
Android ဟာ Mobile Operating System နယ်ပယ်မှာဘုရင်တစ်ဆူဖြစ် လာပြီးပြီး ခဲ့တဲ့ဆယ်စုနှစ်အတွင်းမှာ ကြီးမားစွာကျယ်ပြန့်လာခဲ့ပါ တယ်။
စမတ်ဖုန်းနဲ့တက်ဘလက်များဟာ ကမ္ဘာအနှံ့မှာတွင်ကျယ်စွာ အသုံးပြုလာ ကြပါတယ်။
Android ဟာအခြားပလက်ဖောင်းများထက် လူများစွာကို အသုံးတော်ခံလာပါတယ်။ Google
က Android ကိုအသုံးပြုချင်တဲ့ Hardware Developer တိုင်းကို
ပံ့ပိုးပေးထားတဲ့အတွက်ဈေးနှုန်းမျိုးစုံနဲ့ ဖုန်းများ၊ တက်ဘလက်များကိုရရှိနိုင်တာပါ။ တန်ဖိုးနည်း Device များမှာသာမက စွမ်းဆောင်ရည်မြင့် Device များမှာပါ Android ဟာ မောင်းနှင်နိုင်ပြီး အသုံးပြုရတာချင်းလည်းတူညီကြ ပါတယ်။ Google Play ကနေApps သန်းပေါင်း များစွာရရှိနိုင်ခြင်း၊ ဒတ်စတော့မှာလိုပဲ Android မှာလည်းအလုပ်ကောင်းစွာလုပ်နိုင်တဲ့
ဝန်ဆောင်မှုများစွာရှိတဲ့ အတွက် Android မောင်းနှင်တဲ့ဖုန်း၊
တက်ဘလက်များရဲ့ စွမ်းရည်ဟာ ကန့်သတ်ချက်မရှိပါဘူး။ Google Music ကို Android
Device မှာ ကောင်းစွာအသုံးပြုနိုင်ပြီး Photos ၀န်ဆောင်မှုကိုကလည်း ထိုနည်းတူ ပါပဲ။ အခြား Google Services အားလုံးမှာဒတ်စတော့Apps များရဲ့ စွမ်းဆောင်ချက်အားလုံးပါတဲ့ Android
Apps များရှိကြပါတယ်။ Gmail, Chrome Books, Movies & TV, YouTube,
Hangouts, Newsstand နဲ့အခြားဝန်ဆောင်မှု များအတွက်Google ကApps
များကိုထုတ်လုပ်ပေး ထားပြီးတစ်ခုချင်းစီကအဓိကGo ogle
Web Services များနဲ့User Data များကိုမျှဝေနေကြပါတယ်။ Google Now
ဟာEvents များကိုအသိ ပေးနိုင်ခြင်း၊ လိုအပ်တဲ့ အချိန်မှာအချိန်ကိုက်
သတင်းအချက်အလက်များ ကိုပံ့ပိုးပေးနိုင်ခြင်းတို့ ကို ပြုလုပ်ပေးနိုင်တဲ့အတွက် မိုဘိုင်းဖုန်း နဲ့ပတ်သက် ရင် Google Now ဟာအကောင်းဆုံးဥပမာတစ်ခုဖြစ် ပါတယ်။
Maps App နဲ့သက်ဆိုင်တဲ့ဝန်ဆောင် မှုများကလည်း နောက်ထပ်ဥပမာတစ်ခုပါ။ Google
Music ကလည်း ထိုနည်းတူပါပဲ။ Android ဟာသာမန် Operating System
တစ်ခုမဟုတ်ဘဲ Apps နဲ့ Google Services များပေါင်းစည်းထားတာဖြစ်ပါတ ယ်။ Hardware နဲ့ ပေါင်းစပ်လိုက်ရင် အကန့်အသတ်မရှိတဲ့စွမ်းရည်မျိုးကို
ပေးစွမ်းနိုင်ပါတယ်။ မိုဘိုင်းဟာဒတ်စ တော့ဈေးကွက်နဲ့ Web ကို
နောက်ကောက်ချနိုင်ပြီး အရေးကြီးတဲ့ အနေအထားဖြစ်လာချိန်မှာ Android ဟာ
အနာဂတ်မှာလည်းသူ့ရဲ့ နံပါတ် တစ်နေရာကိုဆုပ်ကိုင်ထားမြှာ ဖစ်ပါတယ်။ Android ရဲ့ Modern ခေတ်ကိုလေ့ လာကြည့်ရအောင် . . . . . .
