူရမှာဖြစ်ပြီး ထိုအတွက်လည်း ထိုက်သင့်သော ငွေကြေးကုန်ကျမှုတော့ ရှိမှာဖြစ်ပါတယ်။ အလုပ်ကိစ္စဖြင့် ဗျာများနေရသော တစ်နေ့တာ အတွက် ၀န်ဆောင်မှုလုပ်ငန်းများ၊ စက်ရုပ်များကို အားထားကြရတဲ့ အခြေ အနေဖြစ်လာပါတယ်။ အိမ်သန့်ရှင်းရေးအတွက် အလုပ်သမားမငှားရမ်း လိုသူများအနေဖြင့် သန့်ရှင်းရေးစက်ရုပ်များကို ၀ယ်ယူအသုံးပြုကြရပါ တယ်။ Sensor စနစ်နှင့် အလိုအလျောက် ထိန်းချုပ်မှုပါရှိသော House Keeping စက်ရုပ်များဟာ အသေးစိတ်ကျနသော သန့်ရှင်းမှုများကို မလုပ်ဆောင်နိုင် သော်လည်း လုံလောက် သောသန့်ရှင်းမှုအနေအထား ကိုတော့ ပေးစွမ်းနိုင်ပါတယ်။

Maidbot ဆိုသည့် သန့်ရှင်းရေးစက်ရုပ်ငယ်တွေကို အချို့သော ဟိုတယ် များတွင် အသုံးပြုရန် စီစဉ်ဆောင်ရွက်နေကြ ပါတယ်။ Maidbot စက်ရုပ် ငယ်အစီအစဉ်နှင့်ပတ်သက်သော CEO ဟာ အသက်ငယ်သော လူငယ်တစ်ယောက်ဖြစ်ပြီး နာမည်မှာ Micah Green ပါ။ သူ့ရဲ့အမေဟာ သန့်ရှင်းရေးဆိုင်ရာလုပ်ငန်း များကိုလုပ်ကိုင်တာကြောင့် သူဟာ Cornell School of Hotel Administration ကို တက်ရောက်ခဲ့ကာ သန့်ရှင်းမှု ဆိုင်ရာလုပ်ငန်းများတွင် နည်းပညာစနစ်ဖြင့် ထောက်ပံ့ပေးနိုင်ရန် ကြိုးစားခဲ့ ပါတယ်။ လူသားတစ်ယောက်ရဲ့အားဖြင့် သန့်ရှင်းရေး လုပ်ဆောင်ခြင်းဟာ ပိုမိုတိကျသန့်ရှင်းသော်လည်း အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် အဆိုပါဝန်ထမ်းဟာ လုပ်ငန်းခွင်အတွင်း မလာရောက်နိုင်ပါက သန့်ရှင်းရေးဆိုင်ရာလုပ်ငန်းများဟာ အခက် အခဲဖြစ်နိုင်ပါတယ်။ ထို့ကြောင့် စက်ရုပ်များ၏အကူအညီကို ရယူရန် လုပ်ငန်းရှင်များက စဉ်းစားကြခြင်းဖြစ်ပါတယ်။ အချိန်ကိုအဆုံးရှုံးမခံ လိုသူများအတွက် အခြားသော ၀န်ဆောင်မှုလုပ်ငန်းများစွာလည်း ရှိပါတယ်။ ထိုလုပ်ငန်းများကတော့ စားသောက်ကုန်နှင့် အခြားသော ကုန်ပစ္စည်းများကို ပို့ဆောင်ပေးသော ၀န်ဆောင်မှုလုပ်ငန်းဖြစ်ပြီး၊ အဆိုပါလုပ်ငန်းများတွင် ယခုအချိန်အထိ ဆိုင်ကယ်၊ စက်ဘီးနှင့်မော်တော် ယာဉ်များကို အသုံးပြုနေကြသော်လည်း နောင်တစ်ချိန်တွင် ဒရုန်းများကို သုံးစွဲ လာကြမှာဖြစ်ပါတယ်။

