8/17/2017

♪ “LG က V30 ရဲ့ software စွမ်းဆောင်ချက်များကိုမိတ်ဆက်” ♫

No automatic alt text available.

LG က မကြာခင်မှာမိတ်ဆက်တော့မယ့် စွမ်းဆောင်ရည်မြင့် V30 စမတ်ဖုန်းရဲ့ ဆော့ဖ်ဝဲ စွမ်းဆောင်ချက် များကိုအကြို မိတ်ဆက်လိုက်ပါ တယ်။ အဲဒီစမတ်ဖုန်းမှာ LG ရဲ့ Android Skin Version 6 ကိုထည့်သွင်း ထားမှာ ဖြစ်ပါတယ်။ LG က V30 ရဲ့ အထက်မှ မျက်နှာပြင်ငယ်မှာ ဖန်ရှင်များကို လျင်မြန်စွာအသုံးပြုနိုင်မယ့် Floating Bar တစ်ခုပါမယ်လို့ အတည်ပြုလိုက်ပါတယ်။ အဲဒီ Floating Bar ဟာအသုံးမပြုချိန်မှာ ညာဘက်ခြမ်းမှာဖွက်ထားပေးမှာပါ။

V30 ရဲ့ Always-on Display စွမ်းဆောင်ချက်မှာလည်း Customization Options အသစ်များပါလာမှာ ဖြစ်ပါတယ်။ Always-on Display မှာ နာရီအပြင် Music Player , Picture နဲ့ Floating Tools များကို ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ စမတ်ဖုန်းမှာစကရင် ဖွင့်ထားခြင်း မရှိဘဲပိုင်ရှင်ရဲ့ မျက်နှာ၊ အသံများဖြင့် Unlock လုပ်နိုင်မှာ ဖြစ်ပါတယ်။ အသံဖြင့် Unlock ပြုလုပ်တဲ့ နည်းစနစ်ဟာ Qualcomm Aqstic Voice UI နည်းပညာကိုအသုံးပြု၍ User ကြိုတင်သတ်မှတ်ထားတဲ့ စကားစုကို ပြောကြားခြင်းဖြင့် Unlock လုပ်ရတာ ဖြစ်ပြီးထူးခြားဆန်းသစ်ပါတယ်။

LG V30 ရဲ့ သတင်းများဟာလည်းပေါက်ကြားထွက်ပေါ်နေပါတယ်။ LG က V30 နဲ့အတူ V30 Plus ကိုလည်းမိတ်ဆက်မယ်လို့ သတင်းထွက် နေပါတယ်။ ဒါ့အပြင် V30 ရဲ့ ကင်မရာဟာ အကြည်လင်ဆုံးစမတ်ဖုန်း ကင်မရာ ဖြစ်မယ်လို့ သိရပါတယ်။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com