<Android Everywhere>
Android ရဲ့ Extension ဟာစမတ်ဖုန်းရဲ့ သယ်ဆောင်သွားနိုင်တဲ့ ဂုဏ်သတ္တိကိုရယူထားပြီး လက်ကောက် ၀တ်ကနေအရေးအကြီးဆုံး စွမ်းဆောင်ချက်များကို ရယူနိုင်စေဖို့အတွက် သေးငယ်အောင်ပြုလုပ်ပေး ထားပါ တယ်။ Android Wear Device ဟာဝတ်ဆင်ထားချိန်မှာနာရီလို အသုံးပြုနိုင်ပြီး ပါဝါအနည်းငယ်ဖြင့် အချိန်ကို ပြသပေးနိုင်ပါတယ်။ ဒါပေမယ့်သူတို့ဟာ ဒီထက်ပိုပြီးလုပ်နိုင်ပါတယ် ။ Emails, Messages, Notifications အသစ်များကို စမတ်နာရီထံသို့ချက်ချင်းပို့ ဆောင်ပေးနိုင်
ပါတယ်။ နှလုံးခုန်နှုန်းနဲ့ လေ့ကျင့်ခန်းပြုလုပ်စဉ်မှာ ခြေလှမ်းများကို
တိုင်းတာပေးနိုင်ပါတယ်။ ရာသီဥတုကိုကြည့်ရှုခြင်း၊ လေယာဉ်ခရီးစဉ်များ
ကိုရှာဖွေခြင်း၊ မြေပုံမှာ တည်နေရာရှာဖွေခြင်းအပြင် အခြားအလုပ်များစွာ ကို
ပြုလုပ်ဖို့အတွက်ဖုန်းကိုထိ စရာတောင်မလိုပါဘူး။ အကျိုး ကျေးဇူးတွေ က ဒီမှာတင်မပြီးသေးပါဘူး။ ပင်မ Android Operating System မှာလိုပဲထုတ်လုပ်သူများစွာက အသုံးပြုနေကြပြီးအခုဆိုရင်စ တိုင်မျိုးစုံနဲ့ Android Wear Watch များကိုဝယ်ယူနိုင်ပါပြီ။
<Far Far a day>
Android ရဲ့အစောပိုင်းနေ့များမှာတော iPhone တွေဟာ လျှမ်းလျှမ်းတောက် နာမည်ကြီးနေချိန်ပါပဲ။iPhon e ဟာTreo 650 နဲ့အခြား Smart Device များလိုသမားရိုးကျဖုန်းများ ကို အစောဆုံးဝယ်ယူ သူများကို ဆွဲဆောင် ခဲ့ပါတယ်။ ဈေးကွက်မှာလူများစွာနှစ်သက်ဖို့အတွက် ချဉ်းကပ်မှုအသစ်လိုအပ်တယ်ဆို တာ ထင်ရှားပြီး Android ဟာ အဲဒီအချိန် ကချဉ်းကပ်မှုအသစ်ကို လျင်မြန်စွာတီထွင်ကြံဆနိုင် ခဲ့ပါတယ်။ မျက်နှာပြင် များပါတဲ့ဖုန်းများကို Hardware Key-board ပါတဲ့သမားရိုးကျ ဖုန်းများနဲ့ အတူ ထုတ်လုပ်ခဲ့ပေမယ့်အမှန် အတိုင်းသုံးသပ်ရရင် အစောပိုင်းဗားရှင်း များဟာစမ်းသပ်ခံအဆင့်ပဲရှိပါတယ်။