အချိန်နှင့်ပျော်ရွှင်မှုနဲ့ပတ်သက်ပြီး သုတေသနပြုလုပ်သူများဟာ နိုင်ငံ ၄ နိုင်ငံမှာ လူပေါင်း ၆,၀၀၀ ခန့်ကို ရက်သတ္တပတ် နှစ်ပတ်အတွက် ဒေါ်လာ ၄၀ ပေးပြီး လေ့လာစစ်တမ်းကောက်ခဲ့ကြပါတယ်။ အဆိုပါသုတေ သနပြုခံရသူများဟာ ရရှိသော ပိုက်ဆံဖြင့် ပထမရက်သတ္တပတ်တွင် လိုအပ်သောအသုံးအဆောင်များကို ၀ယ်ခြမ်းခဲ့ကြပါတယ်။ နောက် တစ်ပတ်၌ အချိန်ကို မဖြုန်းဘဲ စုဆောင်းခြင်းနည်းလမ်းဖြင့် ပိုက်ဆံ ရရှိသော အခြေအနေကို စူးစမ်းလေ့လာခဲ့ကြပါတယ်။ လူအများစုဟာ ၀ယ်ခြမ်းခြင်း ထက် အချိန်ကုန်သက်သာခြင်းဟာ သူတို့အတွက် ပိုမိုပျော်ရွှင်ရကြောင်း လေ့လာသူများကိုဖြေကြားခဲ့ပါတယ်။ “ပိုက်ဆံကို အကျိုးရှိစွာအသုံးပြုမယ်ဆိုရင် ပျော်ရွှင်မှုကိုဝယ်ယူနိုင်ပါလိမ့်မယ်”ဟု University of British Columbia ရဲ့ Psychology Professor ဖြစ်သူ Elizabeth Dunn က ပြောဆိုပါတယ်။ လုပ်ငန်းခွင်အတွင်း အချိန်ကုန် သက်သာစွာဖြင့် အလုပ်ပြီးစီးအောင် ဆောင်ရွက်နိုင်မှုဟာလည်း အလုပ်သမား များအတွက်များစွာသော စိတ်ကျေနပ်မှုကို ဖြစ်စေနိုင် ပါတယ် လို့ the Harvard Business School မှ ဆရာမ Ashley Whillans က မှတ်ချက်ပြုပါတယ်။ ဈေးဝယ်ခြင်းဟာစိတ်ညစ်မှုကို တစ်ခါတစ်ရံမှာ ပြေပျောက်စေသော်လည်း အချိန်များဆုံးရှုံးမှုကြောင့် ကိုယ်ရောစိတ်ပါ ထိခိုက်ရမှုဟာပိုများပါတယ်။ ၀ယ်ခြမ်းလာသော ပစ္စည်း များကို သယ်ဆောင်သိမ်းဆည်းရခြင်းဟာလည်း တစ်ခါတစ်ရံ အခက်အခဲဖြစ်စေပါတယ်။

