8/01/2017

♪ “တန်ဖိုးနည်းအရွယ်ကြီးစမတ်ဖုန်း Lenovo K7 Note လာတော့မည်” ♫

Image may contain: phone and text

Xiaomi Redmi Note Series များဟာတန်ဖိုးနည်းအရွယ်ကြီး စွမ်းဆောင်ရည်သင့် စမတ်ဖုန်းများ ဖြစ်ကြပြီး Lenovo က ရှောင်မီရဲ့ အဲဒီစမတ်ဖုန်းများကိုယှဉ်ပြိုင်တဲ့ Note Series များကိုထုတ်လုပ် ရောင်းချပေးနေပါတယ်။ အခုတော့ Lenovo ရဲ့ နောက်မျိုးဆက် Note Series စမတ်ဖုန်ုးအသစ်တစ်လုံးကိုမကြာမီ မြင်ကြရတော့မှာ ဖြစ်ပါ တယ်။

Lenovo K7 Note ဖြစ်နိုင်ပြီးအဲဒီစမတ်ဖုန်းရဲ့ သတင်းအချက်အလက် အချို့ကို Lenovo က သူ့ရဲ့ အိန္ဒိယ Facebook အကောင့်ကနေဖော်ပြ ထားပါတယ်။ Lenovo ရဲ့ Facebook အကောင့်မှာ ပြသထားတဲ့ ဗီဒီယိုအရနောက်ထုတ်မယ့် K7 Note မှာစွမ်းဆောင်ရည်ကောင်းတဲ့ Chipset ကိုထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အဲဒီ Chipset ဟာ MediatekHelio X20 သို့မဟုတ် Qualcomm Snapdragon 625 နဲ့ 652 တို့ဖြစ်နိုင်ပါတယ်။

Lenovo K7 Note ရဲ့ Specifications အချို့ကိုစမတ်ဖုန်းများရဲ့ စွမ်းဆောင်ရည်ကိုအကဲဖြတ်တဲ့ Geekbench ၀က်ဆိုက်မှာဖော်ပြ ထားချက်အရအဲဒီစမတ်ဖုန်းမှာAndroid 7.1 Nougat မောင်းနှင်မှာ ဖြစ်ပါတယ်။4GB RAM ထည့်သွင်းထားမယ်လို့ သိရပါတယ်။ဒါပေမယ့် K6 Note ကို 3GB နဲ့ 4GB RAM Models များထုတ်လုပ်ပေးခဲ့တဲ့အတွက် K7 Note အတွက်လည်းအဲဒီမော်ဒယ်များထုတ်လုပ်ပေးနိုင်ပါတယ်။အခြား Specifications များကိုတော့ Geekbench က မပြသထားပါဘူး။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com