စွမ်းဆောင်ရည်မြင့်မားတဲ့ဆော့ဝဲ ကို ဖန်တီးဖို့စွမ်းရည်မရှိခြင်းနဲ့ ထိုအချိန်က နှေးကွေးတဲ့မိုဘိုင်းကွန်ရက် ကိုသာ ရရှိခြင်းက iPhone လိုပဲစွမ်းဆောင်ချက်များကို ကန့်သတ်ထား တာဖြစ်ပါ တယ်။ Google ကငွေကြေးနဲ့အရင်းအမြစ်များကို အလွန်အကျွံမြှုပ်နှံခဲ့ပြီး အချိန်တိုအတွင်းမှာ Android ရဲ့အစောပိုင်းဗားရှင်းများဟာသိသာစွာ တဖြည်းဖြည်းတိုးတက်လာပါတယ်။ ဒီချဉ်းကပ်မှုက HTC, LG တို့လို စမတ်ဖုန်းထုတ်လုပ်သူများရဲ့ စိတ်ဝင်စားမှုကိုရရှိစေခဲ့ပြီးAndroid တော်လှန်ရေးစတင်ခဲ့ပါတယ်။
<Android Tablets>
အစောပိုင်းမှာတော့ Android Tablets များဟာရရှိနိုင်တဲ့ Apps များနဲ့အဆင်ပြေမှုအပိုင်းမှာ ရုန်းကန်ခဲ့ရပါတယ်။
Apps များစွာဟာကြီးမား တဲ့မျက်နှာပြင်နဲ့ အံဝင်အောင်ပြုလုပ်ထားပြီး
ဒါဟာအသုံးဝင်မှုအပိုင်းမှာ စိုးရိမ် စရာတွေ ရှိလာပေမယ့် App Developers
များဟာ Android Tablets များအတွက် အဆင်ပြေပြီးအသုံးဝင်မယ့် Apps
များကိုဖန်တီး လာကြပါတယ်။ Samsung နဲ့အခြားထုတ်လုပ်သူများကလည်း တက်ဘလက် များကိုအပြိုင်အဆိုင် ထုတ်လုပ်လာကြပြီးအခုဆိုရင်ေ တာ့ Mobile Computer များပြုလုပ်နိုင်တဲ့အဆီး အတားများကိုဖယ်ရှားနိုင် တဲ့တက်ဘလက်များစွာကိုဝယ်ယူနိုင် ပါပြီ။ သယ်ဆောင်ရလွယ်ကူပြီး စွမ်းရည်ပြည့်တဲ့ကွန်ပျူတာကိုအလိုရှိရင် Android Tablets ကို ရွေးချယ် ပါ။
<Chromebook>
Virusesနဲ့Malware များရဲ့ရန်ကနေအမြဲတမ်းကာကွယ်ပေးထားပြီး
ဘယ်တော့မှ Update ပြုလုပ်စရာမလိုတဲ့ Operating System တစ်ခု
ကိုစဉ်းစားကြည့်ပါ။ Log In ပြုလုပ်လိုက်တာနဲ့ Google Service
များအားလုံးကို အသုံးပြုနိုင်ပြီး အတူတကွအလုပ်လုပ်နိုင်တဲ့အခမဲ့ Apps ထောင်ပေါင်းများစွာကို ဒေါင်းလုပ်လုပ်နိုင်မယ်လို့ စဉ်း စားကြည့်ပါ။ စွမ်းဆောင်ရည်မြင့်မားပြီးပျမ်းမျှလက်တော့နဲ့ ဒတ်စတော့ကွန်ပျူတာများ ထက်ဈေးနှုန်းနည်းပါးတဲ့ ကွန်ပျူတာမျိုးရှိရင်အဆင်ြေ ပမှာပါ။ ပါဝါအမြဲ တမ်းဖွင့်ထားနိုင်ပြီးတန်ဖိုး နည်းအမျိုးအစားကနေတန်ဖိုး ကြီး အမျိုးအစား အထိရွေးချယ်ခွင့်ရှိရင်ကောင်းမွန်မှာပါ။ဒါတွေအားလုံးဟာ စိတ်ကူးယဉ်မဟုတ်ဘဲ Chromebooks များကို မောင်းနှင်နေတဲ့ Chrome OS မှာအသုံးပြုနိုင်ပါတယ်။