Indianapolis မြို့တွင်သူနာပြုအလုပ်ကို လုပ်ကိုင်နေသော Lynda Jones ဟာ အလုပ်များသည့် ယခင်အချိန်များ ကတော့ အိမ်သန့်ရှင်းအတွက် အလုပ်သမား ငှားရမ်းခဲ့ပေမယ့် အဆိုပါအလုပ်သမားကြောင့်ပင် စိတ်ပင်ပန်းမှုများ၊ အလုပ် ရှုပ်မှုများပိုခဲ့တာကြောင့် အလုပ်သမား ထားရှိခြင်း မပြုတော့ပါဘူး။ အခုအခါ သူမဟာလုပ်ငန်းသစ်တစ်ခုကို လည်း ပြောင်းလဲ လုပ်ကိုင်နေပြီဖြစ်ပြီး၊ အဓိကအားဖြင့် အချိန်ကိုဖြုန်းတီး မှု မရှိအောင်နေထိုင်နေပါတယ်။ “အချိန်ကို အလဟဿမကုန်ဆုံးစေဖို့ အတွက် ကြိုးစားလုပ်ဆောင်ရပါလိမ့်မယ်။ ပိုက်ဆံကိုရှာဖို့ လွယ်ကူနိုင်သော်လည်း ရှာထားတဲ့ပိုက်ဆံနဲ့ အချိန်ကိုပြန်ဝယ်ဖို့ ကတော့မဖြစ်နိုင်ပါဘူး”လို့ Jones က ပြောဆိုပါတယ်။ ခရီးထွက်ခြင်းနှင့် Spa ဆိုင်သို့သွား၍ အပန်းဖြေရခြင်းဟာလည်း စိတ်သက်သာပျော်ရွှင် ရကြောင်း မှတ်ချက်ပြုသူများရှိပါတယ်။ သုတေသနပြုစစ်တမ်းကောက်သူ များဟာ အမေရိက၊ ကနေဒါ၊ ဒိန်းမတ်နှင့် နယ်သာလန်နိုင်ငံမှသူများကို လေ့လာစစ်တမ်းကောက်ခဲ့ခြင်းဖြစ်ပြီး၊ အမေရိကမှလွဲ၍ အခြားသောနိုင်ငံ များဟာ ကမ္ဘာလုံးဆိုင်ရာ ပျော်ရွှင်မှုစစ်တမ်းရလဒ်တွင် ထိပ်ဆုံးအဆင့်၌ ပါရှိခဲ့ပါတယ်။ “ချမ်းသာတဲ့သူပင်ဖြစ်ပါစေ၊ ဆင်းရဲတဲ့သူပင် ဖြစ်ပါစေ၊ ပျော်ရွှင်မှုကိုရရှိဖို့ခက်ခဲသော အခြေအနေလည်း ရှိပါတယ်။ ထို့ကြောင့် အချို့သောမြို့နယ်များ၊ ရပ်ကွက်များတွင် သက်ဆိုင်ရာ အရာရှိများမှ ပိုမိုပျော်ရွှင်ဖွယ်ကောင်းသောအနေအထားများကို ဖန်တီးဆောင်ရွက်ပေး နေခြင်းဖြစ်ပါတယ်”လို့ Whillans က ပြောဆိုပါတယ်။

ပျော်ရွှင်မှုဟာ ပိုက်ဆံနှင့်နည်းပညာတို့နဲ့လည်း အချိုးကျပတ်သက်မှုရှိ ပါတယ်။ ငွေကြောင့်မပျော်ရွှင်သူများ များပြား သော်လည်း နည်းပညာ ချို့ယွင်းမှုကြောင့် ပိုက်ဆံနှင့်အချိန်ပါ ကုန်ဆုံးကြရသည့်အခါ မပျော်ရွှင် ရရုံသာမက စိတ်ဆိုး၊ ဒေါသ ထွက်ခြင်းပါတိုးလာခဲ့ပါတယ်။ ငွေပေး ငွေယူကိစ္စများတွင် လွယ်ကူသက်သာအဆင်ပြေစေရန် နည်းပညာ စနစ်များထောက်ပံ့ပေး ထားသော်လည်း အကြောင်းအမျိုးမျိုး ကြောင့် ငွေထုတ်မရသည့်အခါ၊ ငွေလွှဲမရသည့်အခါ သုံးစွဲဖို့အတွက် အခက် အခဲဖြစ်ရသလိုမိမိတို့၏ အကောင့်စနစ်များနှင့်ပတ်သက်၍လည်း ဘဏ်များတွင် သွားရောက်ဖြေရှင်းရခြင်းကြောင့် အချိန်ပါထပ်မံကုန်ဆုံး ရပါတယ်။ ထို့ကြောင့်အဆင့်မြင့်မားသော၊ မြန်ဆန်သော နည်းပညာ စနစ်များဟာ အချိန် ပြည့်သုံးစွဲသူများကို ထောက်ပံ့ပေး နိုင်ရန်လိုအပ်ပါ တယ်။ စမတ်ဖုန်းဖြင့် အချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်ရန်လိုအပ်ပါတယ်။ တက္ကစီငှားရမ်းသည့်အခါတွင် လမ်းမထက်၌အချိန်ကုန်ခံပြီး စောင့်ဆိုင်း မနေရရန် တက္ကစီ အငှားယာဉ်ဆိုင်ရာဝန်ဆောင်မှု app များကိုအသုံးပြု သင့်ပါတယ်။ ထို သို့အသုံးပြုပါက မိမိရဲ့ထွက်ခွာချိန်ကိုကန့်သတ်နိုင်ပြီး အလုပ်ကိုပိုမိုလုပ်ဆောင်နိုင်ပါလိမ့်မယ်။ “သုတေသနစစ်တမ်းများအရ ချမ်းသာသော နိုင်ငံမှသူများဟာ ဆင်းရဲသောနိုင်ငံမှသူများထက် စိတ်ဖိစီးမှုပိုများကြောင်း တွေ့ရပါတယ်။ စိတ်ဖိစီးမှုဖြစ်ရခြင်းရဲ့ အဓိက အချက်တစ်ချက်ကတော့ အချိန်သုံးစွဲမှုကြောင့် ဖြစ်ပါတယ်။ လုပ်စရာ အများကြီးရှိတယ်ဆိုပြီး ရေရွတ်နေပေမယ့်လည်း အချိန်မရှိပါက ဘာမှမလုပ်နိုင်ပါဘူး။ တိုးတက်သောနိုင်ငံများမှသူများဟာ ၂၄ နာရီတွင် အလုပ်ချိန်အတွက် အချိန်များစွာကို ဖဲ့ပေးထားကြပါတယ်။ သွားသုတ်သုတ်၊ စားသုတ်သုတ်ဖြင့် လှုပ်ရှားကြရသလို အိမ်ပြန်ချိန်များ လည်း နောက်ကျကြပါတယ်”ဟု University of Illinois မှ ပျော်ရွှင်မှု ဆိုင်ရာသုတေသနပြုသူ Edward Diener က ပြောဆိုပါတယ်။