<Google Phone>
Nexus Phones များမှာအပိုApps နဲ့စွမ်းဆောင်ချက်များမပါတဲ့ ရှင်းလင်း သော Android Version ကိုအသုံးပြု ထားပါတယ်။ ထုတ်လုပ်သူအများစု ကလူများကိုပိုမိုဆွဲဆောင်နိုင်ဖို့သူတို့ရဲ့ Software နဲ့ Hardware များကို ထည့်သွင်းပြုပြင်မှုတွေပြုလု ပ်ထားကြပါတယ်။ ဒါပေမယ့်အဲဒီအပိုဆော့ဝဲနဲ့ စွမ်းဆောင်ချက်များက ဖုန်းရဲ့စွမ်း ရည်ကိုကျဆင်းတတ်ပါတယ်။
<Chromecast>
Chromecastဟာတီဗီရဲ့အနောက်ဘ က်မှာတပ်ဆင်ရတဲ့ ဈေးနှုန်း သက်သာသည့် Accessory တစ်ခုဖြစ်ပါ တယ်။ ဖုန်းနဲ့တက်ဘလက်များ မှာထက်ကြည့်ရှုဖို့ပိုမိုကော င်းမွန်ရန်အတွက်သင့်ရဲ့ Android Device ကနေရုပ် ရှင်နဲ့ ဗီဒီယိုများကိုကြိုးမဲ့နည်း ဖြင့်တီဗီထံသို့ထုတ်လွှင့်နိုင်ပါ တယ်။ Apps များမှ Cast Button ကိုနှိပ်ပြီး တီဗွီ မှာကြည့်နိုင်သလိုဂိမ်း များကိုလည်းတီဗွီမှာကစားနို င်ပါတယ်။ တီဗီကိုအသုံးမပြုတဲ့အချိန်မှာ Chromecast App ကတီဗွီမှာဓာတ်ပုံများကိုပြသ ပေးမှာပါ။ Netflix, YouTube, BT Sport နဲ့အခြားနာမည်ကြီးဝန်ဆောင်မှုများကို ထောက်ပံ့ပေးပါတယ်။ Setup လုပ်ရတာလွယ်ကူပြီးတည်ငြိမ်မှု ရှိသော သင့် Android Device အတွက် ရရှိ နိုင်တဲ့အသုံးဝင်သောAccesso ries များထဲမှတစ်ခုဖြစ်ပါတယ်။
<Android Auto>
Android Auto မှာ “OK Google” ထောက်ပံ့မှုပါလာပြီဖြစ်တဲ့အတွက်
ပါးစပ်နဲ့ပြောလိုက်တာနဲ့ အလုပ် များခိုင်းစေနိုင်ပါပြီ။ လွန်ခဲ့တဲ့ ၂ နှစ်
အကြာက ဖြန့်ချိခဲ့တဲ့ Android Auto မှာ အခြေခံစွမ်းဆောင်ချက်များ ထည့်
သွင်းပေးခဲ့ပေမယ့် “OK Google” ကို ထောက်ပံ့ပေးခြင်းမရှိခဲ့ဘဲ စကရင်
သို့မဟုတ် စတီယာရင်မှ ခလုတ်ကို နှိပ်မှသာအသုံးပြုနိုင်တာဖြ စ် ပါတယ်။ အခုလိုအသံအမိန့်ပေးစနစ်ကိုေ ထာက်ပံ့ပေးလိုက်ခြင်းဖြင့် 
ကားမောင်းသူ များအတွက် ပိုမိုအဆင်ပြေစေမှာ ဖြစ်ပါတယ်။ Google က
ယခုထောက်ပံ့မှုကို တရားဝင်ကြေညာခြင်းမဟုတ် ပေမယ့် Android Auto
အသုံးပြုသူအချို့က အသုံးပြုနိုင်တာကိုတွေ့ရတယ် လို့ပြောပါတယ်။