မိသားစုပျော်ရွှင်ဖို့အတွက်လည်း အချိန်ပေးရန် လိုအပ်ပါတယ်။ ထို့ကြောင့် အချို့သောမိသားစုများဟာ အားလပ်ရက် တွင် အပန်းဖြေခရီး ထွက်လေ့ရှိပြီး၊ အိမ်အလုပ်များကို ၀န်ဆောင်မှုလုပ်ငန်းများထံသို့သာ အပ်နှံထားပါတယ်။ အနောက်တိုင်း လူနေမှုဘ၀ပုံစံတွင် မိဘနှင့် သားသမီးဟာ အသက်ကြီးလာတာနှင့်အမျှ အထီးကျန်မှုကို ခံစားကြရပါ တယ်။ ထို့ကြောင့် စိတ်ပျံ့လွင့်မှုကို ဖြေလျော့ရန် Casino ရုံများသို့ သွားသည့်သူများလည်းရှိပါတယ်။ အခုအခါ AI စနစ်ဟာ လူအများကြား၊ နည်းပညာအသိုင်းအ၀ိုင်းများကြား ကျယ်ပြန့်လာသော အသုံးအနှုန်းဖြစ် လာပါတယ်။ လူများကတီထွင်ထားသော AI ဟာ လူသားတို့၏ လမ်းညွှန်မှု ကိုသွေဖယ်ပြီး သူတို့၏ပုံစံသစ်များဖြင့် လှုပ်ရှားဆောင်ရွက်လာမှုများ ရှိလာသောကြောင့် AI စနစ် များကိုရပ်နားမှုများ ရှိလာခဲ့ပါတယ်။ အလီဘာဘာလုပ်ငန်းစုရဲ့ အကြီးအကဲဖြစ်သူ Jack Ma က “လာမယ့် နှစ်များတွင် AI စနစ်နှင့် အခြားသော နည်းပညာများဟာ လူသားတို့ အတွက် ပျော်ရွှင်မှုထက် နာကျင်မှုကိုသာပိုဖြစ်စေပါလိမ့်မယ်”ဟု ပြော ဆိုခဲ့ဖူးပါတယ်။ ငွေကြေးပြည့်စုံမှသာ နည်းပညာစနစ်မြင့်မားသော ထုတ်ကုန်များကိုဝယ်ယူသုံးစွဲနိုင်ပြီး ထိုက်သင့်သော ပျော်ရွှင်မှုကို ရရှိနိုင်လိမ့်မည်ဟု ထင်မြင်ယူဆသူများရှိပါတယ်။ လိုအပ်သောငွေကြေး ကို ရှာဖွေစုဆောင်းရခြင်း ဟာလည်း ပျော်ရွှင်မှုဆုံးရှုံးရပြီး ပင်ပန်းမှုကို ခံစားရနိုင်ပါတယ်။



ငြိမ်းချမ်းတိုး

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com