Android Auto ဟာ Android Smartphone များကိုကားနဲ့ ချိတ်ဆက်၍ ဖုန်းမှ Apps
များ၊ သီချင်းများ၊ Google Maps မှ လမ်းတည်နေရာညွှန်ပြ မှုများကိုကားရဲ့
စကရင်မှာအသုံးပြုနိုင်တာဖြစ်ပါတယ်။
<Android main problem>
Android စနစ်သည် Google က မွေးဖွားဖန်တီးခဲ့သော OS တစ်ခုဖြစ်ပြီး Open Source အမျိုးအစား ဖြစ်စေ ကာမူမည်သူမဆိုအလိုရှိသလို ယူငင်သုံးစွဲ၍ရသော အများပိုင်ပစ္စည်းအဖြစ်ယူဆထား၍မရပါ။ ရှင်းရှင်း ပြောရ လျှင် Google ကုမ္ပဏီသည် ၎င်းတို့၏ Android စနစ်အား အခြားသောနည်းပညာကုမ္ပဏီများနှင့် စမတ်ဖုန်း ထုတ်လုပ်သူများက အမျိုးမျိုးလှည့်ပတ်ဆော့ကစားနေသည်ကို
နှစ်သက်ခြင်းမရှိပေ။ ထို့ကြောင့်လည်း Android Ecosystem နှင့်ပတ်သက်ပြီး
တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများ၊ လိုအပ်ချက်များကို ချမှတ်ထား
ခဲ့ပြီးဖြစ်လေ သည်။ ဥပမာအားဖြင့် Google Play ကဲ့သို့ App Store မျိုးဖြင့်
Android ၏ အခွင့်အရေးများကို ထိန်း ချုပ်ထားခဲ့ခြင်းဖြစ်သည်။ OEM ကုမ္ပဏီ
တစ်ခု အနေဖြင့် Android သို့မဟုတ် သက်ဆိုင်သည့်ဆော့ဝဲတစ်ခုခု ရရှိရန်အတွက်
Google Play ကို install လုပ်လိုသည့်အခါ Google
၏အခြားသောဆော့ဝဲမျိုးစုံကို ပါ တစ်ပြိုင် နက်တည်းရယူရန် သတ်မှတ်ချက် ထုတ်ပြန်ခဲ့ပြီးသားဖြစ်သည်။ ထို့အပြင် Android OS စနစ်နှင့်ပတ်သက်၍ အဆင့်မြှင့်တင်မှုများခွင့်ြ ပုပေးရာတွင်လည်း
စမတ်ဖုန်းထုတ်လုပ်သူနှင့် OEM များအား အတိုင်းအတာတစ်ခု အထိသာ
ခွင့်ပြုပေးထားခဲ့လေသည်။ အခြားကုမ္ပဏီများအနေဖြင့် Android OS ကို
ကွဲပြားခြားနားစွာပြုပြင် မွမ်းမံနိုင်ရေးကိုတော့ Google က ခွင့်ပြုလိမ့်
မည် မဟုတ်ချေ။
<Future of Android>
Android ကိုစမတ်ဖုန်းပလက်ဖောင်းတစ်ခုအဖြစ်ကြည့်မြင်နိုင်ပေမယ့် လည်း Google ရဲ့ Web Connectivity အပိုင်းမှာကျွမ်းကျင်မှုနဲ့တ စ်စု တစ်စည်းတည်းအနေဖြင့် Device များစွာကိုချိတ်ဆက်နိုင်တဲ့ အွန်လိုင်း ၀န်ဆောင် မှုများကြောင့် စောင့်မျှော်စရာတွေအများကြီးရှိနေပါတယ်။ Accessory တစ်ခုကိုအသုံးပြုခြင်းဖြင့် သင့်ရဲ့ရုပ်ရှင်နဲ့ ဓာတ်ပုံများကို တီဗီထံပေးပို့နိုင်နေပြီဖြစ်ပြီးကားမောင်းနေစဉ်မှာလည်း Android Device ကိုပြီးပြည့်စုံတဲ့ဖျော် ဖြေရေးကိရိယာအဖြစ်အသုံးပြုလို့ရလာတော့
မှာဖြစ်ပါတယ်။ Android ဟာ iPhone (Mac OS), Windows Phone (Windows)
တို့လို Desktop Operating System နဲ့တိုက်ရိုက် ပတ်သက်ခြင်း မရှိပါဘူး။
ဒါပေမယ့် အဲဒါကတကယ့်အကျိုးကျေးဇူးပါ။ သီးခြားပလက်ဖောင်းအဖြစ်ရပ်တ ည်နိုင်ပြီး
အတားအဆီးလည်းနည်းပါးပါ တယ်။ ထုတ်လုပ်သူများက Android Platform
နဲ့အလုပ်လုပ်မယ့် Devices, Accessories များကိုပိုလို့တောင်
ထုတ်လုပ်ကြဦးမှာပါ။ အလင်းရောင်ကနေအပူနဲ့ Drones များအထိအရာတိုင်းဟာ
Android နဲ့အလုပ်လုပ်နိုင် မှာဖြစ်ပြီး Google ကအဲဒီစီမံကိန်းအများစုရဲ့
အသည်းနှလုံး နေရာကနေပါဝင်ကောင်းပါဝင်မှာ ဖြစ်ပါတယ်။
<Android O Beta>
Google က သူ့ရဲ့ I/ O
ပွဲမှာ Android O ရဲ့ စွမ်းဆောင်ချက်များကို မိတ်ဆက်လိုက်ပါတယ်။ Android O
မှာ ဘက်ထရီ သက်တမ်း၊ လုံခြုံရေး၊ Boot တက်ချိန်လျင်မြန်မှုနဲ့
တည်ငြိမ်မှုများကို အဓိကထား ဖန်တီးထား တယ်လို့ ပြောပါတယ်။ လုံခြုံရေး
စွမ်းဆောင်ချက်အနေဖြင့် Google Play Protect အမည်ရ စွမ်းဆောင်ချက် အသစ်ကို
ထည့်ပေးလိုက်ပါတယ်။ Google က Play Store မှ Apps များကို
ဗိုင်းရပ်စ်စစ်ဆေးခြင်းအား ယခင် ကတည်းက ပြုလုပ်ပေးခဲ့ပါတယ်။ အခုတော့
သင့်ဖုန်းမှ Play Store မှာ Apps များကို စစ်ဆေးတဲ့အချိန်ကို ပြသပေးမှာ
ဖြစ်ပါတယ်။ Boot တက်ချိန်ဟာလည်း နှစ်ဆပိုမိုလျင်မြန်လာပြီး Apps
များရဲ့အလုပ် လုပ်မှုဟာ လည်း အရင်ကထက်လျင်မြန်လာပါတယ်။ နောက်ကွယ်မှ
တည်နေရာခြေရာခံမှုများနဲ့ App များကို ကန့်သတ် ခြင်းဖြင့် ဘက်ထရီ သက်တမ်းကို
တိုးမြှင့်ပေးတဲ့ စွမ်းရည်လည်း ပါလာပါတယ်။ App Notification များကို အိုင်
ကွန်မှာ အစက်ဖြင့် ပြသပေးတဲ့ စွမ်းရည်ပါ လာပေမယ့် iOS မှာလို အရေအတွက်ကို
မပြသပါဘူး။ အိုင်ကွန်ကို ဖိထားခြင်းဖြင့် Notification ကိုကြည့်နိုင်ပါတယ်။
Chrome မှာ သာမက Apps များမှာ Username, Password များကို
အလိုအလျှောက်ဖြည့်ပေး တဲ့ စွမ်းရည်ပါလာပါတယ်။ App တစ်ခုရဲ့ Notification
များကို Channels များဖြင့် ခွဲခြားထားပြီး နှစ်သက်တဲ့ Channels ကိုသာ
ပြသပေးအောင် ရွေးချယ်နိုင်ပါပြီ။ O က ဖုန်းနံပါတ်များ၊
နေရပ်လိပ်စာများကိုသိရှိပြီး အဲဒီအပေါ်ကို နှစ်ချက်နှိပ်လိုက်တာနဲ့ Select
လုပ်ပေးမှာဖြစ်ပါတယ်။ O ရဲ့ အဓိက စွမ်းရည်တစ်ခုမှာ ဖုန်းထုတ်လုပ်သူများက
များစွာပြင်ဆင် စရာမလိုဘဲ Android Update ကို သူတို့ရဲ့ ဖုန်းများ မှာ
လျင်မြန်စွာ ထည့်သွင်းပေးနိုင်ခြင်း ဖြစ်ပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
<Android Everywhere>
Android ရဲ့ Extension ဟာစမတ်ဖုန်းရဲ့ သယ်ဆောင်သွားနိုင်တဲ့ ဂုဏ်သတ္တိကိုရယူထားပြီး လက်ကောက် ၀တ်ကနေအရေးအကြီးဆုံး စွမ်းဆောင်ချက်များကို ရယူနိုင်စေဖို့အတွက် သေးငယ်အောင်ပြုလုပ်ပေး ထားပါ တယ်။ Android Wear Device ဟာဝတ်ဆင်ထားချိန်မှာနာရီလို
<Far Far a day>
Android ရဲ့အစောပိုင်းနေ့များမှာတော
စွမ်းဆောင်ရည်မြင့်မားတဲ့ဆေ
<Android Tablets>
အစောပိုင်းမှာတော့ Android Tablets များဟာရရှိနိုင်တဲ့ Apps များနဲ့အဆင်ပြေမှုအပိုင်းမှာ
<Chromebook>
Virusesနဲ့Malware များရဲ့ရန်ကနေအမြဲတမ်းကာကွယ
<Google Phone>
Nexus Phones များမှာအပိုApps နဲ့စွမ်းဆောင်ချက်များမပါတဲ
<Chromecast>
Chromecastဟာတီဗီရဲ့အနောက်ဘ
<Android Auto>
Android Auto မှာ “OK Google” ထောက်ပံ့မှုပါလာပြီဖြစ်တဲ့အတ
<Android main problem>
Android စနစ်သည် Google က မွေးဖွားဖန်တီးခဲ့သော OS တစ်ခုဖြစ်ပြီး Open Source အမျိုးအစား ဖြစ်စေ ကာမူမည်သူမဆိုအလိုရှိသလို ယူငင်သုံးစွဲ၍ရသော အများပိုင်ပစ္စည်းအဖြစ်ယူဆထာ
<Future of Android>
Android ကိုစမတ်ဖုန်းပလက်ဖောင်းတစ်ခ
<Android O Beta>
Google က သူ့ရဲ့ I/
Mobile Guide Journal (Every Monday)
https://www.facebook.com/